မယ္ဆုိင္ဂူအတြင္းမွ ကေလး ၆ ေယာက္ထြက္လာၿပီဟု ကနဦးသတင္းရရိွ လူနာတင္ယာဥ္မ်ား ထပ္မံထြက္ခြာေန

မယ္ဆုိင္ဂူအတြင္းမွ ကေလး ၆ ေယာက္ထြက္လာၿပီဟု ကနဦးသတင္းရရိွ လူနာတင္ယာဥ္မ်ား ထပ္မံထြက္ခြာေန
ဇူလိုင် 8, 2018
By 🌸
�Update: 7:26 PM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ္ဆုိင္ဂူအတြင္းမွ ကေလး(၆)ေယာက္ထြက္လာၿပီျဖစ္ေၾကာင္း  သိရၿပီး လူနာတင္ယာဥ္မ်ား ျမန္မာစံေတာ္ခ်ိန္ (၇)နာရီခြဲဝန္းက်င္တြင္ ကယ္ဆယ္ေရးစခန္းမွ ထပ္မံထြက္ခြာေနသည္ကို ေတြ႔ရသည္။

မယ္ဆုိင္ဂူအတြင္းမွေရငုပ္ရသည့္အကြာအေဝးမွာ (၂)မုိင္ခြဲဝန္းက်င္ရိွၿပီး က်န္လမ္းေၾကာင္းတစ္ေလွ်ာက္လံုးတြင္ ေရ(၁၂)လက္မခန္႔သာက်န္ေတာ့သျဖင့္ လမ္းေကာင္းေကာင္းေလွ်ာက္၍ရသည့္အေနအထားတြင္ရိွေနေၾကာင္း သိရသည္။

ကေလးမ်ားအေနျဖင့္ ဂူအတြင္းမွ ခန္႔မွန္းထားသည္ထက္ ျမန္ျမန္ဆန္ဆန္ ထြက္လာႏုိင္ဖြယ္ရိွသည္ဟုလည္း ဂူအတြင္းကယ္ဆယ္ေရးလုပ္သူမ်ားကို ကိုးကား၍ ရဲအရာရိွတစ္ဦးကေျပာသည္။

ဂူအတြင္းမွ ကေလးမ်ားအား အဖြဲ႕(၄)ဖြဲ႔ခြဲ၍ ေခၚထုတ္လာမည္ျဖစ္ၿပီး ပထမဆံုးအဖြဲ႕တြင္ ကေလး(၄)ဦးပါမည္ဟုဆိုေသာ္လည္း ကနဦးသတင္းထြက္လာသည္မွာ ကေလးႏွစ္ဦးထြက္လာသည္ဟု သတင္းထြက္ေပၚခဲ့ျခင္းျဖစ္သည္။

အဆိုပါကေလးႏွစ္ဦးမွာ အေျခအေနေကာင္းမြန္ၿပီး ကယ္ဆယ္ေရးစခန္းအတြင္းရိွ ေဆးကုသခန္းတြင္ ကနဦးျပဳစုကုသေပးၿပီးမွ ခ်င္းရိုင္းေဆးရံုသို႔ ပို႔ေဆာင္ျခင္းျဖစ္ေၾကာင္း ရဲအရာရိွကဆိုသည္။

ကေလးမ်ားထြက္လာျခင္းႏွင့္ပတ္သက္၍ တာဝန္ရိွသူမ်ားက လက္ရိွအခ်ိန္ထိ သတင္းထုတ္ျပန္ျခင္းမရိွေသးဘဲ ကယ္ဆယ္ေရးစခန္းတြင္ တာဝန္က်အရာရိွအခ်ိဳ႕၏ ေျပာၾကားခ်က္ႏွင့္ ကယ္ဆယ္ေရးဝန္းအတြင္းမွ လူနာတင္ယာဥ္မ်ား၊ ရဟတ္ယာဥ္ပ်ံသန္းမႈမ်ားကို သတင္းမီဒီယာမ်ားက အတည္ျပဳခဲ့ျခင္းျဖစ္သည္။

ဇူလိုင္လ(၈)ရက္ေန႔ နံနက္(၁၀)နာရီမွစ၍ ကေလးမ်ားအား စတင္ေခၚထုတ္ျခင္းျဖစ္ၿပီး ည(၉)နာရီဝန္းက်င္တြင္ အျပင္ထြက္လာႏုိင္သည္ဟု တာဝန္ရိွသူမ်ားက ခန္႔မွန္းထားျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု -Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်းမှ ကလေး ၆ ယောက်ထွက်လာပြီဟု ကနဦးသတင်းရရှိ လူနာတင်ယာဉ်များ ထပ်မံထွက်ခွာနေ
�Update: 7:26 PM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူအတွင်းမှ ကလေး(၆)ယောက်ထွက်လာပြီဖြစ်ကြောင်း  သိရပြီး လူနာတင်ယာဉ်များ မြန်မာစံတော်ချိနန် (၇)နာရီခွဲဝန်းကျင်တွင် ကယ်ဆယ်ရေးစခန်းမှ ထပ်မံထွက်ခွာနေသည်ကို တွေ့ရသည်။

မယ်ဆိုင်ဂူအတွင်းမှရေငုပ်ရသည့်အကွာအဝေးမှာ (၂)မိုင်ခွဲဝန်းကျင်ရှိပြီး ကျန်လမ်းကြောင်းတစ်လျှောက်လုံးတွင် ရေ(၁၂)လက်မခန့်သာကျန်တော့သဖြင့် လမ်းကောင်းကောင်းလျှောက်၍ရသည့်အနေအထားတွင်ရှိနေကြောင်း သိရသည်။

ကလေးများအနေဖြင့် ဂူအတွင်းမှ ခန့်မှန်းထားသည်ထက် မြန်မြန်ဆန်ဆန် ထွက်လာနိုင်ဖွယ်ရှိသည်ဟုလည်း ဂူအတွင်းကယ်ဆယ်ရေးလုပ်သူများကို ကိုးကား၍ ရဲအရာရှိတစ်ဦးကပြောသည်။

ဂူအတွင်းမှ ကလေးများအား အဖွဲ့(၄)ဖွဲ့ခွဲ၍ ခေါ်ထုတ်လာမည်ဖြစ်ပြီး ပထမဆုံးအဖွဲ့တွင် ကလေး(၄)ဦးပါမည်ဟုဆိုသော်လည်း ကနဦးသတင်းထွက်လာသည်မှာ ကလေးနှစ်ဦးထွက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကလေးနှစ်ဦးမှာ အခြေအနေကောင်းမွန်ပြီး ကယ်ဆယ်ရေးစခန်းအတွင်းရှိ ဆေးကုသခန်းတွင် ကနဦးပြုစုကုသပေးပြီးမှ ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း ရဲအရာရှိကဆိုသည်။

ကလေးများထွက်လာခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများက လက်ရှိအချိန်ထိ သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ ကယ်ဆယ်ရေးစခန်းတွင် တာဝန်ကျအရာရှိအချို့၏ ပြောကြားချက်နှင့် ကယ်ဆယ်ရေးဝန်းအတွင်းမှ လူနာတင်ယာဉ်များ၊ ရဟတ်ယာဉ်ပျံသန်းမှုများကို သတင်းမီဒီယာများက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ(၈)ရက်နေ့ နံနက်(၁၀)နာရီမှစ၍ ကလေးများအား စတင်ခေါ်ထုတ်ခြင်းဖြစ်ပြီး ည(၉)နာရီဝန်းကျင်တွင် အပြင်ထွက်လာနိုင်သည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ -Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~