မယ္ဆိုင္ဂူအတြင္းမွ ကေလး ၄ ေယာက္ကို ေဆး႐ုံပို႔ထားၿပီး ေနာက္တစ္ႀကိမ္ ကယ္ဆယ္ေရးအတြက္ အခ်ိန္ ၁၀ နာရီခန႔္ ျပင္ဆင္ရန္လိုအပ္

မယ္ဆိုင္ဂူအတြင္းမွ ကေလး ၄ ေယာက္ကို ေဆး႐ုံပို႔ထားၿပီး ေနာက္တစ္ႀကိမ္ ကယ္ဆယ္ေရးအတြက္ အခ်ိန္ ၁၀ နာရီခန႔္ ျပင္ဆင္ရန္လိုအပ္
ဇူလိုင် 8, 2018
By 🌸
မယ္ဆိုင္ဂူအတြင္းမွ ကေလးမ်ားကယ္ထုတ္သည့္ ဇူလိုင္လ(၈)ရက္ေန႔တြင္ ပထမဆုံးအဖြဲ႕အျဖစ္ ကေလး(၄)ေယာက္ကို ေအာင္ျမင္စြာကယ္ထုတ္လာႏိုင္ၿပီး ေနာက္ထပ္ကေလးမ်ားအား ကယ္ထုတ္ရန္ (၁၀)နာရီခန႔္အခ်ိန္ယူ ျပင္ဆင္ရအုံးမည္ျဖစ္ေၾကာင္း ည(၉)နာရီသတင္းစာရွင္းလင္းပြဲတြင္ ခ်င္း႐ိုင္းခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက သတင္းထုတ္ျပန္လိုက္သည္။

“ကယ္ဆယ္ေရးုလုပ္ငန္းက ထင္တာထက္ပိုၿပီး ေအာင္ျမင္ပါတယ္”ဟု ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး နာ႐ြတ္ဆတ္ အိုဆထာနာကြန္းက သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားလိုက္သည္။

ပထမအဖြဲ႕အား ကယ္ဆယ္ေရးတြင္ ဂူအတြင္း သယ္ေဆာင္ထားသည့္ ေအာက္ဆီဂ်င္အားလုံးနီးပါး အသုံးျပဳခဲ့ရသျဖင့္ ထပ္မံျဖည့္တင္းျခင္းအပါအဝင္ အျခားျပင္ဆင္မႈမ်ားအတြက္ အနည္းဆုံး အခ်ိန္(၁၀)နာရီမွ နာရီ(၂၀)ဝန္းက်င္ ျပင္ဆင္ခ်ိန္ယူရန္လိုအပ္ေၾကာင္း သိရသည္။

ဂူအတြင္း (၁)ကီလိုမီတာအကြာအေဝးကို ေရငုပ္ခဲ့ရၿပီး ပထမဆုံးကေလးမွာ ထိုင္းစံေတာ္ခ်ိန္ ညေန(၅)နာရီ (၄၀)မိနစ္တြင္ ထြက္လာႏိုင္ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ေခၚထုတ္ခဲ့သည့္ကေလး(၄)ဦးကို ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက ကိုယ္တိုင္ေတြ႕ဆုံခဲ့ၿပီး ၎တို႔အား ခ်င္း႐ိုင္းေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီးျဖစ္ေၾကာင္း ထုတ္ျပန္သည္။

ညေနပိုင္းအခ်ိန္ထိ မယ္ဆိုင္ဂူအတြင္းမွ စုစုေပါင္း (၆)ဦးေခၚလာႏိုင္ၿပီဟု ကယ္ဆယ္ေရးစခန္းမွ အရာရွိတစ္ဦးက ညေနပိုင္းတြင္ေျပာၾကားခဲ့ေသာ္လည္း ထိုင္းေရတပ္ႏွင့္ ကယ္ဆယ္ေရးကို ဦးေဆာင္ႀကီးၾကပ္ေဆာင္႐ြက္ေနသည့္ ခ်င္း႐ိုင္းခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး နာ႐ြန္ဆတ္ အိုဆထာနာကြန္းက ညပိုင္းသတင္းစာရွင္းလင္းပြဲတြင္ (၄)ဦးေခၚလာႏုိင္ျခင္းျဖစ္ေၾကာင္း အတည္ျပဳခဲ့ျခင္းျဖစ္သည္။

ယေန႔ကယ္ဆယ္ေရးအတြက္ ဂူအတြင္းကယ္ဆယ္ေရးကြၽမ္းက်င္သည့္ ႏိုင္ငံျခားသားပညာရွင္(၁၃)ဦး ပါဝင္သည့္အနက္ (၃)ဦးမွာ သိပၸံပညာရွင္ျဖစ္ၿပီး က်န္ (၁၀)ဦးမွာ ေရငုပ္ကယ္ဆယ္ေရး ကြၽမ္းက်င္သူမ်ားျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ေရတပ္အထူးအဖြဲ႕မွ ေရငုပ္အဖြဲ႕(၄၀)ဦးႏွင့္ ႏိုင္ငံတကာမွ ေရငုပ္သမား(၅၀)ဦး စုစုေပါင္း အေယာက္(၉၀)ျဖင့္ အင္အားသုံးေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တစ္ကမာၻလုံးမွပံ့ပိုးကူညီအားေပးမႈမ်ားအတြက္ ေက်းဇူးတင္ေၾကာင္းကိုလည္း ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက ေျပာၾကားသြားခဲ့သည္။

သတင္း -Tachileik News Agency
ဓါတ္ပုံ #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်းမှ ကလေး ၄ ယောက်ကို ဆေးရုံပို့ထားပြီး နောက်တစ်ကြိမ် ကယ်ဆယ်ရေးအတွက် အချိန် ၁၀ နာရီခန့် ပြင်ဆင်ရန်လိုအပ်
**************
မယ်ဆိုင်ဂူအတွင်းမှ ကလေးများကယ်ထုတ်သည့် ဇူလိုင်လ(၈)ရက်နေ့တွင် ပထမဆုံးအဖွဲ့အဖြစ် ကလေး(၄)ယောက်ကို  အောင်မြင်စွာကယ်ထုတ်လာနိုင်ပြီး နောက်ထပ်ကလေးများအား ကယ်ထုတ်ရန် (၁၀)နာရီခန့်အချိန်ယူ ပြင်ဆင်ရအုံးမည်ဖြစ်ကြောင်း ည(၉)နာရီသတင်းစာရှင်းလင်းပွဲတွင် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက သတင်းထုတ်ပြန်လိုက်သည်။

“ကယ်ဆယ်ရေးုလုပ်ငန်းက ထင်တာထက်ပိုပြီး အောင်မြင်ပါတယ်”ဟု ခရိုင်အုပ်ချုပ်ရေးမှူး နာရွတ်ဆတ် အိုဆထာနာကွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ပထမအဖွဲ့အား ကယ်ဆယ်ရေးတွင် ဂူအတွင်း သယ်ဆောင်ထားသည့် အောက်ဆီဂျင်အားလုံးနီးပါး အသုံးပြုခဲ့ရသဖြင့် ထပ်မံဖြည့်တင်းခြင်းအပါအဝင် အခြားပြင်ဆင်မှုများအတွက် အနည်းဆုံး အချိန်(၁၀)နာရီမှ နာရီ(၂၀)ဝန်းကျင် ပြင်ဆင်ချိန်ယူရန်လိုအပ်ကြောင်း သိရသည်။

ဂူအတွင်း (၁)ကီလိုမီတာအကွာအဝေးကို ရေငုပ်ခဲ့ရပြီး ပထမဆုံးကလေးမှာ ထိုင်းစံတော်ချိန် ညနေ(၅)နာရီ (၄၀)မိနစ်တွင် ထွက်လာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ခေါ်ထုတ်ခဲ့သည့်ကလေး(၄)ဦးကို ခရိုင်အုပ်ချုပ်ရေးမှူးက ကိုယ်တိုင်တွေ့ဆုံခဲ့ပြီး ၎င်းတို့အား ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ညနေပိုင်းအချိန်ထိ မယ်ဆိုင်ဂူအတွင်းမှ စုစုပေါင်း (၆)ဦးခေါ်လာနိုင်ပြီဟု ကယ်ဆယ်ရေးစခန်းမှ အရာရှိတစ်ဦးက ညနေပိုင်းတွင်ပြောကြားခဲ့သော်လည်း ထိုင်းရေတပ်နှင့် ကယ်ဆယ်ရေးကို ဦးဆောင်ကြီးကြပ်ဆောင်ရွက်နေသည့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆတ် အိုဆထာနာကွန်းက ညပိုင်းသတင်းစာရှင်းလင်းပွဲတွင် (၄)ဦးခေါ်လာနိုင်ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယနေ့ကယ်ဆယ်ရေးအတွက် ဂူအတွင်းကယ်ဆယ်ရေးကျွမ်းကျင်သည့် နိုင်ငံခြားသားပညာရှင်(၁၃)ဦး ပါဝင်သည့်အနက် (၃)ဦးမှာ သိပ္ပံပညာရှင်ဖြစ်ပြီး ကျန် (၁၀)ဦးမှာ ရေငုပ်ကယ်ဆယ်ရေး ကျွမ်းကျင်သူများဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရေတပ်အထူးအဖွဲ့မှ ရေငုပ်အဖွဲ့(၄၀)ဦးနှင့် နိုင်ငံတကာမှ ရေငုပ်သမား(၅၀)ဦး စုစုပေါင်း အယောက်(၉၀)ဖြင့် အင်အားသုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံးမှပံ့ပိုးကူညီအားပေးမှုများအတွက် ကျေးဇူးတင်ကြောင်းကိုလည်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသွားခဲ့သည်။

သတင်း -Tachileik News Agency
ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~