ေက်ာက္မဲႏွင့္ ေနာင္ခ်ိဳၾကား ဂုတ္တြင္းလမ္းပိုင္းတြင္ ခရီးသည္တင္ယာဥ္တစ္စီး ထိုးက်တိမ္းေမွာက္

ေက်ာက္မဲႏွင့္ ေနာင္ခ်ိဳၾကား ဂုတ္တြင္းလမ္းပိုင္းတြင္ ခရီးသည္တင္ယာဥ္တစ္စီး ထိုးက်တိမ္းေမွာက္
ဇူလိုင် 5, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး ဂုတ္တြင္းလမ္းပိုင္း ေက်ာက္မဲၿမိဳ႕ႏွင့္ ေနာင္ခ်ိဳၿမိဳ႕ၾကားတြင္ ဇူလိုင္လ (၄) ရက္ ညပိုင္းက ေပ (၃၀)ခန္႔အနက္ရွိသည့္ လမ္းအေကြ႔ႏွစ္ခုအၾကား မူဆယ္-ေနျပည္ေတာ္ ခရီးသည္တင္ယာဥ္တစ္စီး ထိုးက်တိမ္းေမွာက္ခဲ့ရာ ခရီးသည္အမ်ိဳးသား တစ္ဦးေသဆံုးၿပီး ခရီးသည္စုစုေပါင္း(၁၄)ဦး ထိခိုက္ဒဏ္ရာ ရသြားေၾကာင္း သိရသည္။

ျပည္ေထာင္စုလမ္းမႀကီး ဂုတ္တြင္းလမ္း၊ မိုင္တိုင္အမွတ္( ၈၄/၂ ႏွင့္ ၈၄/၃ )အၾကားတြင္ မူဆယ္ဘက္မွ ေနျပည္ေတာ္သို႔ ထြက္ခြာလာသည့္ ၾကယ္စင္သစၥာ Express ယာဥ္သည္ ေက်ာက္မဲဘက္အျခမ္းရွိ ေျခာက္ထပ္ေကြ႔ေနရာသို႔အေရာက္ (၅)ထပ္ေကြ႔မွ ေအာက္ဘက္ ေပ (၃၀)ခန္႔ရွိ (၄) ထပ္ေကြ႔သို႔ အရွိန္လြန္ ထိုးက်တိမ္းေမွာက္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါခရီးသည္မ်ားအနက္မွ ခရီးသည္ အမ်ိဳးသား(၉)ဦးႏွင့္ အမ်ိဳးသမီး(၅)ဦး တို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အမ်ိဳးသားတစ္ဦးမွာ ေနရာတြင္ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရရွိသူမ်ားကို ေနာင္ခ်ိဳၿမိဳ႕ရွိ လူမႈကူညီေရးအသင္းမ်ားက ေနာင္ခ်ိဳၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထား ခဲ့ေၾကာင္း သိရွိရသည္။

ယာဥ္မေတာ္တဆမႈျဖစ္ပြားရာေနရာသုိ႔ ေက်ာက္မဲခရိုင္မီးသတ္ဦးစီးဌာနမွဴးရံုးမွ သေႏၶႏွင့္ အရံမီးသတ္တပ္ဖြဲ႔ဝင္ (၃၃) ဦးတို႔က လူမႈကူညီေရးအသင္းအဖြဲ႔မ်ားႏွင့္ပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါယာဥ္ တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္းအား အေရးယူရန္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲနှင့် နောင်ချိုကြား ဂုတ်တွင်းလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်
*****************************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်း ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားတွင် ဇူလိုင်လ (၄) ရက် ညပိုင်းက ပေ (၃၀)ခန့်အနက်ရှိသည့် လမ်းအကွေ့နှစ်ခုအကြား မူဆယ်-နေပြည်တော် ခရီးသည်တင်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်ခဲ့ရာ ခရီးသည်အမျိုးသား တစ်ဦးသေဆုံးပြီး ခရီးသည်စုစုပေါင်း(၁၄)ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်း၊ မိုင်တိုင်အမှတ်( ၈၄/၂ နှင့် ၈၄/၃ )အကြားတွင် မူဆယ်ဘက်မှ နေပြည်တော်သို့ ထွက်ခွာလာသည့် ကြယ်စင်သစ္စာ Express ယာဉ်သည် ကျောက်မဲဘက်အခြမ်းရှိ ခြောက်ထပ်ကွေ့နေရာသို့အရောက် (၅)ထပ်ကွေ့မှ အောက်ဘက် ပေ (၃၀)ခန့်ရှိ (၄) ထပ်ကွေ့သို့ အရှိန်လွန် ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များအနက်မှ ခရီးသည် အမျိုးသား(၉)ဦးနှင့် အမျိုးသမီး(၅)ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦးမှာ နေရာတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို နောင်ချိုမြို့ရှိ လူမှုကူညီရေးအသင်းများက နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထား ခဲ့ကြောင်း သိရှိရသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာသို့ ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးမှ သန္ဓေနှင့် အရံမီးသတ်တပ်ဖွဲ့ဝင် (၃၃) ဦးတို့က လူမှုကူညီရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ် တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းအား အရေးယူရန်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~