ေက်ာက္ေခ်ာ - ရဲရြာလမ္းပိုင္းတြင္ လူငယ္ႏွစ္ဦး ေသဆံုးသြားသည့္ ယာဥ္တုိက္မႈမွ ေမာ္ေတာ္ယာဥ္ ထြက္ေျပးတိမ္းေရွာင္ေန

ေက်ာက္ေခ်ာ - ရဲရြာလမ္းပိုင္းတြင္ လူငယ္ႏွစ္ဦး ေသဆံုးသြားသည့္ ယာဥ္တုိက္မႈမွ ေမာ္ေတာ္ယာဥ္ ထြက္ေျပးတိမ္းေရွာင္ေန
ဇူလိုင် 23, 2018
By Tachileik News Agency

မႏၱေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ခရိုင္၊ ေက်ာက္ေခ်ာ - ရဲရြာလမ္းပိုင္းတြင္ လူ(၂)ဦးစီးနင္းလာသည့္ ဆုိင္ကယ္ကို တုိက္မိသျဖင့္ ဆုိင္ကယ္စီးနင္းလာသည့္ လူငယ္ (၂)ဦးေသဆံုးသြားကာ တိုက္မိသည့္ ေမာ္ေတာ္ယာဥ္မွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၂)ရက္ေန႔ ညေန (၃)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ယာဥ္တုိက္မႈေၾကာင့္ လူ(၂)ဦး ေသဆံုးေနေၾကာင္း ကျဗဴးရဲကင္းစခန္းသို႔ သတင္းေရာက္လာသျဖင့္ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာ ရဲကင္းစခန္းႏွင့္ (၁၃)မိုင္ခန္႔အကြာရိွ ေက်ာက္ေခ်ာ - ရဲရြာလမ္းပိုင္းတြင္ ဆိုင္ကယ္ (၁)စီးႏွင့္ ေသဆံုးေနသည့္ လူငယ္ (၂)ဦးကို ေတြ႔ရကာ တိုက္မိသည့္ ေမာ္ေတာ္ယာဥ္ကို မေတြ႔ရေၾကာင္း သိရသည္။

ေသဆံုးသူ (၂)ဦးမွာ မေကြးတုိင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္မွ အသက္ (၁၉)ႏွစ္အရြယ္ ေအာင္သူၿဖိဳးႏွင့္ ဧရာဝတီတုိင္းေဒသႀကီး၊ ေမာ္ကၽြန္းၿမိဳ႕နယ္မွ အသက္ (၁၈)ႏွစ္အရြယ္ ခ်စ္မင္းေဝတို႔ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳထားသည္။

အဆိုပါ ယာဥ္တုိက္မႈကို ျပင္စာရဲကင္းစခန္းတြင္ ယာဥ္(ပ) ၃၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ - က/၂၀၂ ျဖင့္ အမႈဖြင့္ထားၿပီး လူေသဆံုးမႈျဖစ္ပြားသည့္ ယာဥ္တုိက္မႈမွ ထြက္ေျပး တိမ္းေရွာင္ေနသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ ယာဥ္ေမာင္းအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ချော - ရဲရွာလမ်းပိုင်းတွင် လူ(၂)ဦးစီးနင်းလာသည့် ဆိုင်ကယ်ကို တိုက်မိသဖြင့် ဆိုင်ကယ်စီးနင်းလာသည့် လူငယ် (၂)ဦးသေဆုံးသွားကာ တိုက်မိသည့် မော်တော်ယာဉ်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့ ညနေ (၃)နာရီ (၄၅)မိနစ်အချိန်တွင် ယာဉ်တိုက်မှုကြောင့် လူ(၂)ဦး သေဆုံးနေကြောင်း ကဗြူးရဲကင်းစခန်းသို့ သတင်းရောက်လာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ရဲကင်းစခန်းနှင့် (၁၃)မိုင်ခန့်အကွာရှိ ကျောက်ချော - ရဲရွာလမ်းပိုင်းတွင် ဆိုင်ကယ် (၁)စီးနှင့် သေဆုံးနေသည့် လူငယ် (၂)ဦးကို တွေ့ရကာ တိုက်မိသည့် မော်တော်ယာဉ်ကို မတွေ့ရကြောင်း သိရသည်။

သေဆုံးသူ (၂)ဦးမှာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှ အသက် (၁၉)နှစ်အရွယ် အောင်သူဖြိုးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်မှ အသက် (၁၈)နှစ်အရွယ် ချစ်မင်းဝေတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

အဆိုပါ ယာဉ်တိုက်မှုကို ပြင်စာရဲကင်းစခန်းတွင် ယာဉ်(ပ) ၃၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က/၂၀၂ ဖြင့် အမှုဖွင့်ထားပြီး လူသေဆုံးမှုဖြစ်ပွားသည့် ယာဉ်တိုက်မှုမှ ထွက်ပြေး တိမ်းရှောင်နေသည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~