က်ိဳင္းတံုၿမိဳ႕နယ္ ဝမ္ငုတ္ေက်းရြာ လယ္ေစာင့္တဲအတြင္းမွ မူးယစ္ေဆးမ်ားႏွင့္ လုပ္ေသနတ္ ၂ လက္ဖမ္းဆီးရမိ

က်ိဳင္းတံုၿမိဳ႕နယ္ ဝမ္ငုတ္ေက်းရြာ လယ္ေစာင့္တဲအတြင္းမွ မူးယစ္ေဆးမ်ားႏွင့္ လုပ္ေသနတ္ ၂ လက္ဖမ္းဆီးရမိ
ဇူလိုင် 18, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း)  က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းလန္းေက်းရြာအုပ္စု၊ ဝမ္ငုတ္ေက်းရြာအနီးတြင္ မူးယစ္ေဆးေရာင္းဝယ္ေၾကာင္း သတင္းရသည့္ လယ္ေစာင့္တဲအား ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပားမ်ား၊ ဘိန္းစိမ္း၊ တူမီးလုပ္ေသနတ္(၂)လက္ႏွင့္ အမ်ိဳးသား(၃)ဦး၊ အမ်ိဳးသမီး(၁)ဦးတုိ႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႕ဝင္မ်ား၊ သက္ေသမ်ားပါဝင္သည့္အဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၇)ရက္ေန႔ နံနက္(၆)နာရီခြဲဝန္းက်င္တြင္ ဝမ္ငုတ္ေက်းရြာအေနာက္ဘက္ရိွ လယ္ေစာင့္တဲအား ဝင္ေရာက္စစ္ေဆးရာ လယ္ေစာင့္တဲပိုင္ရွင္ အားေထ၊ ဇနီးျဖစ္သူ မီဖယ္ႏွင့္ သားျဖစ္သူ အားခ်ဴအျပင္ မူးယစ္ေဆးဝယ္ယူရန္ ေရာက္ေနသည့္ အားဆက္တုိ႔အား ေတြ႔ရေၾကာင္း သိရသည္။

တဲအတြင္းရွာေဖြရာ စိတ္ၾကြေဆးျပားစုစုေပါင္း (၇၃၆၃)ျပား၊ ဘိန္းစိမ္း (၁)ကီလိုဂရမ္ခန္႔၊ တူမီးလုပ္ေသနတ္အတို (၂)လက္တို႔ကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ား၊ လက္နက္တုိ႔ႏွင့္အတူ ဖမ္းဆီးရမိသည့္ အားေထ၊ မီဖယ္၊ အားခ်ဴႏွင့္ အားဆက္တုိ႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၂၇/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ တို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့နယ် ဝမ်ငုတ်ကျေးရွာ လယ်စောင့်တဲအတွင်းမှ မူးယစ်ဆေးများနှင့် လုပ်သေနတ် ၂ လက်ဖမ်းဆီးရမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ကျိုင်းတုံမြို့နယ်၊ မိုင်းလန်းကျေးရွာအုပ်စု၊ ဝမ်ငုတ်ကျေးရွာအနီးတွင် မူးယစ်ဆေးရောင်းဝယ်ကြောင်း သတင်းရသည့် လယ်စောင့်တဲအား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြားများ၊ ဘိန်းစိမ်း၊ တူမီးလုပ်သေနတ်(၂)လက်နှင့် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦးတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ သက်သေများပါဝင်သည့်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့ နံနက်(၆)နာရီခွဲဝန်းကျင်တွင် ဝမ်ငုတ်ကျေးရွာအနောက်ဘက်ရှိ လယ်စောင့်တဲအား ဝင်ရောက်စစ်ဆေးရာ လယ်စောင့်တဲပိုင်ရှင် အားထေ၊ ဇနီးဖြစ်သူ မီဖယ်နှင့် သားဖြစ်သူ အားချူအပြင် မူးယစ်ဆေးဝယ်ယူရန် ရောက်နေသည့် အားဆက်တို့အား တွေ့ရကြောင်း သိရသည်။

တဲအတွင်းရှာဖွေရာ စိတ်ကြွဆေးပြားစုစုပေါင်း (၇၃၆၃)ပြား၊ ဘိန်းစိမ်း (၁)ကီလိုဂရမ်ခန့်၊ တူမီးလုပ်သေနတ်အတို (၂)လက်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးများ၊ လက်နက်တို့နှင့်အတူ ဖမ်းဆီးရမိသည့် အားထေ၊ မီဖယ်၊ အားချူနှင့် အားဆက်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၂၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~