ဗီဒီယိုတိပ္ေခြႏွင့္ ေလဆာဓာတ္ျပားမ်ားတြင္ ဆင္ဆာလက္မွတ္ထည့္သြင္းရန္ သတိေပးႏႈိးေဆာ္ထား

ဗီဒီယိုတိပ္ေခြႏွင့္ ေလဆာဓာတ္ျပားမ်ားတြင္ ဆင္ဆာလက္မွတ္ထည့္သြင္းရန္ သတိေပးႏႈိးေဆာ္ထား
ဇူလိုင် 22, 2018
By 🌸
ရုပ္ျမင္သံၾကားႏွင့္ ဗီဒီယိုဥပေဒပါ ခိုးကူးေခြမ်ားႏွင့္ပတ္သက္သည့္ ျပစ္ဒဏ္မ်ား တိုးျမင့္ျပင္ဆင္ သတ္မွတ္ထားၿပီးျဖစ္၍ ဗီဒီယိုတိပ္ေခြ၊ ေလဆာဓာတ္ျပားမ်ားတြင္ ဆင္ဆာလက္မွတ္မ်ား ကပ္ထားရန္ ဆင္ဆာအဖြဲ႕က သတိေပးႏိႈးေဆာ္လုိက္သည္။

ျပင္ဆင္လုိက္သည့္ဥပေဒအရ ဆင္ဆာလက္မွတ္ပါဝင္ျခင္းမရိွသည့္ ဗီဒီယိုတိပ္ေခြ၊ ေလဆာဓာတ္ျပားမ်ားကို ကူးယူျခင္း၊ ျဖန္႔ခ်ိျခင္း၊ ငွားရမ္းျခင္း သို႔မဟုတ္ ျပသျခင္းေဆာင္ရြက္ပါက ေထာင္ဒဏ္အနည္းဆံုး (၆)လမွ (၃)ႏွစ္အျပင္ က်ပ္ေငြ(၁၀)သိန္းထက္မပိုေသာ ေငြဒဏ္ပါခ်မွတ္ႏုိင္သည့္အျပင္ ရုပ္ျမင္သံၾကားႏွင့္ ဗီဒီယိုဥပေဒ ပုဒ္မ ၃၂ ကိုျပင္ဆင္ထားသည့္ သတ္မွတ္ခ်က္အရ ျပစ္မႈႏွင့္တုိက္ရိုက္ သက္ဆုိင္သည့္ ပစၥည္းမ်ားကိုလည္း ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းနိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ရုပ္ျမင္သံၾကားႏွင့္ ဗီဒီယိုဥပေဒပုဒ္မ ၂၅ (ခ)အရ ျပည္တြင္းဗီဒီယိုထုတ္လုပ္ေရးလုပ္ငန္းမ်ားက ရိုက္ကူးထုတ္ျပန္၍ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ဗီဒီယိုဆင္ဆာအဖြဲ႕က စစ္ေဆးခြင့္ျပဳၿပီးေသာ ျမန္မာဗီဒီယိုဇာတ္လမ္း၊ ကာရာအိုေကသီခ်င္း၊ ဗီဒီယိုတိပ္ေခြႏွင့္ ဗီဒီယိုေလဆာဓာတ္ျပားမ်ားတြင္ ဗီဒီယိုဆင္ဆာအဖြဲ႕က ထုတ္ေပးသည့္ ခြင့္ျပဳအမွတ္စဥ္ပါေသာ ဗီဒီယိုဆင္ဆာလက္မွတ္အေသးကို ကပ္ထားရမည္ျဖစ္ရာ ဗီဒီယိုျပသေရးလုပ္ငန္း၊ ျဖန္႔ခ်ိေရးလုပ္ငန္း၊ ငွားရမ္းျခင္းလုပ္ငန္း၊ တိပ္ေခြကူးယူျခင္းလုပ္ငန္း၊ ကာရာအိုေကလုပ္ငန္းမ်ားအေနျဖင့္ မိမိတို႔ အသံုးျပဳသည့္ ဗီဒီယိုတိပ္ေခြႏွင့္ ဗီဒီယို ေလဆာဓာတ္ျပားမ်ားတြင္ ဆင္ဆာလက္မွတ္အေသးကပ္ထားျခင္းရိွမရိွ စစ္ေဆးအသံုးျပဳၾကရန္ ဆင္ဆာအဖြဲ႕က သတိေပးထားသည္။

၁၉၉၆ ခုႏွစ္က ျပဌာန္းခဲ့သည့္ ရုပ္ျမင္သံၾကားႏွင့္ ဗီဒီယိုဥပေဒ(၈/၁၉၉၆) ကို ျပန္လည္ ျပင္ဆင္သည့္ ရုပ္ျမင္ သံၾကားႏွင့္ ဗီဒီယိုဥပေဒကို ျပင္ဆင္သည့္ ဥပေဒၾကမ္းအား ျပန္ၾကားေရးဝန္ႀကီးဌာနက ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂၆)ရက္ေန႔တြင္ ျပည္သူ ့လႊတ္ေတာ္သို ့ တင္သြင္းခဲ့ျခင္းျဖစ္သည္။

ဥပေဒေဟာင္းမွာ ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒႏွင့္ ကိုက္ညီမႈမရွိျခင္း၊ ႏိုင္ငံတကာ ရုပ္ရွင္ဥပေဒမ်ားႏွင့္ ဆီေလ်ာ္မႈမရွိျခင္း၊ ႏိုင္ငံတကာတြင္ ရုပ္ရွင္၊ ဗီဒီယိုဟူ၍ ခြဲျခားမႈမရွိျခင္း၊ ျမန္မာ့ရုပ္ရွင္ဖြ႔ံၿဖိဳးတိုးတက္ေရးအတြက္ ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္ရြက္ရန္ လိုအပ္လာသည့္ အေျခအေနမ်ားအရ ရုပ္ရွင္ဥပေဒအသစ္အား ေရးဆြဲ အတည္ျပဳ ျပဌာန္းႏိုင္ျခင္းမရွိေသးမီ ဗီဒီယိုလုပ္ငန္းဆိုင္ရာ ေဆာင္ရြက္ခ်က္မ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ ေဆာင္ရြက္ႏိုင္ရန္ လိုအပ္ျခင္း၊  ရုပ္ျမင္သံၾကားႏွင့္ ဗီဒီယို ဥပေဒ (၈ / ၁၉၉၆) ပါ ျပဌာန္းခ်က္မ်ားမွ ျပဌာန္းခ်က္မ်ားကို ေခတ္ႏွင့္ အညီ တိုးျမႇင့္ရန္လိုအပ္ျခင္းတို႔ေၾကာင့္ ျပင္ဆင္ေရးဆြဲထားျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ဗီဒီယိုတိပ်ခွေနှင့် လေဆာဓာတ်ပြားများတွင် ဆင်ဆာလက်မှတ်ထည့်သွင်းရန် သတိပေးနှိုးဆော်ထား
***********
ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ခိုးကူးခွေများနှင့်ပတ်သက်သည့် ပြစ်ဒဏ်များ တိုးမြင့်ပြင်ဆင် သတ်မှတ်ထားပြီးဖြစ်၍ ဗီဒီယိုတိပ်ခွေ၊ လေဆာဓာတ်ပြားများတွင် ဆင်ဆာလက်မှတ်များ ကပ်ထားရန် ဆင်ဆာအဖွဲ့က သတိပေးနှိုးဆော်လိုက်သည်။

ပြင်ဆင်လိုက်သည့်ဥပဒေအရ ဆင်ဆာလက်မှတ်ပါဝင်ခြင်းမရှိသည့် ဗီဒီယိုတိပ်ခွေ၊ လေဆာဓာတ်ပြားများကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် ပြသခြင်းဆောင်ရွက်ပါက ထောင်ဒဏ်အနည်းဆုံး (၆)လမှ (၃)နှစ်အပြင် ကျပ်ငွေ(၁၀)သိန်းထက်မပိုသော ငွေဒဏ်ပါချမှတ်နိုင်သည့်အပြင် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၃၂ ကိုပြင်ဆင်ထားသည့် သတ်မှတ်ချက်အရ ပြစ်မှုနှင့်တိုက်ရိုက် သက်ဆိုင်သည့် ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၂၅ (ခ)အရ ပြည်တွင်းဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းများက ရိုက်ကူးထုတ်ပြန်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဗီဒီယိုဆင်ဆာအဖွဲ့က စစ်ဆေးခွင့်ပြုပြီးသော မြန်မာဗီဒီယိုဇာတ်လမ်း၊ ကာရာအိုကေသီချင်း၊ ဗီဒီယိုတိပ်ခွေနှင့် ဗီဒီယိုလေဆာဓာတ်ပြားများတွင် ဗီဒီယိုဆင်ဆာအဖွဲ့က ထုတ်ပေးသည့် ခွင့်ပြုအမှတ်စဉ်ပါသော ဗီဒီယိုဆင်ဆာလက်မှတ်အသေးကို ကပ်ထားရမည်ဖြစ်ရာ ဗီဒီယိုပြသရေးလုပ်ငန်း၊ ဖြန့်ချိရေးလုပ်ငန်း၊ ငှားရမ်းခြင်းလုပ်ငန်း၊ တိပ်ခွေကူးယူခြင်းလုပ်ငန်း၊ ကာရာအိုကေလုပ်ငန်းများအနေဖြင့် မိမိတို့ အသုံးပြုသည့် ဗီဒီယိုတိပ်ခွေနှင့် ဗီဒီယို လေဆာဓာတ်ပြားများတွင် ဆင်ဆာလက်မှတ်အသေးကပ်ထားခြင်းရှိမရှိ စစ်ဆေးအသုံးပြုကြရန် ဆင်ဆာအဖွဲ့က သတိပေးထားသည်။

၁၉၉၆ ခုနှစ်က ပြဌာန်းခဲ့သည့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ(၈/၁၉၉၆) ကို ပြန်လည် ပြင်ဆင်သည့် ရုပ်မြင် သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဥပဒေဟောင်းမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိခြင်း၊ နိုင်ငံတကာ ရုပ်ရှင်ဥပဒေများနှင့် ဆီလျော်မှုမရှိခြင်း၊ နိုင်ငံတကာတွင် ရုပ်ရှင်၊ ဗီဒီယိုဟူ၍ ခွဲခြားမှုမရှိခြင်း၊ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်လာသည့် အခြေအနေများအရ ရုပ်ရှင်ဥပဒေအသစ်အား ရေးဆွဲ အတည်ပြု ပြဌာန်းနိုင်ခြင်းမရှိသေးမီ ဗီဒီယိုလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို ဥပဒေနှင့်အညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်ခြင်း၊  ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ (၈ / ၁၉၉၆) ပါ ပြဌာန်းချက်များမှ ပြဌာန်းချက်များကို ခေတ်နှင့် အညီ တိုးမြှင့်ရန်လိုအပ်ခြင်းတို့ကြောင့် ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~