ကရင္ျပည္နယ္တြင္ အိမ္ေထာင္စုေပါင္း ၁၆၁၀ ကို ေရေဘးသင့္ကယ္ဆယ္ေရးစခန္း ၃၂ ခုတြင္ ေရႊ႕ေျပာင္းေပးထားရ

ကရင္ျပည္နယ္တြင္ အိမ္ေထာင္စုေပါင္း ၁၆၁၀ ကို ေရေဘးသင့္ကယ္ဆယ္ေရးစခန္း ၃၂ ခုတြင္ ေရႊ႕ေျပာင္းေပးထားရ
ဇူလိုင် 24, 2018
By 🌸
ကရင္ျပည္နယ္တြင္ မိုးအဆက္မျပတ္ရြာသြန္းၿပီး ျမစ္ေရ၊ေခ်ာင္းေရျမင့္တက္မႈေၾကာင့္ ေရေဘးသင့္ ကယ္ဆယ္ေရးစခန္း (၃၂)ခုဖြင့္လွစ္ထားရၿပီး အိမ္ေထာင္စုေပါင္း (၁၆၁၀)မွာ ေရေဘးတိမ္းေရွာင္ေနရေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၂၄)ရက္ေန႔ သတင္းေဖၚျပခ်က္မ်ားအရ သိရသည္။

ကရင္ျပည္နယ္အတြင္း ဘားအံၿမိဳ႕နယ္တြင္ ကယ္ဆယ္ေရးစခန္း (၆)ခု၌ အိမ္ေထာင္စု (၄၈၁)စု၊ လႈိင္းဘြဲၿမိဳ႕နယ္တြင္ ကယ္ဆယ္ေရးစခန္း (၁၂) ခု၌ အိမ္ေထာင္စု (၃၂၁) စု၊ ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ ကယ္ဆယ္ေရးစခန္း (၂)ခု၌ အိမ္ေထာင္စု (၆၅) စု၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တြင္ ကယ္ဆယ္ေရးစခန္း (၂)ခု၌ အိမ္ေထာင္စု (၁၂၂) စု၊ ျမဝတီၿမိဳ႕နယ္တြင္ ကယ္ဆယ္ေရးစခန္း(၁၀)ခု၌ အိမ္ေထာင္စု (၆၂၁)စုတို႔ကို ေရႊ႕ေျပာင္းေပးထားေၾကာင္း သိရသည္။

အဆိုပါကယ္ဆယ္ေရးစခန္းမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ စားနပ္ရိကၡာလိုအပ္ခ်က္တို႔အတြက္ ျပည္နယ္အစိုးရအဖြဲ႕က ေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။

ဓါတ္ပံု - MOI

~~~~~~~~⊰❂ unicode ~~~~~~~~
ကရင်ပြည်နယ်တွင် အိမ်ထောင်စုပေါင်း ၁၆၁၀ ကို ရေဘေးသင့်ကယ်ဆယ်ရေးစခန်း ၃၂ ခုတွင် ရွှေ့ပြောင်းပေးထားရ
*************
ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေ၊ချောင်းရေမြင့်တက်မှုကြောင့် ရေဘေးသင့် ကယ်ဆယ်ရေးစခန်း (၃၂)ခုဖွင့်လှစ်ထားရပြီး အိမ်ထောင်စုပေါင်း (၁၆၁၀)မှာ ရေဘေးတိမ်းရှောင်နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ သတင်းဖေါ်ပြချက်များအရ သိရသည်။

ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၆)ခု၌ အိမ်ထောင်စု (၄၈၁)စု၊ လှိုင်းဘွဲမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၁၂) ခု၌ အိမ်ထောင်စု (၃၂၁) စု၊ ကော့ကရိတ်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၂)ခု၌ အိမ်ထောင်စု (၆၅) စု၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၂)ခု၌ အိမ်ထောင်စု (၁၂၂) စု၊ မြဝတီမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း(၁၀)ခု၌ အိမ်ထောင်စု (၆၂၁)စုတို့ကို ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

အဆိုပါကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာလိုအပ်ချက်တို့အတွက် ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ဓါတ်ပုံ - MOI

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~