
ဇူလိုငျ 13, 2018
By Tachileik News Agency


၎င်းတို့မှာ တောဝက်ဘောလုံးအသင်းမှ ကလေး(၁၂)ယောက်နှင့် အသက်(၂၅)နှစ်အရွယ် နည်းပြတို့အား ဂူအပြင်သို့ ထိုင်းရေတပ်အထူးအဖွဲ့၊ နိုင်ငံတကာမှ ကျွမ်းကျင်သူများနှင့်အတူ ပါဝင်ခဲ့ကြသည့် ဗြိတိန်မှ ရေငုပ်သမား (၁၁)ဦးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဟာ ကျွမ်းကျင်မှုတွေကို တကယ်ကို စုစုစည်းစည်းနဲ့ အသုံးချနိုင်ခဲ့ရုံပါ”ဟု ရေငုပ်သမား တစ်ဦးဖြစ်သည့် စတင်တန်က လန်ဒန်ဟိသ်ရိုးလေဆိပ်တွင် သတင်းထောက်များအား ဖြေကြားခဲ့သည်။



Tachileik News Agency
ref:bangkokpost


~~~~~~~~⊰❂ unicode ~~~~~~~~

မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် ဗြိတိန်ရေငုပ်သမားများက သူရဲကောင်းများဟု မခံယူကြောင်း အထူးကျွမ်းကျင်မှုတစ်ခုဖြင့် ကူညီနိုင်ခဲ့မှုကိုသာ ဝမ်းသာမိကြောင်း ကလေးများကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ဗြိတိန်ရေငုပ်သမားက ပြောကြားလိုက်သည်။

၎င်းတို့မှာ တောဝက်ဘောလုံးအသင်းမှ ကလေး(၁၂)ယောက်နှင့် အသက်(၂၅)နှစ်အရွယ် နည်းပြတို့အား ဂူအပြင်သို့ ထိုင်းရေတပ်အထူးအဖွဲ့၊ နို်င်ငံတကာမှ ကျွမ်းကျင်သူများနှင့်အတူ ပါဝင်ခဲ့ကြသည့် ဗြိတိန်မှ ရေငုပ်သမား (၁၁)ဦးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဟာ ကျွမ်းကျင်မှုတွေကို တကယ်ကို စုစုစည်းစည်းနဲ့ အသုံးချနိုင်ခဲ့ရုံပါ”ဟု ရေငုပ်သမား တစ်ဦးဖြစ်သည့် စတင်တန်က လန်ဒန်ဟိသ်ရိုးလေဆိပ်တွင် သတင်းထောက်များအား ဖြကြေားခဲ့သည်။

“တကယ်တော့ သူတို့ကို ကယ်ထုတ်လာတာ (၁၃)ယောက်လုံး အပြင်မရောက်မချင်း ရေတွက်နေခဲ့ မိတာပါ။ သူတို့အားလုံး အသက်ရှင် ပါ့မလားဆိုတာ မသေချာခဲ့ဘူး”ဟု စတင်တန်က ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ဆိုသည်။

စတင်တန်နှင့် ဂျွန်ဗော်လ်ဿန်တို့သည် ဂူအတွင်းကယ်ဆယ်ရေးတွင် ကလေးများအား ရှာဖွေတွေ့ရှိခဲ့သည့် ရေငုပ်သမားများ ဖြစ်ကြသည်။

Tachileik News Agency
ref:bangkokpost

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~