ေက်ာက္မဲၿမိဳ႕ ဘူတာအနီးသံလမ္းေဘးတြင္ လက္တစ္ဖက္ျပတ္ေနသည့္ အမ်ိဳးသားတစ္ဦးေတြ႔

ေက်ာက္မဲၿမိဳ႕ ဘူတာအနီးသံလမ္းေဘးတြင္ လက္တစ္ဖက္ျပတ္ေနသည့္ အမ်ိဳးသားတစ္ဦးေတြ႔
ဇူလိုင် 25, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ဘူတာအနီးသံလမ္းေဘးတြင္ လက္တစ္ဖက္ျပတ္ေနသည့္ အမ်ိဳးသားတစ္ဦးကို ေတြ႔ရသျဖင့္ ဇူလိုင္လ (၂၄) ရက္ေန႔ ည(၉)နာရီခြဲဝန္းက်င္တြင္ မီးသတ္တပ္ဖြဲ႕၏ ကယ္ဆယ္ေရးအဖြဲ႕က ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

 “မေန႔ညက ကုန္ရထားတစ္စင္းဝင္တာပဲရွိတယ္။ ရထားတိုက္တယ္ဆိုရင္ စက္ဗိုလ္ေတြက ျမင္ရမွာပဲ။ ရထား ေပၚကလူ ျပဳတ္က်ရေအာင္ကလည္း ကုန္ရထားမွာ လူပါလာတာက ေရတြက္လို႔ရတယ္။ ရထားလမ္းေဘးမွာ ေတြ႔တိုင္း ရထားႀကိတ္တယ္လို႔ေတာ့ ေျပာလို႔မရဘူး။ ကၽြန္ေတာ္တို႔ အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သိရသေလာက္ကေတာ့ ရထားႀကိတ္တာလို႔ ေျပာစရာမေတြ႔ေသးဘူး” ဟု ေက်ာက္မဲဘူတာရံုမွ ဒု-ရံုပိုင္အရာရွိ ေဇယ်ာကိုကို က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲဘူတာသို႔ ဇူလိုင္ (၂၄) ရက္ေန႔ ည(၉)နာရီက မႏၱေလးမွလာသည့္ ကုန္ရထားတစ္စင္း ေနာက္ဆံုးဝင္ခဲ့ျခင္းျဖစ္ၿပီး ည(၉)နာရီခြဲဝန္းက်င္တြင္ ဘူတာအဝင္နားရိွ သံလမ္းေဘးတြင္ လက္ျပတ္ေနသည့္ အမ်ိဳးသားတစ္ဦးကို အနီးဝန္းက်င္ရပ္ကြက္တြင္ေနထိုင္သူမ်ားက ေတြ႔ရသျဖင့္ မီးသတ္တပ္ဖြဲ႕သို႔ ဖုန္းဆက္အေၾကာင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 “ရထားႀကိတ္ခံရတာလို႔ထင္တာပဲ။ သံလမ္းေဘးမွာ အိပ္ယာခင္းထားတာ ေတြ႔တယ္။ အဲဒီလူကို လူနာတင္ကား က တင္သြားၿပီးမွ အဲဒီေနရာအနီးမွာ ညာဘက္လက္တစ္ဖက္ကိုေတြ႔တာ။ ပံုေတာင္ ရိုက္ထားလိုက္ေသးတယ္။ လူနာကိုေတာ့ မျမင္လိုက္ရဘူး။ ေက်ာက္မဲေဆးရံုကို တင္တယ္လို႔သိရတယ္ ” ဟု ရထားလမ္းအနီးမွ ျပတ္ေနသည့္ လက္တစ္ဖက္ကို ေတြ႔ရိွသူတစ္ဦးျဖစ္သည့္ ကိုေဌးေအာင္က ေျပာသည္။

လက္ရိွတြင္ အဆိုပါလူနာမွာ ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနဆဲျဖစ္ေၾကာင္းသိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ေက်ာက္မဲမီးသတ္တပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့ ဘူတာအနီးသံလမ်းဘေးတွင် လက်တစ်ဖက်ပြတ်နေသည့် အမျိုးသားတစ်ဦးတွေ့
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ဘူတာအနီးသံလမ်းဘေးတွင် လက်တစ်ဖက်ပြတ်နေသည့် အမျိုးသားတစ်ဦးကို တွေ့ရသဖြင့် ဇူလိုင်လ (၂၄) ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်တွင် မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့က ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

 “မနေ့ညက ကုန်ရထားတစ်စင်းဝင်တာပဲရှိတယ်။ ရထားတိုက်တယ်ဆိုရင် စက်ဗိုလ်တွေက မြင်ရမှာပဲ။ ရထား ပေါ်ကလူ ပြုတ်ကျရအောင်ကလည်း ကုန်ရထားမှာ လူပါလာတာက ရေတွက်လို့ရတယ်။ ရထားလမ်းဘေးမှာ တွေ့တိုင်း ရထားကြိတ်တယ်လို့တော့ ပြောလို့မရဘူး။ ကျွန်တော်တို့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရသလောက်ကတော့ ရထားကြိတ်တာလို့ ပြောစရာမတွေ့သေးဘူး” ဟု ကျောက်မဲဘူတာရုံမှ ဒု-ရုံပိုင်အရာရှိ ဇေယျာကိုကို က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲဘူတာသို့ ဇူလိုင် (၂၄) ရက်နေ့ ည(၉)နာရီက မန္တလေးမှလာသည့် ကုန်ရထားတစ်စင်း နောက်ဆုံးဝင်ခဲ့ခြင်းဖြစ်ပြီး ည(၉)နာရီခွဲဝန်းကျင်တွင် ဘူတာအဝင်နားရှိ သံလမ်းဘေးတွင် လက်ပြတ်နေသည့် အမျိုးသားတစ်ဦးကို အနီးဝန်းကျင်ရပ်ကွက်တွင်နေထိုင်သူများက တွေ့ရသဖြင့် မီးသတ်တပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ရထားကြိတ်ခံရတာလို့ထင်တာပဲ။ သံလမ်းဘေးမှာ အိပ်ယာခင်းထားတာ တွေ့တယ်။ အဲဒီလူကို လူနာတင်ကား က တင်သွားပြီးမှ အဲဒီနေရာအနီးမှာ ညာဘက်လက်တစ်ဖက်ကိုတွေ့တာ။ ပုံတောင် ရိုက်ထားလိုက်သေးတယ်။ လူနာကိုတော့ မမြင်လိုက်ရဘူး။ ကျောက်မဲဆေးရုံကို တင်တယ်လို့သိရတယ် ” ဟု ရထားလမ်းအနီးမှ ပြတ်နေသည့် လက်တစ်ဖက်ကို တွေ့ရှိသူတစ်ဦးဖြစ်သည့် ကိုဌေးအောင်က ပြောသည်။

လက်ရှိတွင် အဆိုပါလူနာမှာ ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်ကြောင်းသိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ကျောက်မဲမီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~