ဂူအတွင်းဝင်ရောက်နေတဲ့ ရေတပ်သားများ ရောက်ရှိရာ လမ်းတစ်လျှောက် ထိန်းချုပ်ရေးအဖွဲ့ထံ သတင်းပို့နိုင်ရန် ဆက်သွယ်ရေးလိုင်းများပါ သွယ်တန်းရ၍ အချိန်ကြာ

ဂူအတွင်းဝင်ရောက်နေတဲ့ ရေတပ်သားများ ရောက်ရှိရာ လမ်းတစ်လျှောက် ထိန်းချုပ်ရေးအဖွဲ့ထံ သတင်းပို့နိုင်ရန် ဆက်သွယ်ရေးလိုင်းများပါ သွယ်တန်းရ၍ အချိန်ကြာ
ဇူလိုင် 1, 2018
By Tachileik News Agency

ထိုင်း - မြန်မာနယ်စပ် မယ်ဆိုင်မြို့ ထမ့်လွမ်ဂူအတွင်း ကယ်ဆယ်ရှာဖွေရေးလုပ်နေတဲ့ ထိုင်းတော်ဝင်ရေတပ်ရဲ့ အထူးအဖွဲ့ဟာ ကလေးတွေ ရှိနေနိုင်တဲ့ နေရာကို ရေငုပ်ရှာဖွေရှေ့တိုးရင်း ထိန်းချုပ်ညွှန်ကြားပေးတဲ့ နေရာနဲ့ ဆက်သွယ်နိုင်ဖို့ ရေအောက်ကနေ ဆက်သွယ်ရေးလိုင်းကိုလည်း သွယ်တန်းနေကြပါတယ်။

အထူးရေငုပ်အဖွဲ့က ဂူအတွင်း အခန်းအမှတ်(၃)ကနေ ကလေးတွေပိတ်မိနေနိုင်တဲ့နေရာကိုရောက်ဖို့ မနေ့ နေ့လယ်ကတည်းက ရှေ့တိုးသွားနေတာဖြစ်ပေမဲ့ အဲဒီနေရာမှာ ရွံ့ရေနစ်မြုပ်နေဆဲဖြစ်တဲ့အပြင် ဂူအတွင်း အလင်းရောင်မရတာကြောင့် ရေငုပ်ရှာဖွေနေတဲ့ ရေတပ်အထူးအဖွဲ့ဟာ flashlight(ခေါင်းပေါ်မှာတပ်ဆင်ထားတဲ့မီးအလင်း)လေးတွေက မီးအလင်းရောင်နဲ့ပဲ ရွှံ့ရေမြုပ်နေတဲ့ ကျောက်ဂူအတွင်း လမ်းကြောင်းရှာနေကြတယ်လို့ သိရပါတယ်။

ဒီအပိုင်းက ကယ်ဆယ်ရေးသမားတွေ အတွက် အောက်ဆီဂျင်က အရေးအကြီးဆုံး ဖြစ်တာကြောင့် ရှေ့ဆက်တိုးတဲ့ အကွာအဝေးနဲ့ အောက်ဆီဂျင်လုံလောက်အောင်လည်း စီစဉ်နေကြရသလို သူတို့လာတဲ့ လမ်းတလျှောက် ဂူအတွင်းပိုင်း (၂၅)မီတာအကွာတိုင်းမှာ အောက်ဆီဂျင်ဗူးတွေကို အမှတ်အသားနဲ့ ထားရပါတယ်။


ကယ်ဆယ်ရှာဖွေရေးကို အဓိက ဦးဆောင်လုပ်နေတဲ့ ရေတပ်အထူးအဖွဲ့ဟာ အဖွဲ့တွေခွဲပြီး လမ်းကြောင်းရှာဖွေရင်း ရှေ့တိုးနေကြသလို ဂူအပေါ်ပိုင်းကနေ ဆင်းလာဖို့ကြိုးစားနေတဲ့အဖွဲ့တွေကလည်း နောက်ထပ် ဖြစ်နိုင်ခြေတွေ ရှာဖွေတာကို ထမ့်လွမ်ဂူအတွင်း ကယ်ဆယ်ရှာဖွေရေး (၉)ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ(၁)ရက်နေ့ နေ့လယ်အထိ လုပ်နေကြဆဲဖြစ်ပါတယ်။

Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာနယ်စပ် မယ်ဆိုင်မြို့ ထမ့်လွမ်ဂူအတွင်း ကယ်ဆယ်ရှာဖွေရေးလုပ်နေတဲ့ ထိုင်းတော်ဝင်ရေတပ်ရဲ့ အထူးအဖွဲ့ဟာ ကလေးတွေ ရှိနေနိုင်တဲ့ နေရာကို ရေငုပ်ရှာဖွေရှေ့တိုးရင်း ထိန်းချုပ်ညွှန်ကြားပေးတဲ့ နေရာနဲ့ ဆက်သွယ်နိုင်ဖို့ ရေအောက်ကနေ ဆက်သွယ်ရေးလိုင်းကိုလည်း သွယ်တန်းနကြေပါတယ်။

အထူးရေငုပ်အဖွဲ့က ဂူအတွင်း အခန်းအမှတ်(၃)ကနေ ကလေးတွေပိတ်မိနေနိုင်တဲ့နေရာကိုရောက်ဖို့ မနေ့ နေ့လယ်ကတည်းက ရှေ့တိုးသွားနေတာဖြစ်ပေမဲ့ အဲဒီနေရာမှာ ရွံ့ရေနစ်မြုပ်နေဆဲဖြစ်တဲ့အပြင် ဂူအတွင်း အလင်းရောင်မရတာကြောင့် ရေငုပ်ရှာဖွေနေတဲ့ ရေတပ်အထူးအဖွဲ့ဟာ flashlight(ခေါင်းပေါ်မှာတပ်ဆင်ထားတဲ့မီးအလင်း)လေးတွေက မီးအလင်းရောင်နဲ့ပဲ ရွှံ့ရမြေုပ်နေတဲ့ ကျောက်ဂူအတွင်း လမ်းကြောင်းရှာနကြေတယ်လို့ သိရပါတယ်။

ဒီအပိုင်းက ကယ်ဆယ်ရေးသမားတွေ အတွက် အောက်ဆီဂျင်က အရေးအကြီးဆုံး ဖြစ်တာကြောင့် ရှေ့ဆက်တိုးတဲ့ အကွာအဝေးနဲ့ အောက်ဆီဂျင်လုံလောက်အောင်လည်း စီစဉ်နကြေရသလို သူတို့လာတဲ့ လမ်းတလျှောက် ဂူအတွင်းပိုင်း (၂၅)မီတာအကွာတိုင်းမှာ အောက်ဆီဂျင်ဗူးတွေကို အမှတ်အသားနဲ့ ထားရပါတယ်။

သူတို့ရှေ့ဆက်တိုးဖို့ အဓိက လုပ်ဆောင်ရတာက လမ်းကြောင်းပြတဲ့ ကြိုးတွေ သွယ်တန်းရတာပါ။ ပိတ်မိနေတဲ့ လူ(၁၃)ဦးအတွက် အောက်ဆီဂျင်ဗူးတွေ၊ အစာအဟာရတွေလည်း သယ်ဆောင်သွားရသလို တွေ့တဲ့ အချိန်မှာ ရေငုပ်ဝတ်စုံ အကူအညီနဲ့ ခေါ်ထုတ်ဖို့ သူတို့ကို ညွှန်ကြားပြသပေးဖို့လည်း ပြင်ဆင်ထားကြတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရှာဖွေရေးကို အဓိက ဦးဆောင်လုပ်နေတဲ့ ရေတပ်အထူးအဖွဲ့ဟာ အဖွဲ့တွေခွဲပြီး လမ်းကြောင်းရှာဖွေရင်း ရှေ့တိုးနကြေသလို ဂူအပေါ်ပိုင်းကနေ ဆင်းလာဖို့ကြိုးစားနေတဲ့အဖွဲ့တွေကလည်း နောက်ထပ် ဖြစ်နိုင်ခြေတွေ ရှာဖွေတာကို ထမ့်လွမ်ဂူအတွင်း ကယ်ဆယ်ရှာဖွေရေး (၉)ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ(၁)ရက်နေ့ နေ့လယ်အထိ လုပ်နကြေဆဲဖြစ်ပါတယ်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~