မယ္ဆိုင္ဂူအတြင္းမွ ကယ္ထုတ္လာသည့္ ႏုိင္ငံမဲ့ျဖစ္ေနေသာ နည္းျပႏွင့္ ကေလး (၃)ေယာက္ကို ထုိင္းႏိုင္ငံက ႏုိင္ငံသားေပးႏုိင္ရန္ စိစစ္ေန

မယ္ဆိုင္ဂူအတြင္းမွ ကယ္ထုတ္လာသည့္ ႏုိင္ငံမဲ့ျဖစ္ေနေသာ နည္းျပႏွင့္ ကေလး (၃)ေယာက္ကို ထုိင္းႏိုင္ငံက ႏုိင္ငံသားေပးႏုိင္ရန္ စိစစ္ေန
ဇူလိုင် 12, 2018
By Tachileik News Agency

မယ္ဆုိင္ဂူအတြင္းမွတဆင့္ ကယ္ထုတ္လာသည့္ ေတာဝက္ေဘာလံုးအသင္း  နည္းျပႏွင့္ ကေလး(၃)ေယာက္မွာ ႏုိင္ငံမဲ့ျဖစ္ေနသျဖင့္ ထုိင္းႏုိင္ငံသားေပးရန္ စဥ္းစားေနေၾကာင္း သိရသည္။

နည္းျပ အိုက္ႏွင့္ ကစားသမား ကေလး(၃)ဦးတုိ႔သည္ ျမန္မာႏုိင္ငံ ရွမ္းျပည္နယ္ႏွင့္ ထုိင္းႏုိင္ငံ နယ္စပ္ေဒသတြင္ ေနထုိင္သည့္ မိသားစုမ်ားမွျဖစ္ၾကသျဖင့္ ႏုိင္ငံမဲ့ကေလးမ်ားျဖစ္ေနၾကရာ ႏုိင္ငံသား ျဖစ္ခြင့္ေပးေရးအတြက္ ထုိင္းဥပေဒအရ ေဆာင္ရြက္ႏုိင္ရန္ စဥ္းစားေနျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ အားလံုးကို ကုသေရးတြင္ တေျပးညီေဆာင္ရြက္ေပးထားၿပီး ကစားသမားကေလး (၃)ဦးမွာ ထုိင္းႏုိင္ငံသား ကဒ္မ်ား ရိွထားသျဖင့္ ႏုိင္ငံသားအခြင့္အေရးမ်ား ရေနေသာ္လည္း နည္းျပမွာ ႏုိင္ငံမဲ့ ျဖစ္ေနသျဖင့္ ဥပေဒအရ အခ်ိဳ႕အခြင့္အေရးမ်ားရရိွခံစားေရးမွာ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

လက္ရိွတြင္ အဆိုပါကေလးမ်ား၏ ေမြးစာရင္းအေထာက္အထား၊ ထုိင္းနုိင္ငံတြင္ ေမြးဖြားေၾကာင္းႏွင့္ ထုိင္းႏုိင္ငံသား မိခင္သို႔မဟုတ္ ဖခင္ျဖစ္ေၾကာင္း အေထာက္အထားမ်ားကို ခ်င္းရိုင္းခရိုင္အဆင့္ တာဝန္ရိွသူမ်ားက ရွာေဖြေနေၾကာင္း သိရသည္။

ႏုိင္ငံသား မဟုတ္သည့္ အဆိုပါ (၄)ဦးအတြက္ အခ်ိဳ႕အခြင့္အေရးမ်ား ေပးအပ္ရာတြင္ အကန္႔အသတ္ျဖစ္ေနေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံဥပေဒအရ ႏုိင္ငံမဲ့မ်ားအတြက္ အခ်ိဳ႕ေသာ အေျခခံအခြင့္အေရးမ်ားျဖစ္သည့္ ပညာသင္ယူခြင့္၊ က်န္းမာေရး ေစာင့္ေရွာက္ခံယူခြင့္တုိ႔ ေပးထားျခင္းျဖစ္ရာ အဆိုပါ ႏုိင္ငံမဲ့ကေလး (၄)ဦးမွာ ေက်ာင္းတက္ေနႏုိင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတုိ႔အားလံုးဟာ ထုိင္းနုိင္ငံရဲ႕ တကယ့္ႏုိင္ငံသားေကာင္းေတြျဖစ္လာၾကမွာပါ”ဟု ကယ္ဆယ္ေရး လုပ္ငန္းေအာင္ျမင္ၿပီး က်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးေဟာင္း နာရြန္ဆတ္အိုဆထာနာကြန္းက ေျပာၾကားထားသည္။

လက္ရိွတြင္ နည္းျပအုိက္ႏွင့္ ကေလး(၃)ဦး ႏုိင္ငံသားျဖစ္ခြင့္ေပးႏိုင္ေရးအတြက္ ထုိင္းႏိုင္ငံမွ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားက စိစစ္ေဆာင္ရြက္ေနၾကဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref:Guardian


~~~~~~~~⊰❂ unicode ~~~~~~~~

မယ်ဆိုင်ဂူအတွင်းမှတဆင့် ကယ်ထုတ်လာသည့် တောဝက်ဘောလုံးအသင်း နည်းပြနှင့် ကလေး(၃)ယောက်မှာ နိုင်ငံမဲ့ဖြစ်နေသဖြင့် ထိုင်းနိုင်ငံသားပေးရန် စဉ်းစားနေကြောင်း သိရသည်။

နည်းပြ အိုက်နှင့် ကစားသမား ကလေး(၃)ဦးတို့သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသတွင် နေထိုင်သည့် မိသားစုများမှဖြစ်ကြသဖြင့် နိုင်ငံမဲ့ကလေးများဖြစ်နကြေရာ နိုင်ငံသား ဖြစ်ခွင့်ပေးရေးအတွက် ထိုင်းဥပဒေအရ ဆောင်ရွက်နိုင်ရန် စဉ်းစားနခြေင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ အားလုံးကို ကုသရေးတွင် တပြေးညီဆောင်ရွက်ပေးထားပြီး ကစားသမားကလေး (၃)ဦးမှာ ထိုင်းနိုင်ငံသား ကဒ်များ ရှိထားသဖြင့် နိုင်ငံသားအခွင့်အရေးများ ရနေသော်လည်း နည်းပြမှာ နိုင်ငံမဲ့ ဖြစ်နေသဖြင့် ဥပဒေအရ အချို့အခွင့်အရေးများရရှိခံစားရေးမှာ အခက်အခဲဖြစ်နေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါကလေးများ၏ မွေးစာရင်းအထောက်အထား၊ ထိုင်းနိုင်ငံတွင် မွေးဖွားကြောင်းနှင့် ထိုင်းနိုင်ငံသား မိခင်သို့မဟုတ် ဖခင်ဖြစ်ကြောင်း အထောက်အထားများကို ချင်းရိုင်းခရိုင်အဆင့် တာဝန်ရှိသူများက ရှာဖွေနေကြောင်း သိရသည်။

နိုင်ငံသား မဟုတ်သည့် အဆိုပါ (၄)ဦးအတွက် အချို့အခွင့်အရေးများ ပေးအပ်ရာတွင် အကန့်အသတ်ဖြစ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံဥပဒေအရ နိုင်ငံမဲ့များအတွက် အချို့သော အခြေခံအခွင့်အရေးများဖြစ်သည့် ပညာသင်ယူခွင့်၊ ကျန်းမာရေး စောင့်ရှောက်ခံယူခွင့်တို့ ပေးထားခြင်းဖြစ်ရာ အဆိုပါ နိုင်ငံမဲ့ကလေး (၄)ဦးမှာ ကျောင်းတက်နေနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့အားလုံးဟာ ထိုင်းနိုင်ငံရဲ့ တကယ့်နိုင်ငံသားကောင်းတွဖြေစ်လာကြမှာပါ”ဟု ကယ်ဆယ်ရေး လုပ်ငန်းအောင်မြင်ပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးဟောင်း နာရွန်ဆတ်အိုဆထာနာကွန်းက ပြောကြားထားသည်။

လက်ရှိတွင် နည်းပြအိုက်နှင့် ကလေး(၃)ဦး နိုင်ငံသားဖြစ်ခွင့်ပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်ဆောင်ရွက်နကြေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref:Guardian 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~