ဒီတိုေနတာစနက္တံႀကိဳးမ်ား သယ္ေဆာင္လာသူကို မိုင္းကိုင္ၿမိဳ႕နယ္အတြင္း လဲခ်ား - မုိင္းကိုင္လမ္းတြင္ ဖမ္းမိ

ဒီတိုေနတာစနက္တံႀကိဳးမ်ား သယ္ေဆာင္လာသူကို မိုင္းကိုင္ၿမိဳ႕နယ္အတြင္း လဲခ်ား - မုိင္းကိုင္လမ္းတြင္ ဖမ္းမိ
ဇူလိုင် 27, 2018
By 🌸
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) လိြဳင္လင္ခရိုင္၊ မိုင္းကိုင္ၿမိဳ႕နယ္တြင္ လဲခ်ားမွ မုိင္းကိုင္သို႔ သယ္လာသည့္ ဒီတိုေနတာစနက္တံႀကိဳး သံုးေသာင္းကို တပ္မေတာ္က ဖမ္းဆီးရမိသျဖင့္ ရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္းေပးထားေၾကာင္း သိရသည္။

မိုင္းကိုင္ၿမိဳ႕နယ္တြင္ လဲခ်ားမွ မုိင္းကိုင္သို႔ ေမာင္းႏွင္လာသည့္ ပရိုေဘာက္စ္ယာဥ္တစ္စီးအား ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၆) ရက္ေန႔ နံနက္ (၈)နာရီ (၄၀)မိနစ္၌ တပ္မေတာ္က စစ္ေဆးရာ ယာဥ္ေပၚတြင္ သယ္ေဆာင္လာသည့္ ဒီတိုေနတာ စနက္တံႀကိဳး (၃၀၀၀၀) အား ရွာေဖြေတြ႔ရိွရသျဖင့္ မိုင္းကိုင္ၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေမာင္းႏွင္လာသည့္ စိုးမိုးေအာင္(ခ) ဖိုးသားအား မိုင္းကိုင္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၃/၂၀၁၈၊ ရွမ္းလက္နက္ ၁၂(ဂ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ဒီတိုနေတာစနက်တံကြိုးများ သယ်ဆောင်လာသူကို မိုင်းကိုင်မြို့နယ်အတွင်း လဲချား - မိုင်းကိုင်လမ်းတွင် ဖမ်းမိ
******************
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် လဲချားမှ မိုင်းကိုင်သို့ သယ်လာသည့် ဒီတိုနေတာစနက်တံကြိုး သုံးသောင်းကို တပ်မတော်က ဖမ်းဆီးရမိသဖြင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်တွင် လဲချားမှ မိုင်းကိုင်သို့ မောင်းနှင်လာသည့် ပရိုဘောက်စ်ယာဉ်တစ်စီးအား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ နံနက် (၈)နာရီ (၄၀)မိနစ်၌ တပ်မတော်က စစ်ဆေးရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် ဒီတိုနေတာ စနက်တံကြိုး (၃၀၀၀၀) အား ရှာဖွေတွေ့ရှိရသဖြင့် မိုင်းကိုင်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းနှင်လာသည့် စိုးမိုးအောင်(ခ) ဖိုးသားအား မိုင်းကိုင်မြို့မရဲစခန်းတွင် (ပ)၄၃/၂၀၁၈၊ ရှမ်းလက်နက် ၁၂(ဂ)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~