က်ုိင္းတံုတြင္ မူးယစ္တရားခံ တစ္ဦး၏ ထြက္ဆိုခ်က္ျဖင့္ မူးယစ္ေဆးေရာင္းခ်သူ တစ္ဦးအား ဖမ္းဆီးရမိ

က်ုိင္းတံုတြင္ မူးယစ္တရားခံ တစ္ဦး၏ ထြက္ဆိုခ်က္ျဖင့္ မူးယစ္ေဆးေရာင္းခ်သူ တစ္ဦးအား ဖမ္းဆီးရမိ
ဇူလိုင် 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ ပိုင္း) က်ိဳင္းတံုၿမိဳ႕ ယန္းေလာေက်းရြာအုပ္စု၊ ယန္းေလာေက်းရြာတြင္ မူးယစ္ေဆးေရာင္းခ်သည့္ ေနအိမ္ကို ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၁၉ ) ရက္ေန႔က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား (၁၄၆)ျပားႏွင့္အတူ  ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မူးယစ္မႈတရားခံတစ္ဦးက ယန္းေလာေက်းရြာရိွ စိုင္းႏြံတစ္၏ ေနအိမ္မွ ဝယ္ယူခဲ့ေၾကာင္း ထြက္ဆိုသျဖင့္ က်ိဳင္းတံုခရိုင္ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕ႏွင့္အတူ အဆိုပါ ေနအိမ္အား ဇူလုိင္လ(၁၉ )ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲတြင္ ဝင္ေရာက္ရွာေဖြရာ စိုင္းႏြံတစ္အား ေနအိမ္တြင္ ေတြ႔ရၿပီး ေနအိမ္အတြင္းမွ စိတ္ၾကြေဆးျပား (၁၄၆)ျပားကို ရွာေဖြ ေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းႏြံတစ္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၃၂/၂၀၁၈၊ မူး/စိတ္ ၁၉ (က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ကျိုင်းတုံမြို့ ယန်းလောကျေးရွာအုပ်စု၊ ယန်းလောကျေးရွာတွင် မူးယစ်ဆေးရောင်းချသည့် နေအိမ်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၉ ) ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၁၄၆)ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်မှုတရားခံတစ်ဦးက ယန်းလောကျေးရွာရှိ စိုင်းနွံတစ်၏ နေအိမ်မှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုသဖြင့် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့် အဖွဲ့နှင့်အတူ အဆိုပါ နေအိမ်အား ဇူလိုင်လ(၁၉ )ရက်နေ့ နေ့လယ် (၁၂)နာရီခွဲတွင် ဝင်ရောက်ရှာဖွေရာ စိုင်းနွံတစ်အား နေအိမ်တွင် တွေ့ရပြီး နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား (၁၄၆)ပြားကို ရှာဖွေ တွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းနွံတစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၃၂/၂၀၁၈၊ မူး/စိတ် ၁၉ (က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~