ခရီးသည္တင္ကားႏွစ္စီးတြင္ အံဝွက္မ်ားျဖင့္ သစ္ခိုးသယ္လာသည္ကို လားရိႈးတြင္ ဖမ္းမိ

ခရီးသည္တင္ကားႏွစ္စီးတြင္ အံဝွက္မ်ားျဖင့္ သစ္ခိုးသယ္လာသည္ကို လားရိႈးတြင္ ဖမ္းမိ
ဇူလိုင် 24, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕  အိုရီယမ္တယ္တိုးဂိတ္၌ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၄) ရက္ နံနက္ (၂)နာရီဝန္းက်င္က ဖမ္းဆီးရမိထားသည့္ ခရီးသည္တင္ယာဥ္ (၂)စီးမွ သစ္မ်ားကို ညေနပိုင္းအခ်ိန္ထိ စစ္ေဆးရန္ ထုတ္ယူေနဆဲျဖစ္ၿပီး လက္ရိွတြင္ ယာဥ္မ်ားႏွင့္ ယာဥ္ေမာင္း(၂)ဦးကို ထိန္းသိမ္းထားေၾကာင္း သိရသည္။

“ယာဥ္ေပၚပါလာတဲ့ ခရီးသည္ေတြကိုေတာ့ သူတို႔ဆက္သြားမယ့္ခရီးကို အဆင္ေျပေအာင္ စီစဥ္ေပးလိုက္ပါတယ္။ ယာဥ္တစ္စီးစီကေန ယာဥ္ေမာင္းတစ္ဦးစီကို ထိန္းသိမ္းထားပါတယ္။ သစ္ေတြကေတာ့ ခက္ခက္ခဲခဲ ထုတ္ေနရပါတယ္။ လက္ရွိအခ်ိန္ထိ တစ္စီးပဲထုတ္ႏိုင္ေသးတယ္။ အံဝွက္ေတြကို အေသပိတ္ထားလို႔ စက္နဲ႔ျဖတ္ၿပီး ထုတ္ေနရတယ္” ဟု လားရိႈးၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ ေတာအုပ္ႀကီး ဦးစိုးတင့္က  ယေန႔ညေနပိုင္းတြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔  ေျပာသည္။

ယာဥ္လုိင္းတစ္ခုထဲမွ မႏၱေလး - မူဆယ္ ခရီးသည္တင္ယာဥ္ႏွစ္စီးတြင္ ပိေတာက္သစ္မ်ားကို တရားမဝင္ တင္ေဆာင္လာသည္ကို ပူးေပါင္းအဖြဲ႔က စစ္ေဆးေတြ႔ရိွခဲ့ျခင္းျဖစ္ၿပီး ယာဥ္ႏွစ္စီးတြင္ အံဝွက္မ်ားျဖင့္ ထည့္သြင္းသယ္ေဆာင္လာသည့္သစ္မ်ားကို ဖြင့္ထုတ္ယူေနဆဲျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ယာဥ္တစ္စီးေပၚမွ ပိေတာက္ဓားေရြခြဲသား (၁၄၇) ေခ်ာင္း အေလးခ်ိန္( ၃.၂၁၅၂) တန္ကို စစ္ေဆးေတြ႔ရိွထားၿပီး က်န္တစ္စီးကို အံဝွက္မ်ား ျဖတ္ထုတ္ေနရဆဲျဖစ္ေၾကာင္း သိရသည္။
လက္ရိွတြင္ သစ္မ်ားတရားမဝင္တင္ေဆာင္သည့္ယာဥ္မ်ားကို ေမာင္းႏွင္လာသည့္ ယာဥ္ေမာင္း (၂)ဦးအား လားရိႈးအမွတ္(၂) နယ္ေျမရဲစခန္းတြင္ ျပည္သူပိုင္ပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒ ၆ (၁) ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု -လားရႈိးၿမိဳ႕နယ္သစ္ေတာဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
ခရီးသည်တင်ကားနှစ်စီးတွင် အံဝှက်များဖြင့် သစ်ခိုးသယ်လာသည်ကို လားရှိုးတွင် ဖမ်းမိ
***************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့  အိုရီယမ်တယ်တိုးဂိတ်၌ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက် နံနက် (၂)နာရီဝန်းကျင်က ဖမ်းဆီးရမိထားသည့် ခရီးသည်တင်ယာဉ် (၂)စီးမှ သစ်များကို ညနေပိုင်းအချိန်ထိ စစ်ဆေးရန် ထုတ်ယူနေဆဲဖြစ်ပြီး လက်ရှိတွင် ယာဉ်များနှင့် ယာဉ်မောင်း(၂)ဦးကို ထိန်းသိမ်းထားကြောင်း သိရသည်။

“ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေကိုတော့ သူတို့ဆက်သွားမယ့်ခရီးကို အဆင်ပြေအောင် စီစဉ်ပေးလိုက်ပါတယ်။ ယာဉ်တစ်စီးစီကနေ ယာဉ်မောင်းတစ်ဦးစီကို ထိန်းသိမ်းထားပါတယ်။ သစ်တွေကတော့ ခက်ခက်ခဲခဲ ထုတ်နေရပါတယ်။ လက်ရှိအချိန်ထိ တစ်စီးပဲထုတ်နိုင်သေးတယ်။ အံဝှက်တွေကို အသေပိတ်ထားလို့ စက်နဲ့ဖြတ်ပြီး ထုတ်နေရတယ်” ဟု လားရှိုးမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစိုးတင့်က  ယနေ့ညနေပိုင်းတွင် တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

ယာဉ်လိုင်းတစ်ခုထဲမှ မန္တလေး - မူဆယ် ခရီးသည်တင်ယာဉ်နှစ်စီးတွင် ပိတောက်သစ်များကို တရားမဝင် တင်ဆောင်လာသည်ကို ပူးပေါင်းအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယာဉ်နှစ်စီးတွင် အံဝှက်များဖြင့် ထည့်သွင်းသယ်ဆောင်လာသည့်သစ်များကို ဖွင့်ထုတ်ယူနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်တစ်စီးပေါ်မှ ပိတောက်ဓားရွေခွဲသား (၁၄၇) ချောင်း အလေးချိန်( ၃.၂၁၅၂) တန်ကို စစ်ဆေးတွေ့ရှိထားပြီး ကျန်တစ်စီးကို အံဝှက်များ ဖြတ်ထုတ်နေရဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သစ်များတရားမဝင်တင်ဆောင်သည့်ယာဉ်များကို မောင်းနှင်လာသည့် ယာဉ်မောင်း (၂)ဦးအား လားရှိုးအမှတ်(၂) နယ်မြေရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၆ (၁) ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ -လားရှိုးမြို့နယ်သစ်တောဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~