အဓမၼျပဳက်င့္ရန္ ႀကံစည္မႈ၊ ၿခိမ္းေျခာက္ေငြေတာင္းခံမႈတို႔ျဖင့္ က်ိဳင္းတံုၿမိဳ႕နယ္ ပန္ဆန္းရြာမွ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးစစ္ေဆးေန

အဓမၼျပဳက်င့္ရန္ ႀကံစည္မႈ၊ ၿခိမ္းေျခာက္ေငြေတာင္းခံမႈတို႔ျဖင့္ က်ိဳင္းတံုၿမိဳ႕နယ္ ပန္ဆန္းရြာမွ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးစစ္ေဆးေန
ဇူလိုင် 24, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ ပန္ၾကဴေက်းရြာအုပ္စု၊ ပန္ဆန္း(အထက္)ရြာတြင္ အမ်ိဳးသမီးတစ္ဦး၏ေနအိမ္သို႔ဝင္ေရာက္၍ အဓမၼျပဳက်င့္ရန္ ႀကံစည္မႈ၊ ေငြၿခိမ္းေျခာက္ေတာင္းခံမႈတုိ႔ျဖင့္ အမ်ိဳးသားတစ္ဦးအား အမႈဖြင့္ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

ပန္ဆန္း(အထက္)ရြာတြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၂)ရက္ေန႔အကူး နံနက္ (၁)နာရီမထိုးမီအခ်ိန္က အမ်ိဳးသမီးတစ္ဦး၏ ေနအိမ္အိပ္ခန္းသို႔ အမ်ိဳးသားတစ္ဦးဝင္လာၿပီး အဓမၼျပဳက်င့္ရန္ ႀကံစည္စဥ္ အမ်ိဳးသမီးက ရုန္းကန္ရာ လည္ပင္းညႇစ္ထားၿပီး ပိုက္ဆံမေပးပါက အဓမၼျပဳက်င့္မည္ဟု ၿခိမ္းေျခာက္ေၾကာင္း သိရသည္။

အမ်ိဳးသမီးက ခါးတြင္လြယ္ထားသည့္အိတ္၌ ပိုက္ဆံရိွေၾကာင္းေျပာဆိုရင္း ေျခေထာက္ျဖင့္ ၾကမ္းျပင္အား အသံျမည္ေအာင္ကန္ရင္း အိမ္နီးခ်င္းမ်ားအား အကူအညီေတာင္းေအာ္ဟစ္ခဲ့ရာ အဆိုပါအမ်ိဳးသားက လြယ္အိတ္အတြင္းမွ ေငြက်ပ္(၃၀၀၀၀)ကိုယူ၍ ထြက္ေျပးသြားေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးက အဓမၼက်ဴးလြန္ရန္ႀကိဳးစားသည့္ အမ်ိဳးသား၏အသံကိုမွတ္မိၿပီး ၎မွာအုိက္ကတ္ဆိုသူျဖစ္ေၾကာင္း က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ဇူလုိင္လ(၂၃)ရက္ေန႔က အမႈဖြင့္တုိင္ၾကားသျဖင့္ (ပ) ၂၄၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁/၃၉၄ အမႈႀကီးအမွတ္စဥ္ (၆/၂၀၁၈)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
အဓမ္မပြုကျင့်ရန် ကြံစည်မှု၊ ခြိမ်းခြောက်ငွေတောင်းခံမှုတို့ဖြင့် ကျိုင်းတုံမြို့နယ် ပန်ဆန်းရွာမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ပန်ဆန်း(အထက်)ရွာတွင် အမျိုးသမီးတစ်ဦး၏နေအိမ်သို့ဝင်ရောက်၍ အဓမ္မပြုကျင့်ရန် ကြံစည်မှု၊ ငွေခြိမ်းခြောက်တောင်းခံမှုတို့ဖြင့် အမျိုးသားတစ်ဦးအား အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ပန်ဆန်း(အထက်)ရွာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့အကူး နံနက် (၁)နာရီမထိုးမီအချိန်က အမျိုးသမီးတစ်ဦး၏ နေအိမ်အိပ်ခန်းသို့ အမျိုးသားတစ်ဦးဝင်လာပြီး အဓမ္မပြုကျင့်ရန် ကြံစည်စဉ် အမျိုးသမီးက ရုန်းကန်ရာ လည်ပင်းညှစ်ထားပြီး ပိုက်ဆံမပေးပါက အဓမ္မပြုကျင့်မည်ဟု ခြိမ်းခြောက်ကြောင်း သိရသည်။

အမျိုးသမီးက ခါးတွင်လွယ်ထားသည့်အိတ်၌ ပိုက်ဆံရှိကြောင်းပြောဆိုရင်း ခြေထောက်ဖြင့် ကြမ်းပြင်အား အသံမြည်အောင်ကန်ရင်း အိမ်နီးချင်းများအား အကူအညီတောင်းအော်ဟစ်ခဲ့ရာ အဆိုပါအမျိုးသားက လွယ်အိတ်အတွင်းမှ ငွေကျပ်(၃၀၀၀၀)ကိုယူ၍ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးက အဓမ္မကျူးလွန်ရန်ကြိုးစားသည့် အမျိုးသား၏အသံကိုမှတ်မိပြီး ၎င်းမှာအိုက်ကတ်ဆိုသူဖြစ်ကြောင်း ကျိုင်းတုံမြို့မရဲစခန်းတွင် ဇူလိုင်လ(၂၃)ရက်နေ့က အမှုဖွင့်တိုင်ကြားသဖြင့် (ပ) ၂၄၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁/၃၉၄ အမှုကြီးအမှတ်စဉ် (၆/၂၀၁၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~