ေက်ာက္မဲၿမိဳ႕တြင္ ဆိုင္မ်ား၊ အိမ္မ်ားက စည္ပင္လမ္းနယ္နမိတ္က်ဴးေက်ာ္ထားသည္မ်ားကို စက္တင္ဘာလေနာက္ဆံုးထား ဖယ္ရွားေပးရမည္

ေက်ာက္မဲၿမိဳ႕တြင္ ဆိုင္မ်ား၊ အိမ္မ်ားက စည္ပင္လမ္းနယ္နမိတ္က်ဴးေက်ာ္ထားသည္မ်ားကို စက္တင္ဘာလေနာက္ဆံုးထား ဖယ္ရွားေပးရမည္
ဇူလိုင် 22, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္း အဓိကလမ္းမႀကီး (၄)ခုေဘးရိွ ၿမိဳ႕နယ္စည္ပင္သာယာေရး နယ္နိမိတ္အတြင္း က်ဴးေက်ာ္ထားသည့္ ဆိုင္မ်ား၊ အိမ္မ်ားအေနျဖင့္ စည္ပင္သာယာေရးဦးစီးဌာနက သတ္မွတ္ တိုင္းတာေပးထားသည့္ အတုိင္းအတာမ်ားအတိုင္း ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ေနာက္ဆံုးထား ဖယ္ရွားေပးၾကရမည္ျဖစ္ေၾကာင္း သိရသည္။

 “လမ္းေပၚကို ေက်ာ္ထြက္ေနတဲ့ဆိုင္ေတြ၊ အဖီေတြ၊ တစ္ခ်ိဳ႕က အိမ္ေတြခ်ဲ႕ထားတာရွိတယ္။ အဲဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ အဲဒီဆိုင္ေတြ၊ အိမ္ေတြက ပိုင္ရွင္ေတြကိုေခၚၿပီးေတြ႔ပါတယ္။ ဒါေတြဟာ ၿမိဳ႕နယ္စည္ပင္ သာယာေရးနယ္နိမိတ္ထဲမွာ ခြင့္ျပဳမိန္႔မရွိဘဲနဲ႔ ေဆာက္ထားတာေတြျဖစ္တဲ့အတြက္ ဖယ္ရွားေပးဖို႔ ေျပာျပ ေဆြးေႏြးပါတယ္။ သက္ဆိုင္တဲ့အဖြဲ႔ေတြပါဝင္ၿပီးေတာ့ ကြင္းဆင္းတိုင္းတာမႈေတြလည္း လုပ္ၿပီးျဖစ္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ ေကာ္မတီဥကၠဌ ဦးတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စည္ပင္သာယာေရးနယ္နိမိတ္အတြင္းရွိ အဓိကလမ္းမႀကီးေလးခု၏နံေဘး လူသြားလမ္းပလက္ေဖါင္းမ်ားေပၚ သို႔ အဖီဆြဲထားျခင္းမ်ား၊ ပလက္ေဖါင္းေပၚတြင္ ဆိုင္မ်ားခင္းက်င္းဖြင့္လွစ္ထားျခင္းမ်ား၊ ေနအိမ္နယ္နိမိတ္ထက္ ေက်ာ္လြန္၍ လမ္းဧရိယာေပၚတြင္ ဆိုင္ခန္းခ်ဲ႕ထြင္တည္ေဆာက္ထားျခင္းမ်ားကို ရွင္းလင္းရန္ ဇူလိုင္လ (၁၇) ရက္ေန႔က ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ၿမိဳ႕ခံျပည္သူမ်ား အစည္းအေဝးမွ ညိႇႏိႈင္းဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုလိုလုပ္ျဖစ္ တာကလည္း အမွတ္(၈)ရပ္ကြက္က ဆိုင္တစ္ဆိုင္က စည္ပင္သာယာေရးနယ္နိမိတ္ထဲကို ခြင့္ျပဳခ်က္မရွိဘဲ တစ္ခန္းတိုးေဆာက္တယ္။ အႀကိမ္ႀကိမ္သတိေပးေပမဲ့ ၿပီးတဲ့အထိေဆာက္တယ္။ အဲဒါကိုသြားၿပီးေျပာေတာ့ သူ႔ကိုက်ေတာ့ ေျပာတယ္။ တစ္ျခားသူေတြကိုမေျပာဘူးဆိုတာေတြျဖစ္လာလို႔ တစ္ၿမိဳ႕လံုးအတိုင္းအတာနဲ႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္” ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠဌက ေျပာသည္။

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ မွ တာဝန္ရွိသူမ်ား၊ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူမ်ားႏွင့္ အဆိုပါေနအိမ္၊ ဆိုင္ခန္းပိုင္ရွင္မ်ား ေဆြးေႏြးကာ ကာယကံရွင္မ်ား၏ သေဘာတူညီခ်က္ျဖင့္ က်ဴးေက်ာ္ဆိုင္၊ အိမ္မ်ားအား၂၀၁၈ ခုႏွစ္ စက္တင္ဘာလလကုန္တြင္ အၿပီးဖယ္ရွားေပးမည္ဟု သေဘာတူညီခ်က္ရရွိထားၿပီးျဖစ္ေၾကာင္း သိရသည္။
“ဆိုင္ခန္းေတြပဲ က်ဴးေက်ာ္ေနတာမဟုတ္ဘူး။ ပလက္ေဖါင္းေပၚလမ္းေလွ်ာက္စရာ ေနရာမက်န္ေအာင္ ဆိုင္ကယ္ေတြ ေန႔စဥ္တန္းစီရပ္ၿပီး အေရာင္းဆိုင္ဖြင့္ထားတာေတြ။ ပလက္ေဖါင္းေပၚမွာ ဆုိင္ပစၥည္းေတြ ခင္းၿပီး ေရာင္းေနၾကတာေတြကိုလည္း ၾကပ္မတ္ေစလိုပါတယ္ ” ဟု ဗဟိုေစ်းအနီးေနထိုင္သူ မခင္ခင္ေဝ က အႀကံျပဳ ေျပာၾကားသည္။

ေက်ာက္မဲၿမိဳ႕တြင္ စည္ပင္သာယာေရးနယ္နမိတ္အတြင္း က်ဴးေက်ာ္ထားမႈအားလံုးကို ဖယ္ရွားသြားမည္ျဖစ္ၿပီး ကနဦးအျဖစ္ ၿမိဳ႕တြင္းအဓိကလမ္းမႀကီးေလးခုျဖစ္သည့္ ေအာင္ဆန္းလမ္း၊ စဝ္စံထြန္းလမ္း၊ ေရႊဖီဦးလမ္းႏွင့္ ပင္လံုလမ္းမ်ားတြင္ စတင္ရွင္းလင္းေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း#ေနၿဖိဳးျမင့္
ဓါတ္ပံု #သီဟ

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့တွင် ဆိုင်များ၊ အိမ်များက စည်ပင်လမ်းနယ်နမိတ်ကျူးကျော်ထားသည်များကို စက်တင်ဘာလနောက်ဆုံးထား ဖယ်ရှားပေးရမည်
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင်း အဓိကလမ်းမကြီး (၄)ခုဘေးရှိ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကျူးကျော်ထားသည့် ဆိုင်များ၊ အိမ်များအနေဖြင့် စည်ပင်သာယာရေးဦးစီးဌာနက သတ်မှတ် တိုင်းတာပေးထားသည့် အတိုင်းအတာများအတိုင်း ၂၀၁၈ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထား ဖယ်ရှားပေးကြရမည်ဖြစ်ကြောင်း သိရသည်။

 “လမ်းပေါ်ကို ကျော်ထွက်နေတဲ့ဆိုင်တွေ၊ အဖီတွေ၊ တစ်ချို့က အိမ်တွေချဲ့ထားတာရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီဆိုင်တွေ၊ အိမ်တွေက ပိုင်ရှင်တွေကိုခေါ်ပြီးတွေ့ပါတယ်။ ဒါတွေဟာ မြို့နယ်စည်ပင် သာယာရေးနယ်နိမိတ်ထဲမှာ ခွင့်ပြုမိန့်မရှိဘဲနဲ့ ဆောက်ထားတာတွေဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ ပြောပြ ဆွေးနွေးပါတယ်။ သက်ဆိုင်တဲ့အဖွဲ့တွေပါဝင်ပြီးတော့ ကွင်းဆင်းတိုင်းတာမှုတွေလည်း လုပ်ပြီးဖြစ်ပါတယ်” ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အဓိကလမ်းမကြီးလေးခု၏နံဘေး လူသွားလမ်းပလက်ဖေါင်းများပေါ် သို့ အဖီဆွဲထားခြင်းများ၊ ပလက်ဖေါင်းပေါ်တွင် ဆိုင်များခင်းကျင်းဖွင့်လှစ်ထားခြင်းများ၊ နေအိမ်နယ်နိမိတ်ထက် ကျော်လွန်၍ လမ်းဧရိယာပေါ်တွင် ဆိုင်ခန်းချဲ့ထွင်တည်ဆောက်ထားခြင်းများကို ရှင်းလင်းရန် ဇူလိုင်လ (၁၇) ရက်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့ခံပြည်သူများ အစည်းအဝေးမှ ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလိုလုပ်ဖြစ် တာကလည်း အမှတ်(၈)ရပ်ကွက်က ဆိုင်တစ်ဆိုင်က စည်ပင်သာယာရေးနယ်နိမိတ်ထဲကို ခွင့်ပြုချက်မရှိဘဲ တစ်ခန်းတိုးဆောက်တယ်။ အကြိမ်ကြိမ်သတိပေးပေမဲ့ ပြီးတဲ့အထိဆောက်တယ်။ အဲဒါကိုသွားပြီးပြောတော့ သူ့ကိုကျတော့ ပြောတယ်။ တစ်ခြားသူတွေကိုမပြောဘူးဆိုတာတွေဖြစ်လာလို့ တစ်မြို့လုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် အဆိုပါနေအိမ်၊ ဆိုင်ခန်းပိုင်ရှင်များ ဆွေးနွေးကာ ကာယကံရှင်များ၏ သဘောတူညီချက်ဖြင့် ကျူးကျော်ဆိုင်၊ အိမ်များအား၂၀၁၈ ခုနှစ် စက်တင်ဘာလလကုန်တွင် အပြီးဖယ်ရှားပေးမည်ဟု သဘောတူညီချက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
“ဆိုင်ခန်းတွေပဲ ကျူးကျော်နေတာမဟုတ်ဘူး။ ပလက်ဖေါင်းပေါ်လမ်းလျှောက်စရာ နေရာမကျန်အောင် ဆိုင်ကယ်တွေ နေ့စဉ်တန်းစီရပ်ပြီး အရောင်းဆိုင်ဖွင့်ထားတာတွေ။ ပလက်ဖေါင်းပေါ်မှာ ဆိုင်ပစ္စည်းတွေ ခင်းပြီး ရောင်းနေကြတာတွေကိုလည်း ကြပ်မတ်စေလိုပါတယ် ” ဟု ဗဟိုဈေးအနီးနေထိုင်သူ မခင်ခင်ဝေ က အကြံပြု ပြောကြားသည်။

ကျောက်မဲမြို့တွင် စည်ပင်သာယာရေးနယ်နမိတ်အတွင်း ကျူးကျော်ထားမှုအားလုံးကို ဖယ်ရှားသွားမည်ဖြစ်ပြီး ကနဦးအဖြစ် မြို့တွင်းအဓိကလမ်းမကြီးလေးခုဖြစ်သည့် အောင်ဆန်းလမ်း၊ စဝ်စံထွန်းလမ်း၊ ရွှေဖီဦးလမ်းနှင့် ပင်လုံလမ်းများတွင် စတင်ရှင်းလင်းနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း#နေဖြိုးမြင့်
ဓါတ်ပုံ #သီဟ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~