မယ္ဆိုင္ဂူ ကယ္ဆယ္ေရးစခန္းတြင္ ကၽြမ္းက်င္ဆံသဆရာမ်ားက အခမဲ့ ဆံသေပးေနရာ ႏွစ္ရက္အတြင္း (၁၁၅)ဦး ဆံပင္ညႇပ္ေပးရ

မယ္ဆိုင္ဂူ ကယ္ဆယ္ေရးစခန္းတြင္ ကၽြမ္းက်င္ဆံသဆရာမ်ားက အခမဲ့ ဆံသေပးေနရာ ႏွစ္ရက္အတြင္း (၁၁၅)ဦး ဆံပင္ညႇပ္ေပးရ
ဇူလိုင် 6, 2018
By 🌸
ဂူအတြင္းပိတ္မိေနတဲ့ ကေလး(၁၃)ဦးကို ထုိင္းနဲ႔ႏုိင္ငံတကာက ပူးေပါင္းကယ္ဆယ္ေနၾကတဲ့ မယ္ဆုိင္ဂူဝန္းက်င္မွာ ကယ္ဆယ္ေရးလုပ္သူေတြနဲ႔ သတင္းမီဒီယာသမားေတြ အတြက္ လိုအပ္တဲ့ပစၥည္းေတြကို အခမ့ဲရယူႏိုင္ေအာင္ စီစဥ္ေပးထားသလို ထူးထူးျခားျခား အစီအစဥ္ တစ္ခုကေတာ့ ဆံပင္အခမဲ့ညႇပ္ေပးတာ ျဖစ္ပါတယ္။

မယ္ဆုိင္က ဆံပင္ညႇပ္ကၽြမ္းက်င္သူေတြက အခမဲ့ဝန္ေဆာင္မႈေပးေနတာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၅)ရက္ေန႔နဲ႔ ဇူလုိင္လ(၆)ရက္ေန႔ ႏွစ္ရက္တာအတြင္း လူေပါင္း(၁၁၅)ေယာက္ကို ဆံပင္ညႇပ္ေပးထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ဒီႏွစ္ရက္အတြင္း ဆံပင္လာညႇပ္သူေတြမွာ အမ်ိဳးသားက (၁၁၂)ဦးနဲ႔ အမ်ိဳးသမီးက (၃)ဦးပါဝင္တယ္လုိ႔ သိရၿပီး စစ္သားေတြ၊ ရဲေတြနဲ႔ သတင္းတင္ဆက္တဲ့ သတင္းမီဒီယာသမားေတြလည္း ပါဝင္တယ္လုိ႔ သိရပါတယ္။

သတင္း၊ ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူ ကယ်ဆယ်ရေးစခန်းတွင် ကျွမ်းကျင်ဆံသဆရာများက အခမဲ့ ဆံသပေးနေရာ နှစ်ရက်အတွင်း (၁၁၅)ဦး ဆံပင်ညှပ်ပေးရ
******************
ဂူအတွင်းပိတ်မိနေတဲ့ ကလေး(၁၃)ဦးကို ထိုင်းနဲ့နိုင်ငံတကာက ပူးပေါင်းကယ်ဆယ်နေကြတဲ့ မယ်ဆိုင်ဂူဝန်းကျင်မှာ ကယ်ဆယ်ရေးလုပ်သူတွေနဲ့ သတင်းမီဒီယာသမားတွေ အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အခမဲ့ရယူနိုင်အောင် စီစဉ်ပေးထားသလို ထူးထူးခြားခြား အစီအစဉ် တစ်ခုကတော့ ဆံပင်အခမဲ့ညှပ်ပေးတာ ဖြစ်ပါတယ်။

မယ်ဆိုင်က ဆံပင်ညှပ်ကျွမ်းကျင်သူတွေက အခမဲ့ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ(၅)ရက်နေ့နဲ့ ဇူလိုင်လ(၆)ရက်နေ့ နှစ်ရက်တာအတွင်း လူပေါင်း(၁၁၅)ယောက်ကို ဆံပင်ညှပ်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်ရက်အတွင်း ဆံပင်လာညှပ်သူတွေမှာ အမျိုးသားက (၁၁၂)ဦးနဲ့ အမျိုးသမီးက (၃)ဦးပါဝင်တယ်လို့ သိရပြီး စစ်သားတွေ၊ ရဲတွေနဲ့ သတင်းတင်ဆက်တဲ့ သတင်းမီဒီယာသမားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

သတင်း၊ ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~