တာခ်ီလိတ္တြင္ တပ္မေတာ္က နယ္ေျမရွင္းလင္းစဥ္ စိတ္ၾကြေဆးျပား ႏွစ္သိန္းေတြ႔ရိွ၍ ႏွစ္ရက္အတြင္း သိမ္းဆည္းရမိသည့္ စိတ္ၾကြေဆးျပား ေလးသိန္းေက်ာ္ကို ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္း

တာခ်ီလိတ္တြင္ တပ္မေတာ္က နယ္ေျမရွင္းလင္းစဥ္ စိတ္ၾကြေဆးျပား ႏွစ္သိန္းေတြ႔ရိွ၍ ႏွစ္ရက္အတြင္း သိမ္းဆည္းရမိသည့္ စိတ္ၾကြေဆးျပား ေလးသိန္းေက်ာ္ကို ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္း
ဇူလိုင် 5, 2018
By 🌸
ျမန္မာ-ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းအုပ္စုရိွ ေရွ႕တန္းတပ္စခန္း နယ္ေျမအတြင္း ဇူလုိင္လ(၃)ရက္ေန႔က စိတ္ၾကြေဆးျပားႏွစ္သိန္းေက်ာ္ႏွင့္ဆိုင္ကယ္(၃)စီးကို တပ္မေတာ္က သိမ္းဆည္းရမိၿပီးေနာက္ ဇူလုိင္လ (၄)ရက္ေန႔တြင္လည္း က်ထီးနားရြာအနီး လမ္းေဘးလွ်ိဳအတြင္းမွ စိတ္ၾကြေဆးျပား ႏွစ္သိန္းကို နယ္ေျမရွင္းလင္းစဥ္ ထပ္မံေတြ႔ရေၾကာင္း သိရသည္။

လြယ္ေတာ္ခမ္းအုပ္စုရိွ က်ထီးနားရြာအနီး ပတ္ဝန္းက်င္တြင္ ဇူလုိင္လ(၄)ရက္ေန႔က တပ္မေတာ္မွ ထုတ္ႏုတ္တပ္စိတ္(၁)စိတ္က နယ္ေျမရွင္းလင္းရာ နံနက္(၉)နာရီခြဲဝင္းက်င္တြင္ ကားလမ္းေဘး လွ်ိဳအတြင္း၌ ခရီးေဆာင္အိတ္တစ္လံုးအတြင္းမွ 999 တံဆိပ္ပါ မုိင္းကိုင္စကၠဴထုပ္မ်ား ျပန္႔က်ဲေနသည္ကို ေတြ႔ရသျဖင့္ စစ္ေဆးရာ စိတ္ၾကြေဆးျပား (၂၀၀၀၀၀)ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ဗ်ဴဟာအေျခခ်(တာခ်ီလိတ္)မွ စစ္ဦစီးဒုတိယတန္းဗိုလ္မွဴးေအးကိုကိုဇင္က ဇူလုိင္လ(၄)ရက္ေန႔တြင္ ဆက္သြယ္သတင္းေပးပို႔ခ်က္အရ မူးယစ္တပ္ဖြဲ႕စု(၃၀)ႏွင့္ သက္ဆုိင္ရာရဲတပ္ဖြဲ႕တာဝန္ရိွသူမ်ားက ေအာင္ေျမ(၂)ေရွ႕တန္းတပ္စခန္းသို႔သြားေရာက္ကာ တပ္မေတာ္က သိမ္းဆည္းရမိထားသည့္ သက္ေသခံပစၥည္းမ်ားကို လႊဲေျပာင္းလက္ခံခဲ့ေၾကာင္း သိရသည္။

ပိုင္ရွင္မဲ့သိမ္းဆည္းရမိသည့္ အဆိုပါစိတ္ၾကြေဆးျပားမ်ားႏွင့္ပတ္သက္၍ စံုစမ္းေဖၚထုတ္မႈမ်ားျပဳလုပ္ရန္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၅၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဇူလိုင္လ(၃)ရက္ေန႔တြင္လည္း ေအာင္ေျမ(၂)ႏွင့္ က်ထီးနားလမ္းပိုင္းတြင္ တပ္မေတာ္ကတပ္ဖြဲ႕ကို ေတြ႔စဥ္ ဆိုင္ကယ္(၃)စီးပစ္ထားခဲ့ၿပီး လမ္းေဘးလွ်ိဳအတြင္း အမ်ိဳးသား(၃)ဦးဆင္းေျပးသြားၾကရာ ၎တို႔က်န္ခဲ့သည့္ ဆုိင္ကယ္မ်ားေပၚရိွ အိတ္မ်ားအတြင္းမွ စိတ္ၾကြေဆးျပား ႏွစ္သိန္းေက်ာ္ကို သိမ္းဆည္းရမိထားသျဖင့္ ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းေပးထားခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် တပ်မတော်က နယ်မြေရှင်းလင်းစဉ် စိတ်ကြွဆေးပြား နှစ်သိန်းတွေ့ရှိ၍ နှစ်ရက်အတွင်း သိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြား လေးသိန်းကျော်ကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်း
****************************************
မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စုရှိ ရှေ့တန်းတပ်စခန်း နယ်မြေအတွင်း ဇူလိုင်လ(၃)ရက်နေ့က စိတ်ကြွဆေးပြားနှစ်သိန်းကျော်နှင့်ဆိုင်ကယ်(၃)စီးကို တပ်မတော်က သိမ်းဆည်းရမိပြီးနောက် ဇူလိုင်လ (၄)ရက်နေ့တွင်လည်း ကျထီးနားရွာအနီး လမ်းဘေးလျှိုအတွင်းမှ စိတ်ကြွဆေးပြား နှစ်သိန်းကို နယ်မြေရှင်းလင်းစဉ် ထပ်မံတွေ့ရကြောင်း သိရသည်။

လွယ်တော်ခမ်းအုပ်စုရှိ ကျထီးနားရွာအနီး ပတ်ဝန်းကျင်တွင် ဇူလိုင်လ(၄)ရက်နေ့က တပ်မတော်မှ ထုတ်နုတ်တပ်စိတ်(၁)စိတ်က နယ်မြေရှင်းလင်းရာ နံနက်(၉)နာရီခွဲဝင်းကျင်တွင် ကားလမ်းဘေး လျှိုအတွင်း၌ ခရီးဆောင်အိတ်တစ်လုံးအတွင်းမှ 999 တံဆိပ်ပါ မိုင်းကိုင်စက္ကူထုပ်များ ပြန့်ကျဲနေသည်ကို တွေ့ရသဖြင့် စစ်ဆေးရာ စိတ်ကြွဆေးပြား (၂၀၀၀၀၀)ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဗျူဟာအခြေချ(တာချီလိတ်)မှ စစ်ဦစီးဒုတိယတန်းဗိုလ်မှူးအေးကိုကိုဇင်က ဇူလိုင်လ(၄)ရက်နေ့တွင် ဆက်သွယ်သတင်းပေးပို့ချက်အရ မူးယစ်တပ်ဖွဲ့စု(၃၀)နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့တာဝန်ရှိသူများက အောင်မြေ(၂)ရှေ့တန်းတပ်စခန်းသို့သွားရောက်ကာ တပ်မတော်က သိမ်းဆည်းရမိထားသည့် သက်သေခံပစ္စည်းများကို လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။

ပိုင်ရှင်မဲ့သိမ်းဆည်းရမိသည့် အဆိုပါစိတ်ကြွဆေးပြားများနှင့်ပတ်သက်၍ စုံစမ်းဖေါ်ထုတ်မှုများပြုလုပ်ရန် တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၅၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

ဇူလိုင်လ(၃)ရက်နေ့တွင်လည်း အောင်မြေ(၂)နှင့် ကျထီးနားလမ်းပိုင်းတွင် တပ်မတော်ကတပ်ဖွဲ့ကို တွေ့စဉ် ဆိုင်ကယ်(၃)စီးပစ်ထားခဲ့ပြီး လမ်းဘေးလျှိုအတွင်း အမျိုးသား(၃)ဦးဆင်းပြေးသွားကြရာ ၎င်းတို့ကျန်ခဲ့သည့် ဆိုင်ကယ်များပေါ်ရှိ အိတ်များအတွင်းမှ စိတ်ကြွဆေးပြား နှစ်သိန်းကျော်ကို သိမ်းဆည်းရမိထားသဖြင့် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~