က်ိဳင္းတံု ဝမ္ကန္ရြာအနီးတြင္ စိတ္ၾကြေဆးျပား ၂၀၀၀ ႏွင့္အတူ အမ်ိဳးသားတစ္ဦးကို ဖမ္းမိ

က်ိဳင္းတံု ဝမ္ကန္ရြာအနီးတြင္ စိတ္ၾကြေဆးျပား ၂၀၀၀ ႏွင့္အတူ အမ်ိဳးသားတစ္ဦးကို ဖမ္းမိ
ဇူလိုင် 18, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း)  က်ိဳင္းတံုၿမိဳ႕ ကတ္ထုိက္ေက်းရြာအုပ္စု၊ ဝမ္ကန္ရြာအနီးတြင္ စိတ္ၾကြေဆးျပား (၂၀၀၀) ႏွင့္အတူ အမ်ိဳးသားတစ္ဦးကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၁၇)ရက္ေန႔ နံနက္ (၈)နာရီ (၁၅)မိနစ္ဝန္းက်င္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ကတ္ထိုက္ေက်းရြာအုပ္စု၊ ဝမ္ကန္ရြာအနီးလမ္းမတြင္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနစဥ္ ဝမ္ကန္ရြာဘက္မွ က်ိဳင္းတုံၿမိဳ႕တြင္းသို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ကိုရဲဆိုသူအား ရွာေဖြရာ စိတ္ၾကြေဆးျပား (၂၀၀၀)ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ စိတ္ၾကြေဆးျပားမ်ားအား ဝယ္ယူၿပီးျပန္လာစဥ္ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ကိုရဲအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၂၆/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံ ဝမ်ကန်ရွာအနီးတွင် စိတ်ကြွဆေးပြား ၂၀၀၀ နှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းမိ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ကျိုင်းတုံမြို့ ကတ်ထိုက်ကျေးရွာအုပ်စု၊ ဝမ်ကန်ရွာအနီးတွင် စိတ်ကြွဆေးပြား (၂၀၀၀) နှင့်အတူ အမျိုးသားတစ်ဦးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့ နံနက် (၈)နာရီ (၁၅)မိနစ်ဝန်းကျင်က ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကတ်ထိုက်ကျေးရွာအုပ်စု၊ ဝမ်ကန်ရွာအနီးလမ်းမတွင် စစ်ဆေးမှုများလုပ်ဆောင်နေစဉ် ဝမ်ကန်ရွာဘက်မှ ကျိုင်းတုံမြို့တွင်းသို့ ဆိုင်ကယ်မောင်းနှင်လာသည့် ကိုရဲဆိုသူအား ရှာဖွေရာ စိတ်ကြွဆေးပြား (၂၀၀၀)ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် စိတ်ကြွဆေးပြားများအား ဝယ်ယူပြီးပြန်လာစဉ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ကိုရဲအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၂၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~