ေနျပည္ေတာ္ အမွတ္ ၇ အထက္တန္းေက်ာင္းဝန္းမွ ATM စက္ကိုဖ်က္၍ ေငြထုတ္ရန္ႀကိဳးစားသည့္ လူငယ္ ၅ ဦးဖမ္းမိ

ေနျပည္ေတာ္ အမွတ္ ၇ အထက္တန္းေက်ာင္းဝန္းမွ ATM စက္ကိုဖ်က္၍ ေငြထုတ္ရန္ႀကိဳးစားသည့္ လူငယ္ ၅ ဦးဖမ္းမိ
ဇူလိုင် 24, 2018
By 🌸
ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ ဓနသိဒၶိရပ္ကြက္၊ သီရိၿမိဳင္လမ္းမႀကီးေဘးရိွ အ.ထ.က(၇) ေက်ာင္းဝန္းအတြင္း ထားရိွသည့္ ATM စက္ကို ဖ်က္ဆီး၍ ေငြထုတ္ရန္ႀကိဳးစားခဲ့သည့္ လူငယ္ (၅)ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါေက်ာင္းဝန္းအတြင္းရိွ ATM ၏ ေမာ္နီတာ၊ တံခါး၊ CCTV မ်ား ဖ်က္ဆီးခံထားရသည္ကို ၂၀၁၈ခုႏွစ္၊ ဇူလိုင္လ (၂၂) ရက္ေန႔ ညေန (၅)နာရီဝန္းက်င္က ေတြ႔ရသျဖင့္္ အမွတ္-၆ ရဲကင္းစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက လိုက္လံစုံစမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္ (၁၅)ႏွစ္ဝန္းက်င္ရိွ အဆိုပါလူငယ္(၅)ဦးကို ဓနသိဒၶိရပ္ကြက္အတြင္း၌ မသကၤာဖြယ္ေတြ႕ရွိသျဖင့္ အမွတ္ - ၃ နယ္ေျမရဲစခန္းတြင္ ေခၚေဆာင္စစ္ေဆးခဲ့ရာ ATM ေငြထုတ္စက္အား ဖ်က္ဆီး၍ ေငြမ်ားခိုးယူရန္ ႀကိဳးစားခဲ့ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။

 အဆိုပါ လူငယ္(၅)ဦးကို အမွတ္ - ၃နယ္ေျမရဲစခန္း (ပ) ၁၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅၁၁ (ခိုးမႈက်ဴးလြန္ရန္ ႀကံစည္မႈ)ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု - ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
နေပြည်တော် အမှတ် ၇ အထက်တန်းကျောင်းဝန်းမှ ATM စက်ကိုဖျက်၍ ငွေထုတ်ရန်ကြိုးစားသည့် လူငယ် ၅ ဦးဖမ်းမိ
*********
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ သီရိမြိုင်လမ်းမကြီးဘေးရှိ အ.ထ.က(၇) ကျောင်းဝန်းအတွင်း ထားရှိသည့် ATM စက်ကို ဖျက်ဆီး၍ ငွေထုတ်ရန်ကြိုးစားခဲ့သည့် လူငယ် (၅)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါကျောင်းဝန်းအတွင်းရှိ ATM ၏ မော်နီတာ၊ တံခါး၊ CCTV များ ဖျက်ဆီးခံထားရသည်ကို ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့ ညနေ (၅)နာရီဝန်းကျင်က တွေ့ရသဖြင့်် အမှတ်-၆ ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၁၅)နှစ်ဝန်းကျင်ရှိ အဆိုပါလူငယ်(၅)ဦးကို ဓနသိဒ္ဓိရပ်ကွက်အတွင်း၌ မသင်္ကာဖွယ်တွေ့ရှိသဖြင့် အမှတ် - ၃ နယ်မြေရဲစခန်းတွင် ခေါ်ဆောင်စစ်ဆေးခဲ့ရာ ATM ငွေထုတ်စက်အား ဖျက်ဆီး၍ ငွေများခိုးယူရန် ကြိုးစားခဲ့ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

 အဆိုပါ လူငယ်(၅)ဦးကို အမှတ် - ၃နယ်မြေရဲစခန်း (ပ) ၁၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၁၁ (ခိုးမှုကျူးလွန်ရန် ကြံစည်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~