၂၀၁၈၏ (၇)လေက်ာ္အတြင္း ထိုင္းဘက္က ဖမ္းဆီးရမိသည့္ တရားမ၀င္ျမန္မာလုပ္သား(၆၅၄)ဦးကို တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္းထား

၂၀၁၈၏ (၇)လေက်ာ္အတြင္း ထိုင္းဘက္က ဖမ္းဆီးရမိသည့္ တရားမ၀င္ျမန္မာလုပ္သား(၆၅၄)ဦးကို တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္းထား
ဇူလိုင် 26, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏုိင္ငံသား (၅)ဦးကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၆)ရက္ေန႔က လာေရာက္လႊဲေျပာင္းေပးရာ ၂၀၁၈ ခုႏွစ္အတြင္း ထုိင္းနိုင္ငံမွ တာခ်ီလိတ္သို႔ လႊဲေျပာင္းသူဦးေရ (၆၅၄)ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

ယေန႔လႊႊဲေျပာင္းလာသည့္ အမ်ိဳးသား (၄)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးကို ျမန္မာႏုိင္ငံဖက္မွ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ၊ အလုပ္သမားလူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ (CNCMC)ေကာ္မတီ၀င္မ်ားက စိစစ္ လက္ခံႀကိဳဆိုၾကေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔မွ ဇူလုိင္လ (၂၅)ရက္ေန႔အထိ ထုိင္းႏုိင္ငံဘက္မွ တာခ်ီလိတ္ဘက္သို႔ လႊဲေျပာင္းလာသူဦးေရမွာ အမ်ိဳးသား (၄၃၀) ဦးႏွင့္ အမ်ိဳးသမီး (၂၀၂)ဦး၊ ကေလး (၂၂)ဦး စုစုေပါင္း (၆၅၄)ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC





~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၅)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့က လာရောက်လွှဲပြောင်းပေးရာ ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ တာချီလိတ်သို့ လွှဲပြောင်းသူဦးရေ (၆၅၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ယနေ့လွှဲပြောင်းလာသည့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၁)ဦးကို မြန်မာနိုင်ငံဖက်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)ကော်မတီဝင်များက စိစစ် လက်ခံကြိုဆိုကြကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၂၅)ရက်နေ့အထိ ထိုင်းနိုင်ငံဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာသူဦးရေမှာ အမျိုးသား (၄၃၀) ဦးနှင့် အမျိုးသမီး (၂၀၂)ဦး၊ ကလေး (၂၂)ဦး စုစုပေါင်း (၆၅၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~