လိပ္ကြ်န္း လူသတ္မႈႏွင့္ ပတ္သက္၍ ေသဒဏ္ခ်မွတ္ခံထားရသည့္ ၀င္း ႏွင့္ ေဇာ္တို႔အား စိတ္ဓါတ္မက်ရန္အတြက္ အားေပးစာမ်ား ေပးပို႔ႏိုင္

လိပ္ကြ်န္း လူသတ္မႈႏွင့္ ပတ္သက္၍ ေသဒဏ္ခ်မွတ္ခံထားရသည့္ ၀င္း ႏွင့္ ေဇာ္တို႔အား စိတ္ဓါတ္မက်ရန္အတြက္ အားေပးစာမ်ား ေပးပို႔ႏိုင္
ဇူလိုင် 26, 2018
By Tachileik News Agency

၀င္း ႏွင့္ ေဇာ္ တို႔အား လက္ရိွခ်ဳပ္ေႏွာင္ထားသည့္ ထိုင္းႏိုင္ငံ ဘန္ဝမ္ အက်ဥ္းေထာင္မွ ေသဒဏ္က် တစ္ဦးကို ၂၀၁၈ ခုနွစ္ ဇြန္လအတြင္းက ကြပ္မ်က္လုိက္သျဖင့္ အယူခံဝင္ထားဆဲ ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔ စိတ္ဓာတ္မက်ေစရန္ ပို႔စ္ကတ္မ်ားပို႔ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္ ေသဒဏ္ကို ဖ်က္သိမ္းထားျခင္း မရိွေသာ္လည္း ၂၀၀၉ ခုႏွစ္မွစ၍ ေသဒဏ္က် အက်ဥ္းသားမ်ားအား ကြပ္မ်က္ျခင္းကို ရပ္ဆုိင္းထားခဲ့ရာမွ ၂၀၁၈ ခုႏွစ္ ဇြန္လအတြင္းက ေသဒဏ္က်(၁)ဦးကို ေဆးထိုးကြပ္မ်က္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ထုိင္းႏုိင္ငံ တရားရံုးခ်ဳပ္၌ အယူခံဝင္ထားဆဲ ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔မွာ ေသဒဏ္က် အခန္းေဖၚ(၁)ဦးကို ကြပ္မ်က္လုိက္သျဖင့္ တုန္လႈပ္ေျခာက္ျခားေနၾကၿပီး ၎တို႔အမႈရင္ဆုိင္စဥ္ တေလွ်ာက္ မိသားစုမ်ားႏွင့္ ဆက္သြယ္ရန္ အပါအဝင္ ေထာင္တြင္းလိုအပ္သည္မ်ားကို ကူညီေပးေနသည့္ အဲဗလင္း ဆိုသည့္ အမ်ိဳးသမီးထံသို႔ ႏႈတ္ဆက္စာ စာတစ္ေစာင္ေပးပို႔လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အကယ္၍ တရားရံုးခ်ဳပ္က ေသဒဏ္အား အတည္ျပဳခဲ့ပါက ၎တို႔႔ႏွစ္ဦးမွာ ကြပ္မ်က္ခံရရန္ ေသခ်ာသေလာက္ ရိွေနသျဖင့္ ေထာင္အတြင္းမွ ေနာက္ထပ္ စာမေရးႏုိင္ေတာ့ပါက ေလာကတြင္ မရိွေတာ့ေၾကာင္း မွတ္ယူရန္ႏွင့္ အဲဗလင္း၏ ကူညီေပးမႈမ်ားကို ျပန္မေပးဆပ္ႏုိင္သည့္ အတြက္ ေတာင္းပန္ေၾကာင္းတုိ႔ကို ေရးသား ေဖၚျပထားျခင္းျဖစ္ေၾကာင္း အဲဗလင္းက လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားထားသည္ကို ေတြ႔ရသည္။

ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္း(ေဝၿဖိဳး)တို႔ အေနျဖင့္ စိတ္ဓာတ္က် မေနေစရန္ အားေပးစကားမ်ား ေရးထားသည့္ စာ သို႔မဟုတ္ ပို႔စ္ကဒ္မ်ား ေထာင္အတြင္းေပးပို႔ျခင္းျဖင့္ ကူညီၾကရန္ အဲဗလင္းက ဇူလုိင္လ (၂၄)ရက္ေန႔တြင္ တိုက္တြန္းထားသည္ကို ေတြ႔ရသည္။

အဲဗလင္းသည္ ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္း ေထာင္အတြင္းရိွေနစဥ္ ၎တို႔၏ မိဘမ်ားရိွရာ ရခုိင္ျပည္နယ္ အထိ သြားေရာက္ေတြ႔ဆံုခဲ့ကာ သတင္းစကားပါးေပးခဲ့ေၾကာင္း သိရသည္။

ေပးပို႔လိုသူမ်ား အေနျဖင့္
Zaw Lin 590082/ Wai Phyo 590018,
Building 2,
Bangwang Central Prison,
117 NONTHABURI ROAD,
NONTHABURI
11000
THAILAND သို႔ ပို႔ေဆာင္ႏုိင္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံေတာင္ပိုင္း ဆူရတ္ဌာနီခရိုင္အတြင္းရိွ ခိုေတာင္ကၽြန္း (လိပ္ကၽြန္း)တြင္ ၂၀၁၄ ခုႏွစ္ကုန္ပိုင္းက ၿဗိတိန္ႏိုင္ငံသား (၂) ဦး အသတ္ခံရမႈႏွင့္ ပတ္သက္ၿပီး ျမန္မာႏုိင္ငံသားႏွစ္ဦးျဖစ္သည့္ ေဇာ္လင္းႏွင့္ ၀င္းေဇာ္ထြန္းတို႔အား ေကာ္စမြီခ႐ုိင္တရား႐ုံးက ၂၀၁၅ ဒီဇင္ဘာလ (၂၄) ရက္ေန႔တြင္ ေသဒဏ္ စီရင္ခ်က္ခ်လိုက္ၿပီးေနာက္ ယင္းဥပေဒကို ျပင္ဆင္ႏိုင္ေရးအတြက္ ျမန္မာ - ထိုင္းေရွ႕ေနေကာင္စီမွ ဥပေဒပညာရွင္မ်ား ပူးေပါင္း၍ အယူခံတင္ထားျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ဝင်း နှင့် ဇော် တို့အား လက်ရှိချုပ်နှောင်ထားသည့် ထိုင်းနိုင်ငံ ဘန်ဝမ် အကျဉ်းထောင်မှ သေဒဏ်ကျ တစ်ဦးကို ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက ကွပ်မျက်လိုက်သဖြင့် အယူခံဝင်ထားဆဲ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ စိတ်ဓာတ်မကျစေရန် ပို့စ်ကတ်များပို့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သေဒဏ်ကို ဖျက်သိမ်းထားခြင်း မရှိသော်လည်း ၂၀၀၉ ခုနှစ်မှစ၍ သေဒဏ်ကျ အကျဉ်းသားများအား ကွပ်မျက်ခြင်းကို ရပ်ဆိုင်းထားခဲ့ရာမှ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက သေဒဏ်ကျ(၁)ဦးကို ဆေးထိုးကွပ်မျက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ တရားရုံးချုပ်၌ အယူခံဝင်ထားဆဲ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့မှာ သေဒဏ်ကျ အခန်းဖော်(၁)ဦးကို ကွပ်မျက်လိုက်သဖြင့် တုန်လှုပ်ခြောက်ခြားနကြပြေီး၎င်းတို့အမှုရင်ဆိုင်စဉ် တလျှောက် မိသားစုများနှင့် ဆက်သွယ်ရန် အပါအဝင် ထောင်တွင်းလိုအပ်သည်များကို ကူညီပေးနေသည့် အဲဗလင်း ဆိုသည့် အမျိုးသမီးထံသို့ နှုတ်ဆက်စာ စာတစ်စောင်ပေးပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အကယ်၍ တရားရုံးချုပ်က သေဒဏ်အား အတည်ပြုခဲ့ပါက၎င်းတို့နှစ်ဦးမှာ ကွပ်မျက်ခံရရန် သေချာသလောက် ရှိနေသဖြင့် ထောင်အတွင်းမှ နောက်ထပ် စာမရေးနိုင်တော့ပါက လောကတွင် မရှိတော့ကြောင်း မှတ်ယူရန်နှင့် အဲဗလင်း၏ ကူညီပေးမှုများကို ပြန်မပေးဆပ်နိုင်သည့် အတွက် တောင်းပန်ကြောင်းတို့ကို ရေးသား ဖော်ပြထားခြင်းဖြစ်ကြောင်း အဲဗလင်းက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ဇော်လင်းနှင့် ဝင်းဇော်ထွန်း(ဝဖြေိုး)တို့ အနဖြေင့် စိတ်ဓာတ်ကျ မနေစေရန် အားပေးစကားများ ရေးထားသည့် စာ သို့မဟုတ် ပို့စ်ကဒ်များ ထောင်အတွင်းပေးပို့ခြင်းဖြင့် ကူညီကြရန် အဲဗလင်းက ဇူလိုင်လ (၂၄)ရက်နေ့တွင် တိုက်တွန်းထားသည်ကို တွေ့ရသည်။

အဲဗလင်းသည် ဇော်လင်းနှင့် ဝင်းဇော်ထွန်း ထောင်အတွင်းရှိနေစဉ်၎င်းတို့၏ မိဘများရှိရာ ရခိုင်ပြည်နယ် အထိ သွားရောက်တွေ့ဆုံခဲ့ကာ သတင်းစကားပါးပေးခဲ့ကြောင်း သိရသည်။

ပေးပို့လိုသူများ အနဖြေင့်
Zaw Lin 590082/ Wai Phyo 590018,
Building 2,
Bangwang Central Prison,
117 NONTHABURI ROAD,
NONTHABURI
11000
THAILAND သို့ ပို့ဆောင်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား (၂) ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် သေဒဏ် စီရင်ချက်ချလိုက်ပြီးနောက် ယင်းဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် မြန်မာ - ထိုင်းရှေ့နေကောင်စီမှ ဥပဒေပညာရှင်များ ပူးပေါင်း၍ အယူခံတင်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~