လားရိႈးၿမိဳ႕တြင္ ေခ်ာင္းထဲသို႔ ယာဥ္ႏွင့္အတူ က်သြားၿပီး ေပ်ာက္ဆံုးေနသည့္ အမ်ိဳးသားအား ဆက္လက္ ရွာေဖြေန

လားရိႈးၿမိဳ႕တြင္ ေခ်ာင္းထဲသို႔ ယာဥ္ႏွင့္အတူ က်သြားၿပီး ေပ်ာက္ဆံုးေနသည့္ အမ်ိဳးသားအား ဆက္လက္ ရွာေဖြေန
ဇူလိုင် 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕၊ ဟူးမြန္ဆည္သြားသည့္ အေဝရာလမ္းရွိ နမ့္ေလာင္းေခ်ာင္းကူး တံတား ေပၚမွ ဇူလိုင္လ (၂၈) ရက္ေန႔ညပိုင္းက ကားႏွင့္အတူ ေခ်ာင္းထဲက်သြားသည့္ အမ်ိဳးသားအား ပရဟိတအသင္းမ်ားႏွင့္ လားရိႈးၿမိဳ႕နယ္မီးသတ္ဦးစီးဌာနတို႔က ရွာေဖြေနေသာ္လည္း ဇူလိုင္လ (၂၉) ရက္ေန႔ ညပိုင္းအထိ မေတြ႔ရေသးေၾကာင္း သိရသည္။

“ဒီမနက္ အေစာပိုင္းကတည္းက မီးသတ္ဌာနက ရွာေဖြကယ္ဆယ္ေရးအဖြဲ႔အင္အား (၃၅) ဦးနဲ႔ ရွာေဖြ ကယ္ဆယ္ေရး လုပ္ပါတယ္။ မနက္ပိုင္းမွာ ကားကိုပဲ ျပန္ေတြ႔ရတယ္။ လူကိုေတာ့ ညပိုင္းအထိ မေတြ႔ ေသးပါဘူး။ မနက္ျဖန္က်ရင္လည္း အေျခအေနအရ ဆက္လက္ရွာေဖြမႈ လုပ္သြားပါ့မယ္”ဟု လားရိႈးၿမိဳ႕ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ တပ္သားထြန္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕တြင္ ဇူလိုင္လ (၂၈) ရက္ေန႔ ညပိုင္းက မိုးသည္းထန္စြာ ရြာသြန္းၿပီးေနာက္ နမ့္ေလာင္းေခ်ာင္းေရ လွ်ံသျဖင့္ ရပ္ကြက္ (၇)ႏွင့္ ရပ္ကြက္ (၁၂) တို႔တြင္ ေရႀကီးနစ္ျမဳပ္မႈျဖစ္ပြားခဲ့ၿပီး ည (၁၁) နာရီခန္႔တြင္ အေဝရာလမ္းေပၚရွိ ေခ်ာင္းကူးတံတားမွျဖတ္ကူးသည့္ အိမ္စီးကားငယ္တစ္စီးမွာ ေခ်ာင္းထဲ ထိုးက်သြားျခင္းျဖစ္သည္။

 “ေခ်ာင္းထဲျပဳတ္က်သြားတဲ့သူရဲ႕ မိသားစုက ဆက္သြယ္အကူညီေတာင္းလာတာနဲ႔ လူမႈကယ္ဆယ္ေရး အဖြဲ႔၊ မီးသတ္တပ္ဖြဲ႔နဲ႔ လူမႈကူညီေရးအသင္းေတြပါဝင္ၿပီးေတာ့ မနက္ (၈) နာရီေလာက္ကေနစၿပီးေတာ့ ရွာတယ္။ ေခ်ာင္းအေကြ႔ေတြ၊ ဝဲဂယက္ေတြရွိတဲ့ေနရာေတြနဲ႔ ေခ်ာင္းတစ္ေလ်ွာက္ လူတင္ၿပီးက်န္ေနႏိုင္တဲ့ အေနအထားရွိတဲ့ ေနရာေတြမွာ ကၽြန္ေတာ္တို႔အသင္းသား (၈) ဦးနဲ႔ လိုက္ၿပီးရွာေဖြပါတယ္။ ညေနပိုင္း အလင္းေရာင္ကုန္တဲ့အထိ ရွာေဖြေရးလုပ္ပါတယ္။ ရပ္နားလိုက္တဲ့အထိ မေတြ႔ေသးပါဘူး” ဟု ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရး အဖြဲ႔( ရွမ္း/ေျမာက္ )မွ အဖြဲ႔ဥကၠဌ ဦးစိုင္းညီညီဟန္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေပ်ာက္ဆံုးေနသူမွာ လားရိႈးၿမိဳ႕ ရပ္ကြက္ (၁၂)မွ အသက္ (၃၀) ဝန္းက်င္ ကိုခ်ိဳဆိုသူ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ဦးစိုင္းညီညီဟန္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ဟူးမွန်ဆည်သွားသည့် အဝေရာလမ်းရှိ နမ့်လောင်းချောင်းကူး တံတား ပေါ်မှ ဇူလိုင်လ (၂၈) ရက်နေ့ညပိုင်းက ကားနှင့်အတူ ချောင်းထဲကျသွားသည့် အမျိုးသားအား ပရဟိတအသင်းများနှင့် လားရှိုးမြို့နယ်မီးသတ်ဦးစီးဌာနတို့က ရှာဖွေနေသော်လည်း ဇူလိုင်လ (၂၉) ရက်နေ့ ညပိုင်းအထိ မတွေ့ရသေးကြောင်း သိရသည်။

“ဒီမနက် အစောပိုင်းကတည်းက မီးသတ်ဌာနက ရှာဖွေကယ်ဆယ်ရေးအဖွဲ့အင်အား (၃၅) ဦးနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ပါတယ်။ မနက်ပိုင်းမှာ ကားကိုပဲ ပြန်တွေ့ရတယ်။ လူကိုတော့ ညပိုင်းအထိ မတွေ့ သေးပါဘူး။ မနက်ဖြန်ကျရင်လည်း အခြေအနေအရ ဆက်လက်ရှာဖွေမှု လုပ်သွားပါ့မယ်”ဟု လားရှိုးမြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်သားထွန်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့တွင် ဇူလိုင်လ (၂၈) ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နမ့်လောင်းချောင်းရေ လျှံသဖြင့် ရပ်ကွက် (၇)နှင့် ရပ်ကွက် (၁၂) တို့တွင် ရကြေီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ည (၁၁) နာရီခန့်တွင် အဝေရာလမ်းပေါ်ရှိ ချောင်းကူးတံတားမှဖြတ်ကူးသည့် အိမ်စီးကားငယ်တစ်စီးမှာ ချောင်းထဲ ထိုးကျသွားခြင်းဖြစ်သည်။

 “ချောင်းထဲပြုတ်ကျသွားတဲ့သူရဲ့ မိသားစုက ဆက်သွယ်အကူညီတောင်းလာတာနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေပါဝင်ပြီးတော့ မနက် (၈) နာရီလောက်ကနေစပြီးတော့ ရှာတယ်။ ချောင်းအကွေ့တွေ၊ ဝဲဂယက်တွေရှိတဲ့နေရာတွေနဲ့ ချောင်းတစ်လျှောက် လူတင်ပြီးကျန်နေနိုင်တဲ့ အနေအထားရှိတဲ့ နေရာတွေမှာ ကျွန်တော်တို့အသင်းသား (၈) ဦးနဲ့ လိုက်ပြီးရှာဖွေပါတယ်။ ညနေပိုင်း အလင်းရောင်ကုန်တဲ့အထိ ရှာဖွေရေးလုပ်ပါတယ်။ ရပ်နားလိုက်တဲ့အထိ မတွေ့သေးပါဘူး” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့( ရှမ်း/မြောက် )မှ အဖွဲ့ဥက္ကဌ ဦးစိုင်းညီညီဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပျောက်ဆုံးနေသူမှာ လားရှိုးမြို့ ရပ်ကွက် (၁၂)မှ အသက် (၃၀) ဝန်းကျင် ကိုချိုဆိုသူ ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ဦးစိုင်းညီညီဟန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~