“ဝ”အထူးေဒသ-၂ မွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏိုင္ငံသား ၂ ဦးႏွင့္ ယာဥ္ေမာင္းကို တာခ်ီလိတ္၌ ဖမ္းမိ

“ဝ”အထူးေဒသ-၂ မွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏိုင္ငံသား ၂ ဦးႏွင့္ ယာဥ္ေမာင္းကို တာခ်ီလိတ္၌ ဖမ္းမိ
ဇူလိုင် 25, 2018
By 🌸
ျမန္မာႏုိင္ငံ “ဝ”အထူးေဒသ(၂) ပန္ဆန္းၿမိဳ႕ဝင္ေပါက္မွတစ္ဆင့္ လြန္ခဲ့သည့္ (၆)ႏွစ္ကတည္းက တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏိုင္ငံသား (၂)ဦးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၂၄)ရက္ေန႔ ေန႔လယ္(၁)နာရီခြဲ ဝန္းက်င္က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား တာဝန္ရိွသူမ်ားကစစ္ေဆးရာ အေထာက္အထားျပသႏုိင္ျခင္းမရိွသည့္ တရုတ္ႏုိင္ငံသား (၂)ဦးကို စစ္ေဆးေတြ႔ရိွရသျဖင့္ လူဝင္မႈႀကီးၾကပ္ေရးဌာနခြဲ(၆)ရံုးသို႔ ေခၚယူစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔သည္ လြန္ခဲ့သည့္ (၆)ႏွစ္ကတည္းက ယူနန္ျပည္နယ္မွတစ္ဆင့္ ျမန္မာႏုိင္ငံ “ဝ”အထူးေဒသ(၂) ပန္ဆန္းၿမိဳ႕သို႔ အေထာက္အထားမပါဘဲ ဝင္ေရာက္ခဲ့ကာ ယင္းမွတစ္ဆင့္ ပန္ဆန္း - မုိင္းလား- က်ိဳင္းတံု-တာခ်ီလိတ္လမ္းေၾကာင္းအတုိင္းသြားကာ မိုင္းဆတ္ၿမိဳ႕နယ္ ဝမ္ဟုန္ေက်းရြာတြင္ ဝင္ေရာက္ေနထုိင္ေနျခင္း ျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။

၎တို႔(၂)ဦးသည္ ဝမ္ဟုန္ရြာတြင္ အိမ္ငွားရမ္းေနထုိင္ကာ ေစ်းေရာင္းေနျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၂၄)ရက္ေန႔တြင္ ၎တုိ႔ပိုင္ ေမာ္ေတာ္ယာဥ္ျဖင့္ တာခ်ီလိတ္ၿမိဳ႕သို႔လာရန္ ယာဥ္ေမာင္း ေအာင္စိုးသူအား ဘတ္ေငြ (၇၀၀)ျဖင့္ ငွားရမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသား(၂)ဦး Wang Wen Fa ၊ Huang Yi Longႏွင့္ တရားမဝင္ ဝင္ေရာက္လာသူမ်ားႏွင့္ ပတ္သက္၍ တာဝန္ရိွသူမ်ားထံ သတင္းပို႔ရန္ ပ်က္ကြက္သည့္ ျမန္မာႏုိင္ငံသား ေအာင္စိုးသူတုိ႔ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၄၀/ ၂၀၁၈၊ ၁၉၄၇ ခုႏွစ္၊ ျမန္မာႏုိင္ငံလူဝင္မႈႀကီးၾကပ္ေရး (လတ္တေလာျပဌာန္းခ်က္မ်ား) အက္ဥပေဒပုဒ္မ ၃(၁)အရလည္းေကာင္း၊ လဝကအက္ဥပေဒပုဒ္မ ၁၃(၅)အရလည္းေကာင္း အမႈဖြင့္ထားေၾကာင္း သိရသည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
“ဝ”အထူးဒေသ-၂ မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂ ဦးနှင့် ယာဉ်မောင်းကို တာချီလိတ်၌ ဖမ်းမိ
**********
မြန်မာနိုင်ငံ “ဝ”အထူးဒေသ(၂) ပန်ဆန်းမြို့ဝင်ပေါက်မှတစ်ဆင့် လွန်ခဲ့သည့် (၆)နှစ်ကတည်းက တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၂)ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ နေ့လယ်(၁)နာရီခွဲ ဝန်းကျင်က ဖမ်းဆီးရမိထားကြောင်း သိရသည်။

လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား တာဝန်ရှိသူများကစစ်ဆေးရာ အထောက်အထားပြသနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံသား (၂)ဦးကို စစ်ဆေးတွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၆)ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် လွန်ခဲ့သည့် (၆)နှစ်ကတည်းက ယူနန်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံ “ဝ”အထူးဒေသ(၂) ပန်ဆန်းမြို့သို့ အထောက်အထားမပါဘဲ ဝင်ရောက်ခဲ့ကာ ယင်းမှတစ်ဆင့် ပန်ဆန်း - မိုင်းလား- ကျိုင်းတုံ-တာချီလိတ်လမ်းကြောင်းအတိုင်းသွားကာ မိုင်းဆတ်မြို့နယ် ဝမ်ဟုန်ကျေးရွာတွင် ဝင်ရောက်နေထိုင်နေခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

၎င်းတို့(၂)ဦးသည် ဝမ်ဟုန်ရွာတွင် အိမ်ငှားရမ်းနေထိုင်ကာ ဈေးရောင်းနေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် ၎င်းတို့ပိုင် မော်တော်ယာဉ်ဖြင့် တာချီလိတ်မြို့သို့လာရန် ယာဉ်မောင်း အောင်စိုးသူအား ဘတ်ငွေ (၇၀၀)ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၂)ဦး Wang Wen Fa ၊ Huang Yi Longနှင့် တရားမဝင် ဝင်ရောက်လာသူများနှင့် ပတ်သက်၍ တာဝန်ရှိသူများထံ သတင်းပို့ရန် ပျက်ကွက်သည့် မြန်မာနိုင်ငံသား အောင်စိုးသူတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၄၀/ ၂၀၁၈၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)အရလည်းကောင်း၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၅)အရလည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည်။

ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~