က်ိဳင္းတံုၿမိဳ႕နယ္ ကုန္းမရြာအနီးတြင္ မူးယစ္ေဆးဝယ္လာသူအား ဖမ္းမိၿပီးေနာက္ ေရာင္းခ်သူကိုပါ ထပ္မံဖမ္းမိ

က်ိဳင္းတံုၿမိဳ႕နယ္ ကုန္းမရြာအနီးတြင္ မူးယစ္ေဆးဝယ္လာသူအား ဖမ္းမိၿပီးေနာက္ ေရာင္းခ်သူကိုပါ ထပ္မံဖမ္းမိ
ဇူလိုင် 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ ကတ္ထုိက္ေက်းရြာအုပ္စု၊ ကုန္းမေက်းရြာအနီးတြင္ ဇူလုိင္လ(၂၁)ရက္ေန႔ နံနက္(၈)နာရီ(၁၅)မိနစ္ဝန္းက်င္က စိတ္ၾကြေဆးျပားဝယ္ယူၿပီး ျပန္လာသူႏွစ္ဦးအား ဖမ္းမိၿပီး တစ္ေန႔တည္းမွာပင္ ေရာင္းခ်သူကိုပါ ဖမ္းဆီးႏိုင္ခဲ့ကာ စုစုေပါင္း စိတ္ၾကြေဆးျပား (၃,၈၀၀)ျပားကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူမ်ားသည္ သက္ေသမ်ားႏွင့္အတူ ကုန္းမေက်းရြာအနီးလမ္းဆံုတြင္ စစ္ေဆးေနစဥ္ က်တဲ(ခ) ကားဂါႏွင့္ ဇနီးျဖစ္သူ နာႏူးတို႔သည္ ဆုိင္ကယ္တစ္စီးႏွင့္အတူ ေဟြပံုရြာဘက္မွ က်ိဳင္းတံုၿမိဳ႕တြင္းဘက္သုိ႔ ေမာင္းနွင္လာသည္ကို ေတြ႔ရသျဖင့္ ရပ္တန္႔ေစၿပီး စစ္ေဆးရာ စိတ္ၾကြေဆးျပား (၁,၉၀၀)ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ စိတ္ၾကြေဆးျပားမ်ားကို ေဟြပံု(ေအာက္)ရြာရိွ နာလားထံမွ ဝယ္ယူခဲ့ေၾကာင္း သိရသျဖင့္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ က်တဲ(ခ)ကားဂါ၊ နာႏူးႏွင့္ နာလားတို႔အား မယ(ပ)၁၃၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ယင္းေနာက္ ရဲတပ္ဖြဲ႕သည္ ေဟြပံု(ေအာက္)ရြာရိွ နာလား၏ ေနအိမ္အား နံနက္ (၁၀)နာရီခြဲတြင္ ဝင္ေရာက္ရွာေဖြရာ နာလားအား ေနအိမ္တြင္ေတြ႕ရၿပီး ၎ထံမွ မူးယစ္ေဆးေရာင္းခ်ရေငြဟု ယူဆရသည့္ က်ပ္ေငြ(၅၀,၀၀၀)ႏွင့္ စိတ္ၾကြေဆးျပား (၁,၉၀၀)ျပားတုိ႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ နာလားအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၃၄/၂၀၁၈၊ မူး/စိတ္ ပုဒ္မ ၁၈(က)/ ၂၀(က)ျဖင့္ ထပ္မံအမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကုန်းမကျေးရွာအနီးတွင် ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၈)နာရီ(၁၅)မိနစ်ဝန်းကျင်က စိတ်ကြွဆေးပြားဝယ်ယူပြီး ပြန်လာသူနှစ်ဦးအား ဖမ်းမိပြီး တစ်နေ့တည်းမှာပင် ရောင်းချသူကိုပါ ဖမ်းဆီးနိုင်ခဲ့ကာ စုစုပေါင်း စိတ်ကြွဆေးပြား (၃,၈၀၀)ပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ ကုန်းမကျေးရွာအနီးလမ်းဆုံတွင် စစ်ဆေးနေစဉ် ကျတဲ(ခ) ကားဂါနှင့် ဇနီးဖြစ်သူ နာနူးတို့သည် ဆိုင်ကယ်တစ်စီးနှင့်အတူ ဟွေပုံရွာဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ မောင်းနှင်လာသည်ကို တွေ့ရသဖြင့် ရပ်တန့်စပြေီး စစ်ဆေးရာ စိတ်ကြွဆေးပြား (၁,၉၀၀)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများကို ဟွေပုံ(အောက်)ရွာရှိ နာလားထံမှ ဝယ်ယူခဲ့ကြောင်း သိရသဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် ကျတဲ(ခ)ကားဂါ၊ နာနူးနှင့် နာလားတို့အား မယ(ပ)၁၃၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းနောက် ရဲတပ်ဖွဲ့သည် ဟွေပုံ(အောက်)ရွာရှိ နာလား၏ နေအိမ်အား နံနက် (၁၀)နာရီခွဲတွင် ဝင်ရောက်ရှာဖွေရာ နာလားအား နေအိမ်တွင်တွေ့ရပြီး၎င်းထံမှ မူးယစ်ဆေးရောင်းချရငွေဟု ယူဆရသည့် ကျပ်ငွေ(၅၀,ဝဝဝ)နှင့် စိတ်ကြွဆေးပြား (၁,၉၀၀)ပြားတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် နာလားအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၃၄/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၈(က)/ ၂၀(က)ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~