က်ိဳင္းတံု စစ္ေဆးရံုမွသူနာျပဳတစ္ဦးကို စိတ္ၾကြေဆးျပား ၉ ျပားျဖင့္ဖမ္းမိ၍ တပ္မေတာ္သို႔ လႊဲေျပာင္းေပးထား

က်ိဳင္းတံု စစ္ေဆးရံုမွသူနာျပဳတစ္ဦးကို စိတ္ၾကြေဆးျပား ၉ ျပားျဖင့္ဖမ္းမိ၍ တပ္မေတာ္သို႔ လႊဲေျပာင္းေပးထား
ဇူလိုင် 15, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ရိွ အမွတ္(၃) တပ္မေတာ္စစ္ေဆးရံု (ကုတင္ ၃၀၀)မွ အထက္တန္း သူနာျပဳတစ္ဦးအား စိတ္ၾကြေဆးျပား (၉)ျပားျဖင့္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၃)ရက္ေန႔တြင္ ဖမ္းဆီးရမိရာ ရဲတပ္ဖြဲ႕က ဇူလုိင္လ (၁၄)ရက္ေန႔၌ တပ္မေတာ္ တာဝန္ရိွသူမ်ားထံ လႊဲေျပာင္းေပးလိုက္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕၊ ေနာင္ကုန္အုပ္စု၊ ယန္းလွရြာ က်ိဳင္းတံု - မုိင္းလား ကားလမ္းေပၚ၌ ဇူလုိင္လ (၁၃)ရက္ေန႔ ည (၁၀)နာရီခြဲဝန္းက်င္တြင္ ရဲတပ္ဖြဲ႕ႏွင့္သက္ေသမ်ားပါသည့္ပူးေပါင္းအဖြဲ႕က စစ္ေဆးေနစဥ္ ေဖြးဟုန္ရြာဘက္မွ က်ိဳင္းတံုၿမိဳ႕တြင္းဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားတစ္ဦးအား စစ္ေဆးရွာေဖြရာ စိတ္ၾကြေဆးျပား (၉)ျပားကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေက်ာ္ဇင္ဝင္းအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၂၁/၂၀၁၈ ၊မူး/စိတ္ပုဒ္မ ၁၆(၈)ျဖင့္ အမႈဖြင့္စစ္ေဆးရာ တပ္မေတာ္မွျဖစ္ေၾကာင္း သိရသျဖင့္ ဇူလုိင္လ (၁၄)ရက္ေန႔တြင္ ရဲတပ္ဖြဲ႕က တပ္မေတာ္သို႔ လႊဲေျပာင္းထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံ စစ်ဆေးရုံမှသူနာပြုတစ်ဦးကို စိတ်ကြွဆေးပြား ၉ ပြားဖြင့်ဖမ်းမိ၍ တပ်မတော်သို့ လွှဲပြောင်းပေးထား
******************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အမှတ်(၃) တပ်မတော်စစ်ဆေးရုံ (ကုတင် ၃၀၀)မှ အထက်တန်း သူနာပြုတစ်ဦးအား စိတ်ကြွဆေးပြား (၉)ပြားဖြင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့တွင် ဖမ်းဆီးရမိရာ ရဲတပ်ဖွဲ့က ဇူလိုင်လ (၁၄)ရက်နေ့၌ တပ်မတော် တာဝန်ရှိသူများထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၊ နောင်ကုန်အုပ်စု၊ ယန်းလှရွာ ကျိုင်းတုံ - မိုင်းလား ကားလမ်းပေါ်၌ ဇူလိုင်လ (၁၃)ရက်နေ့ ည (၁၀)နာရီခွဲဝန်းကျင်တွင် ရဲတပ်ဖွဲ့နှင့်သက်သေများပါသည့်ပူးပေါင်းအဖွဲ့က စစ်ဆေးနေစဉ် ဖွေးဟုန်ရွာဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား (၉)ပြားကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ကျော်ဇင်ဝင်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၂၁/၂၀၁၈ ၊မူး/စိတ်ပုဒ်မ ၁၆(၈)ဖြင့် အမှုဖွင့်စစ်ဆေးရာ တပ်မတော်မှဖြစ်ကြောင်း သိရသဖြင့် ဇူလိုင်လ (၁၄)ရက်နေ့တွင် ရဲတပ်ဖွဲ့က တပ်မတော်သို့ လွှဲပြောင်းထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~