မသန္စြမ္းမ်ား လူမႈအသိုက္အဝန္းတြင္ အက်ံဳးဝင္မႈျမႇင့္တင္ေရး လားရိႈးတြင္ အလုပ္ရံုေဆြးေႏြးပြဲက်င္းပ

မသန္စြမ္းမ်ား လူမႈအသိုက္အဝန္းတြင္ အက်ံဳးဝင္မႈျမႇင့္တင္ေရး လားရိႈးတြင္ အလုပ္ရံုေဆြးေႏြးပြဲက်င္းပ
ဇူလိုင် 23, 2018
By 🌸
မသန္စြမ္းသူမ်ားလူမႈအသိုက္အဝန္းအတြင္း အက်ံဳးဝင္ႏိုင္မႈ ျမႇင့္တင္ေရး အလုပ္ရံုေဆြးေႏြးပြဲကို  ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရိွ ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္း (လားရိႈး)ခန္းမတြင္၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၃) ရက္ေန႔က က်င္းပသည္။

 “အလုပ္အေတြ႔အႀကံဳအရ သိရတာကေတာ့ မသန္စြမ္းေတြကိုယ္တိုင္ရယ္၊ သူတို႔ရဲ့မိဘ၊ မိသားစုေတြ ကိုယ္တိုင္က မသန္စြမ္းေတြမွာ အမ်ားသူငါလိုပဲ အလုပ္လုပ္ႏိုင္စြမ္း၊ ႀကိဳးစားႏိုင္စြမ္းရွိတယ္ဆိုတာကို မသိၾကဘူး။ သူတို႔မွာ အခြင့္အေရးေတြရွိတယ္ဆိုတာကို မသိၾကဘူး။ အခုလို အလုပ္ရံုေဆြးေႏြးပြဲေတြ လုပ္ေပးျခင္းအားျဖင့္ သူတို႔အခြင့္အေရးေတြကို သိလာမယ္။ ဘယ္လိုႀကိဳးစားလို႔ရတယ္ဆိုတာေတြကို သိရွိလာေစႏိုင္ၿပီး လူမႈအသိုက္အဝန္းထဲမွာ ပိုၿပီးေတာ့ အက်ံဳးဝင္လာေစႏိုင္မွာျဖစ္ပါတယ္ ” ဟု မသန္စြမ္းအေရးေဆာင္ရြက္ေနသည့္ ေရႊပုလဲအဖြဲ႔(လားရႈိး)မွ အတြင္းေရးမွဴး ေဒၚမိုးသူဇာက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါအလုပ္ရံုေဆြးေႏြးပြဲကို ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ားအသင္းခ်ဳပ္က ဦးေဆာင္က်င္းပျခင္းျဖစ္ၿပီး လားရိႈးၿမိဳ႕တြင္ (၇)ႀကိမ္ေျမာက္ က်င္းပသည့္ အလုပ္ရံုေဆြးေႏြးပြဲျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ လားရိႈးၿမိဳ႕၌  မသန္စြမ္းမ်ားကို ရွာေဖြကာ မသန္စြမ္းမ်ားအားကာကြယ္ေပးထားသည့္ ဥပေဒနည္းလမ္းမ်ားႏွင့္ အခြင့္အေရးမ်ားကို ၎တို႔၏မိသားစုမ်ားပါ သိရိွေစေရးအတြက္ အိမ္တုိင္ရာေရာက္ လိုက္လံေဆြးေႏြးမႈမ်ားကို မသန္စြမ္းအေရးကူညီေနသည့္ အဖြဲ႕အစည္းမ်ားက ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အလုပ္ရံုေဆြးေႏြးပြဲသို႔ မသန္စြမ္းသူမ်ား၏ မိသားစုဝင္မ်ား၊ မသန္စြမ္းသူမ်ား၊ မသန္စြမ္းသူမ်ားအား ကူညီေထာက္ပံ့ေပးေနသည့္အဖြဲ႔ဝင္မ်ားမွ စုစုေပါင္းလူဦးေရ (၅၀) ခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
မသန်စွမ်းများ လူမှုအသိုက်အဝန်းတွင် အကျုံးဝင်မှုမြှင့်တင်ရေး လားရှိုးတွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
**************
မသန်စွမ်းသူများလူမှုအသိုက်အဝန်းအတွင်း အကျုံးဝင်နိုင်မှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို  ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ မြန်မာနိုင်ငံဆရာဝန်များအသင်း (လားရှိုး)ခန်းမတွင်၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့က ကျင်းပသည်။
 “အလုပ်အတွေ့အကြုံအရ သိရတာကတော့ မသန်စွမ်းတွေကိုယ်တိုင်ရယ်၊ သူတို့ရဲ့မိဘ၊ မိသားစုတွေ ကိုယ်တိုင်က မသန်စွမ်းတွေမှာ အများသူငါလိုပဲ အလုပ်လုပ်နိုင်စွမ်း၊ ကြိုးစားနိုင်စွမ်းရှိတယ်ဆိုတာကို မသိကြဘူး။ သူတို့မှာ အခွင့်အရေးတွေရှိတယ်ဆိုတာကို မသိကြဘူး။ အခုလို အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပေးခြင်းအားဖြင့် သူတို့အခွင့်အရေးတွေကို သိလာမယ်။ ဘယ်လိုကြိုးစားလို့ရတယ်ဆိုတာတွေကို သိရှိလာစေနိုင်ပြီး လူမှုအသိုက်အဝန်းထဲမှာ ပိုပြီးတော့ အကျုံးဝင်လာစေနိုင်မှာဖြစ်ပါတယ် ” ဟု မသန်စွမ်းအရေးဆောင်ရွက်နေသည့် ရွှေပုလဲအဖွဲ့(လားရှိုး)မှ အတွင်းရေးမှူး ဒေါ်မိုးသူဇာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး လားရှိုးမြို့တွင် (၇)ကြိမ်မြောက် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လားရှိုးမြို့၌  မသန်စွမ်းများကို ရှာဖွေကာ မသန်စွမ်းများအားကာကွယ်ပေးထားသည့် ဥပဒေနည်းလမ်းများနှင့် အခွင့်အရေးများကို ၎င်းတို့၏မိသားစုများပါ သိရှိစေရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံဆွေးနွေးမှုများကို မသန်စွမ်းအရေးကူညီနေသည့် အဖွဲ့အစည်းများက ဆောင်ရွက်နေကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မသန်စွမ်းသူများ၏ မိသားစုဝင်များ၊ မသန်စွမ်းသူများ၊ မသန်စွမ်းသူများအား ကူညီထောက်ပံ့ပေးနေသည့်အဖွဲ့ဝင်များမှ စုစုပေါင်းလူဦးရေ (၅၀) ခန့် တက်ရောက်ကြကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~