ေရႀကီးေရလွ်ံျဖစ္ပြားမႈအတြင္း ကယ္ဆယ္ေရး ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႕ဝင္မ်ား ေလ့က်င့္

ေရႀကီးေရလွ်ံျဖစ္ပြားမႈအတြင္း ကယ္ဆယ္ေရး ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႕ဝင္မ်ား ေလ့က်င့္
ဇူလိုင် 11, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ သဘာဝေဘးအႏၱရာယ္အတြင္း ရွာေဖြကယ္ဆယ္ေရးအတြက္  ခရိုင္မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၁၀)ရက္ေန႔တြင္ ေလ့က်င့္မႈမ်ား လုပ္ေဆာင္သည္။

“အဓိကက ေရႀကီးေရလွ်ံမႈေတြ ျဖစ္တာေတြမ်ားလာတဲ့အတြက္ ရုတ္တရက္ေရႀကီး ေရလွ်ံမႈျဖစ္ရင္ ဘယ္လိုတုံ႔ျပန္ကယ္ဆယ္ရမယ္ဆိုတာကို ေလ့က်င့္ေပးတာျဖစ္ပါတယ္” ဟု ေက်ာက္မဲခရိုင္ မီးသတ္ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေဇာ္မင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါေလ့က်င့္မႈကို ေက်ာက္မဲၿမိဳ႕ အမွတ္ ( ၂ )ရပ္ကြက္ သစ္ေတာရပ္၊ ေရကူးကန္လမ္းရွိ M2K ေရကူးကန္တြင္ ေက်ာက္မဲခရိုင္မီးသတ္ဦးစီးဌာနမွ ရွာေဖြကယ္ဆယ္ ရး ဖြဲ႔ဝင္ (၁၁) ဦးက ေလ့က်င့္ခဲ့ျခင္းျဖစ္သည္။

ရွာေဖြကယ္ဆယ္ေရးအဖြဲ႔ဝင္မ်ားက စက္ေလွေမာင္းေလ့က်င့္ျခင္း၊ ေရနစ္ေနသည့္လူနာအား စက္ေလွအသံုးျပဳ ကယ္ဆယ္ျခင္း၊ ေရကူးနည္းစနစ္မ်ား မြန္းမံသင္ၾကားျခင္းႏွင့္ စက္ေလွမေရာက္ႏုိင္သည့္အေနအထားတြင္ ေရနစ္ေနသူအား ေရကူး၍ကယ္ဆယ္နညး္မ်ားကို ေလ့က်င့္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေက်ာက္မဲခရိုင္မီးသတ္ဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
ရေကြီးရေလျှံဖြစ်ပွားမှုအတွင်း ကယ်ဆယ်ရေး ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် သဘာဝဘေးအန္တရာယ်အတွင်း ရှာဖွေကယ်ဆယ်ရေးအတွက်  ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့တွင် လေ့ကျင့်မှုများ လုပ်ဆောင်သည်။

“အဓိကက ရေကြီးရေလျှံမှုတွေ ဖြစ်တာတွေများလာတဲ့အတွက် ရုတ်တရက်ရေကြီး ရေလျှံမှုဖြစ်ရင် ဘယ်လိုတုံ့ပြန်ကယ်ဆယ်ရမယ်ဆိုတာကို လေ့ကျင့်ပေးတာဖြစ်ပါတယ်” ဟု ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါလေ့ကျင့်မှုကို ကျောက်မဲမြို့ အမှတ် ( ၂ )ရပ်ကွက် သစ်တောရပ်၊ ရေကူးကန်လမ်းရှိ M2K ရေကူးကန်တွင် ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ် ရး ဖွဲ့ဝင် (၁၁) ဦးက လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက စက်လှေမောင်းလေ့ကျင့်ခြင်း၊ ရေနစ်နေသည့်လူနာအား စက်လှေအသုံးပြု ကယ်ဆယ်ခြင်း၊ ရေကူးနည်းစနစ်များ မွန်းမံသင်ကြားခြင်းနှင့် စက်လှေမရောက်နိုင်သည့်အနေအထားတွင် ရေနစ်နေသူအား ရေကူး၍ကယ်ဆယ်နည်းများကို လေ့ကျင့်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~