ေက်ာက္မဲတြင္ ဇူလုိင္လအတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ ၈ ဦးရိွေန

ေက်ာက္မဲတြင္ ဇူလုိင္လအတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ ၈ ဦးရိွေန
ဇူလိုင် 26, 2018
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ဇူလုိင္လအတြင္း ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ (၈)ဦးရိွေနၿပီး ၿမိဳ႕နယ္က်န္းမာေရး ဦးစီးဌာနက ေသြးလြန္တုပ္ေကြး ေရာဂါ အသိပညာေပးႏွင့္ ေရာဂါႀကိဳတင္ကာကြယ္ေရးတို႔ကို လူထုအား အသိေပးေဟာေျပာျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ေသြးလြန္တုပ္ေကြးလူနာမ်ားမွာ ေဆးရံုသို႔ အခ်ိန္မီေရာက္ရိွၿပီး ကုသမႈခံယူခဲ့ၾကသျဖင့္ အေျခအေနတိုးတက္ေကာင္းမြန္ေနေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္(၈) ရပ္ကြက္ႏွင့္ အမွတ္ (၁) ရပ္ကြက္တို႔တြင္ ဇူလိုင္လအတြင္း ကေလးငယ္ (၈) ဦး ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး ၿမိဳ႕နယ္က်န္းမာေရး ဦးစီးဌာနမွ တာဝန္ရိွသူမ်ားသည္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၆)ရက္ေန႔တြင္ အမွတ္ (၈) ရပ္ကြက္ရွိ ဆရာ/ဆရာမမ်ား ၊ ရပ္ကြက္ေနျပည္သူမ်ားအား ေရာဂါအေၾကာင္း အသိပညာေပးႏွင့္ ႀကိဳတင္ကာကြယ္ေရး ေဟာေျပာေၾကာင္း သိရသည္။
ေသြးလြန္တုပ္ေကြးေရာဂါသည္ ဗိုင္းရပ္ပိုးသယ္ေဆာင္သည့္ ျခင္ၾကား ကိုက္ခံရျခင္းမွ ကူးစက္ခံရျခင္းျဖစ္ရာ ျခင္ေပါက္ပြားမႈမရိွေစရန္  ရပ္ကြက္ေနသူမ်ားအေနျဖင့္ ဖုံး၊သြန္၊ လဲ၊ စစ္၊ ခပ္ေလာင္း၊ ေထာင္၊ ျမဳပ္စနစ္ကို သတိထားလုပ္ေဆာင္ၾကရန္ ေဟာေျပာခဲ့ေၾကာင္း သိရသည္။

ေသြးလြန္တုပ္ေကြးေရာဂါ ကာကြယ္ရန္ မိမိတို႔ဝန္းက်င္ရိွ ျခင္ေပါက္ပြားႏုိင္သည့္ ေရတင္က်န္ေနသည့္ ေနရာမ်ား၊ ေရသိုေလွာင္သည့္အရာမ်ားကို ဖံုးအုပ္ျခင္း၊ မလိုအပ္သည့္ ေရတင္က်န္ေနသည့္အရာမ်ားရိွပါက သြန္ပစ္ျခင္း၊ ပန္းအိုးႏွင့္ ေရအၿမဲထည့္သည့္အရာမ်ားကို မၾကာခဏ ေရလဲလွယ္ျခင္း၊ ပိုးေလာက္လန္းမ်ားရိွေနပါက အေကာင္မ်ားကို စစ္ထုတ္ပစ္ျခင္း စသည့္နည္းလမ္းမ်ားျဖင့္ ျခင္ေပါက္ပြားမႈကို ထိန္းခ်ဳပ္ႏုိင္ေၾကာင္းသိရသည္။
Tachileik News Agency
ဓါတ္ပံု - ခရိုင္ျပန္ဆက္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲတွင် ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၈ ဦးရှိနေ
**************
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၈)ဦးရှိနေပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သွေးလွန်တုပ်ကွေး ရောဂါ အသိပညာပေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးတို့ကို လူထုအား အသိပေးဟောပြောခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးလူနာများမှာ ဆေးရုံသို့ အချိန်မီရောက်ရှိပြီး ကုသမှုခံယူခဲ့ကြသဖြင့် အခြေအနေတိုးတက်ကောင်းမွန်နေကြောင်း သိရသည်။

ကျောက်မဲမြို့ အမှတ်(၈) ရပ်ကွက်နှင့် အမှတ် (၁) ရပ်ကွက်တို့တွင် ဇူလိုင်လအတွင်း ကလေးငယ် (၈) ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် အမှတ် (၈) ရပ်ကွက်ရှိ ဆရာ/ဆရာမများ ၊ ရပ်ကွက်နေပြည်သူများအား ရောဂါအကြောင်း အသိပညာပေးနှင့် ကြိုတင်ကာကွယ်ရေး ဟောပြောကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ဗိုင်းရပ်ပိုးသယ်ဆောင်သည့် ခြင်ကြား ကိုက်ခံရခြင်းမှ ကူးစက်ခံရခြင်းဖြစ်ရာ ခြင်ပေါက်ပွားမှုမရှိစေရန်  ရပ်ကွက်နေသူများအနေဖြင့် ဖုံး၊သွန်၊ လဲ၊ စစ်၊ ခပ်လောင်း၊ ထောင်၊ မြုပ်စနစ်ကို သတိထားလုပ်ဆောင်ကြရန် ဟောပြောခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် မိမိတို့ဝန်းကျင်ရှိ ခြင်ပေါက်ပွားနိုင်သည့် ရေတင်ကျန်နေသည့် နေရာများ၊ ရေသိုလှောင်သည့်အရာများကို ဖုံးအုပ်ခြင်း၊ မလိုအပ်သည့် ရေတင်ကျန်နေသည့်အရာများရှိပါက သွန်ပစ်ခြင်း၊ ပန်းအိုးနှင့် ရေအမြဲထည့်သည့်အရာများကို မကြာခဏ ရေလဲလှယ်ခြင်း၊ ပိုးလောက်လန်းများရှိနေပါက အကောင်များကို စစ်ထုတ်ပစ်ခြင်း စသည့်နည်းလမ်းများဖြင့် ခြင်ပေါက်ပွားမှုကို ထိန်းချုပ်နိုင်ကြောင်းသိရသည်။

Tachileik News Agency
ဓါတ်ပုံ - ခရိုင်ပြန်ဆက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~