
ဇူလိုင် 18, 2018
By 🌸



သတင်း #ကိုသာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့နယ် ဝမ်ပုံရွာတွင် မူးယစ်သတင်းရနေအိမ်အားရှာဖွေရာ စိတ်ကြွဆေးပြား ၈၆ ပြား ဖမ်းမိ
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ဝမ်ပုံအုပ်စု၊ ဝမ်ပုံရွာရှိ နေအိမ်တစ်လုံးအား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၈၆)ပြားနှင့် မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ မိုင်းဖြတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့(မှု/ကူ)မှ တပ်ဖွဲ့ဝင်များ၊ စရဖစု)၄)မှတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ညနေ (၄)နာရီခွဲဝန်းကျင်တွင် ဝမ်ပုံရွာရှိ ဟေမာလှ(ခ) ယဲ့ပါဘိ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၈၆)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဟေမာလှ(ခ)ယဲ့ပါဘိအား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ)၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ကိုသာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~