မိုင်းဖုန်းဆရာတော်၏ တရားပွဲ စင်္ကာပူနိုင်ငံတွင် တရားတော်ဟောကြား

မိုင်းဖုန်းဆရာတော်၏ တရားပွဲ စင်္ကာပူနိုင်ငံတွင် တရားတော်ဟောကြား
ဇူလိုငျ 16, 2018
By Tachileik News Agency

စင်္ကာပူနိုင်ငံသို့ သာသနာပြုခရီးစဉ်အဖြစ် ကြွရောက်တော်မူနေသည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည်   ၂၀၁၈ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့ ညပိုင်းတွင် စင်္ကာပူနိုင်ငံရှိ လူဦးရေ (၇၀၀၀)၀င်ဆံ့သည့် Big Box ခန်းမတွင် တရားတော် ဟောကြားတော်မူကြောင်း သိရသည်။



Tachileik News Agency
ဓါတ်ပုံ - Aye T Z Aung



~~~~~~~~⊰❂ unicode ~~~~~~~~

စင်္ကာပူနိုင်ငံသို့ သာသနာပြုခရီးစဉ်အဖြစ် ကြွရောက်တော်မူနေသည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွယ်လိန်းစေတီကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ၂၀၁၈ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့ ညပိုင်းတွင် စင်္ကာပူနိုင်ငံရှိ လူဦးရေ (၇၀၀၀)ဝင်ဆံ့သည့် Big Box ခန်းမတွင် တရားတော် ဟောကြားတော်မူကြောင်း သိရသည်။

အဆိုပါ တရားပွဲအား စင်္ကာပူစံတော်ချိန် ည(၇)နာရီမှ ည(၁၁)နာရီအထိ ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး မိုင်းဖုန်းဆရာတော်သည် ဇူလိုင်လ(၁၁)ရက်နေ့ နှင့် ဇူလိုင်လ(၁၅)ရက်နေ့ ညပိုင်းတို့တွင် တရားတော် ဟောကြားတော်မူခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် ရှမ်းဘာသာဖြင့် တရားတော်ဟောကြားရာ တရားတော်များအား အောက်စဖိုဒ့် ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိက မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာသို့ လည်းကောက်း၊ အရှင်တုခမ်းဂျန် (ဆစ်ဆောင်ပန်းနား၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံ)က တရုပ်ဘာသာသို့ လည်းကောင်း အသီးသီး ဘာသာပြန်ဆိုပေးကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Aye T Z Aung

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~