တာချီလိတ်တွင် အိုက်စ်(၉၀)ဂရမ် ဖမ်းဆီးရမှုနှင့် ဆက်စပ်၍ အမျိုးသား(၄)ဦးကို စိတ်ကြွဆေး(၃)ပြားနှင့် အိုက်စ်အနည်းအငယ်တို့ ဖြင့် ဖမ်းဆီးရမိ

တာချီလိတ်တွင် အိုက်စ်(၉၀)ဂရမ် ဖမ်းဆီးရမှုနှင့် ဆက်စပ်၍ အမျိုးသား(၄)ဦးကို စိတ်ကြွဆေး(၃)ပြားနှင့် အိုက်စ်အနည်းအငယ်တို့ ဖြင့် ဖမ်းဆီးရမိ
ဇူလိုင် 22, 2018
By Tachileik News Agency





Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အိုက်စ်(၉၀)ဂရမ်နှင့် ဖမ်းဆီးရမိမှုနှင့် ဆက်စပ်ပြီး မူးယစ်ဆေး ရောင်းချသည့် ဆေခမ်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ ညနေ(၆)နာရီခွဲဝန်းကျင်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးကြောင်း သိရသည်။

ဆေခမ်းရပ်ကွက်ရှိ စိုင်းအွန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိုင်းအွန်၊ စိုင်းကမ်၊ စိုင်းသန်းအောင်နှင့် စိုင်းထွန်းတို့အား မူးယစ်ဆေးဝါးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရပြီး ပလပ်စတစ်ဗူးငယ်တစ်ဗူးဖြင့် ထည့်ထားသည့် အိုက်စ်ဟုယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ အနည်းငယ် နှင့် စိတ်ကြွဆေးပြား (၃)ပြားတို့ကို ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်(၁)စီးကိုလည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။

စိုင်းအွန်၊စိုင်းကမ်၊ စိုင်းသန်းအောင်နှင့် စိုင်းထွန်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၆၂/၂၀၁၈၊ မူး/စိတ် ၁၆(ဂ)/၂၁ အရအမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~