ေရစႀကိဳၿမိဳ႕နယ္ ေက်ာမၾကားေက်းရြာတြင္ ခ်င္းတြင္းျမစ္ကမ္းပါးၿပိဳက်၍ ေနအိမ္မ်ားေရႊ႕ေျပာင္းထားရ

ေရစႀကိဳၿမိဳ႕နယ္ ေက်ာမၾကားေက်းရြာတြင္ ခ်င္းတြင္းျမစ္ကမ္းပါးၿပိဳက်၍ ေနအိမ္မ်ားေရႊ႕ေျပာင္းထားရ
ဇူလိုင် 22, 2018
By 🌸
မေကြးတုိ္င္းေဒသႀကီး၊ ေရစႀကိဳၿမိဳ႕နယ္အတြင္း ခ်င္းတြင္းျမစ္ကမ္းေဘးရိွ ေက်ာမၾကားေက်းရြာတြင္ ျမစ္ေရတိုးၿပီးကမ္းပါးၿပိဳက်မႈေၾကာင့္ ေနအိမ္မ်ားေရႊ႕ေျပာင္းေနရာ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၂)အထိ ေနအိမ္ (၁၂)လံုးကို ေရႊ႕ေျပာင္းေပးထားရၿပီျဖစ္ေၾကာင္း သိရသည္။

“ခ်င္းတြင္းျမစ္ကမ္းပါးေတြ ၿပိဳက်လာေနတာေၾကာင့္ ကၽြန္မတုိ႔မွာ ေနစရာအခက္အခဲနဲ႔ ႀကံဳေတြ႔ ေနၾကရပါတယ္။ မနွစ္ကလည္း ကမ္းၿပိဳတာေၾကာင့္ ေနအိမ္ေတြကိုေနာက္ဆုတ္ေရႊ႔ခဲ့ရပါတယ္။ ဒီနွစ္လည္း ဆက္ၿပိဳက်လာေနတာေၾကာင့္ ေျပာင္းေရႊ႔ရဦးမယ္ဆုိ ေနစရာအခက္အခဲနဲ႔ ႀကံဳေတြ႔ေနရပါတယ္” ဟု ေက်ာမၾကားေက်းရြာမွ ေဒသခံအမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ခ်င္းတြင္းျမစ္ေရ တုိးျမင့္တုိက္စားမႈေၾကာင့္ ဇြန္လဆန္းပုိင္းေလာက္မွစ၍ ကမ္းပါးမ်ားၿပိဳက်လွ်က္ရွိေနရာ ဇူလုိင္(၂၁)ရက္ေန႔အထိ အိမ္ေျခ(၁၂)လံုး အေရးေပၚေျပာင္းေရႊ႕ခဲ့ရၿပီး လိုအပ္ပါက က်န္ေနအိမ္မ်ားကို အေရးေပၚေျပာင္းေရႊ႕ေပးႏိုင္ရန္ အစီအစဥ္မ်ားေရးဆြဲထားေၾကာင္း ေက်ာမၾကားေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးစန္းလြင္မိုးထံမွ သိရသည္။

လက္ရွိေျပာင္းေရႊ႕ေပးထားသည့္ ေနအိမ္မ်ားမွ မိသားစုမ်ားမွာ လက္ရိွတြင္ နီးစပ္ရာေဆြမ်ိဳးမ်ားထံ ယာယီခိုလံႈေနၾကရၿပီး ေနအိမ္ျပန္လည္ေဆာက္လုပ္ရန္ အိမ္ၿခံေျမကြက္ေနရာ လိုအပ္ေနေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
 ဓာတ္ပံု #ေအာင္ေက်ာ္ဇင္(ေရစႀကိဳ)

~~~~~~~~⊰❂ unicode ~~~~~~~~
ရေစကြိုမြို့နယ် ကျောမကြားကျေးရွာတွင် ချင်းတွင်းမြစ်ကမ်းပါးပြိုကျ၍ နေအိမ်များရွှေ့ပြောင်းထားရ
*************
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျောမကြားကျေးရွာတွင် မြစ်ရေတိုးပြီးကမ်းပါးပြိုကျမှုကြောင့် နေအိမ်များရွှေ့ပြောင်းနေရာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၂)အထိ နေအိမ် (၁၂)လုံးကို ရွှေ့ပြောင်းပေးထားရပြီဖြစ်ကြောင်း သိရသည်။

“ချင်းတွင်းမြစ်ကမ်းပါးတွေ ပြိုကျလာနေတာကြောင့် ကျွန်မတို့မှာ နေစရာအခက်အခဲနဲ့ ကြုံတွေ့ နေကြရပါတယ်။ မနှစ်ကလည်း ကမ်းပြိုတာကြောင့် နေအိမ်တွေကိုနောက်ဆုတ်ရွှေ့ခဲ့ရပါတယ်။ ဒီနှစ်လည်း ဆက်ပြိုကျလာနေတာကြောင့် ပြောင်းရွှေ့ရဦးမယ်ဆို နေစရာအခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်” ဟု ကျောမကြားကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ချင်းတွင်းမြစ်ရေ တိုးမြင့်တိုက်စားမှုကြောင့် ဇွန်လဆန်းပိုင်းလောက်မှစ၍ ကမ်းပါးများပြိုကျလျှက်ရှိနေရာ ဇူလိုင်(၂၁)ရက်နေ့အထိ အိမ်ခြေ(၁၂)လုံး အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး လိုအပ်ပါက ကျန်နေအိမ်များကို အရေးပေါ်ပြောင်းရွှေ့ပေးနိုင်ရန် အစီအစဉ်များရေးဆွဲထားကြောင်း ကျောမကြားကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းလွင်မိုးထံမှ သိရသည်။

လက်ရှိပြောင်းရွှေ့ပေးထားသည့် နေအိမ်များမှ မိသားစုများမှာ လက်ရှိတွင် နီးစပ်ရာဆွေမျိုးများထံ ယာယီခိုလှုံနေကြရပြီး နေအိမ်ပြန်လည်ဆောက်လုပ်ရန် အိမ်ခြံမြေကွက်နေရာ လိုအပ်နေကြောင်း သိရသည်။

သတင်း #ဖီးနစ်
 ဓာတ်ပုံ #အောင်ကျော်ဇင်(ရေစကြို)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~