မယ္ဆိုင္ဂူ ကယ္ဆယ္ေရးတြင္ ပါ၀င္ကူညီခဲ့ၾကသူမ်ားႏွင့္ အဖြဲ႔အစည္းမ်ားအား ထိုင္းအစိုးရက ဂုဏ္ျပဳပြဲအျဖစ္ ၾသဂုတ္လ(၁)ရက္ေန႔တြင္ က်င္းပမည္

မယ္ဆိုင္ဂူ ကယ္ဆယ္ေရးတြင္ ပါ၀င္ကူညီခဲ့ၾကသူမ်ားႏွင့္ အဖြဲ႔အစည္းမ်ားအား ထိုင္းအစိုးရက ဂုဏ္ျပဳပြဲအျဖစ္ ၾသဂုတ္လ(၁)ရက္ေန႔တြင္ က်င္းပမည္
ဇူလိုင် 21, 2018
By Tachileik News Agency
ထုိင္းႏုိင္ငံ ခ်င္းရုိင္းခရိုင္ မယ္ဆိုင္ၿမိဳ႕ ထမ့္လြမ္ဂူကယ္ဆယ္ေရးတြင္ ပါဝင္ကူညီၾကသူမ်ားႏွင့္ အဖြဲ႕အစည္းမ်ားကို ထုိင္းအစိုးရက ေက်းဇူးတင္ေၾကာင္း ဂုဏ္ျပဳ အခမ္းအနားျဖင့္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ (၁)ရက္ေန႔တြင္ က်င္းပသြားမည္ ျဖစ္ေၾကာင္း ထုိင္းဝန္ႀကီးခ်ဳပ္ရံုး ဝန္ႀကီးက ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၂၁)ရက္ေန႔တြင္ ထုတ္ေဖၚေျပာၾကားလုိက္ေၾကာင္း ThaiPBS တြင္ ေဖၚျပထားသည္။

ကယ္ဆယ္ေရးတြင္ ပါဝင္သူမ်ား၏ စည္းလံုးညီညြတ္စြာ တေပါင္းတစည္းတည္း ေဆာင္ရြက္ႏိုင္ခဲ့မႈကို ေဖၚညြန္းရန္ United As One ဟု အဆုိပါ ပြဲအား ေခါင္းစဥ္တပ္ထားသည္ဟု ဝန္ႀကီးကဆုိသည္။

အဆိုပါပြဲကို ထိုင္းဘုရင္၏ ခြင့္ျပဳခ်က္ျခင့္ ဒူးဆစ္နန္းေတာ္တြင္ ညေန (၆)နာရီမွ (၉)နာရီထိ က်င္းပမည္ျဖစ္ၿပီး အခမ္းအနား အတြက္ စားေသာက္ဖြယ္ရာကိုလည္း ဘုရင္က ပံ့ပိုးေပးထားေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ဧည့္သည္ေပါင္း တစ္ေသာင္းဝန္းက်င္ တက္ေရာက္မည္ဟု ေမွ်ာ္မွန္းထားၿပီး ထုိင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ေခ်ာင္အိုခ်ာႏွင့္ ဝန္ႀကီးအဖြဲ႕၊ ဌာနဆုိင္ရာအႀကီးအကဲမ်ား၊ ကယ္ဆယ္ေရးတြင္ ပါဝင္လွဴဒါန္းၾကသည့္ ပုဂၢလိကေအဂ်င္စီမ်ားလည္း တက္ေရာက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

အခမ္းအနား တက္ေရာက္ရန္ အတြက္ ထုိင္းႏိုင္ငံမွ အစိုးရႏွင့္ ပုဂၢလိကက႑တို႔မွ ကယ္ဆယ္ေရးတြင္ ပါဝင္ ေဆာင္ရြက္ခဲ့သူမ်ား၊ ကယ္ဆယ္ေရးတြင္ ပါဝင္ ေဆာင္ရြက္သည့္ ႏုိင္ငံတကာမွ ကူညီသူမ်ား၊ ကူညီေထာက္ပံ့ခဲ့သည့္ ႏုိင္ငံမ်ားမွ သံအမတ္မ်ား၊ စစ္သံမွဴးမ်ား၊ ကယ္ဆယ္ေရးတြင္ သတင္းရယူခဲ့သည့္ ထုိင္းႏွင့္ ႏိုင္ငံတကာမွ သတင္းမီဒီယာမ်ား၊ အနီးဝန္းက်င္မွ လယ္ေျမမ်ားေရနစ္ျမဳပ္ပ်က္စီးသြားရသည့္ လယ္သမားမ်ား၊ ကယ္ဆယ္ေရး သမားမ်ားအား အခမဲ့ အဝတ္ေလွ်ာ္ေပးခဲ့သူမ်ား၊ အႏွိပ္ပညာရွင္မ်ား အပါအဝင္ ကယ္ဆယ္ေရးအား နည္းလမ္းမ်ိဳးစံုျဖင့္ ကူညီခဲ့ၾကသူမ်ားကိုလည္း ဖိတ္ၾကား သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ဖိတ္ၾကားခံရသူမ်ား ပြဲလာတက္ရန္ လိုအပ္သည့္ ခရီးစရိတ္ႏွင့္ ေနထုိင္ စားေသာက္ စရိတ္ တုိ႔ကိုလည္း က်ခံ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref; ThaiPBS


~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ထမ့်လွမ်ဂူကယ်ဆယ်ရေးတွင် ပါဝင်ကူညီကြသူများနှင့် အဖွဲ့အစည်းများကို ထိုင်းအစိုးရက ကျေးဇူးတင်ကြောင်း ဂုဏ်ပြု အခမ်းအနားဖြင့် ၂၀၁၈ခုနှစ် သြဂုတ်လ (၁)ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ဝန်ကြီးက ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း ThaiPBS တွင် ဖော်ပြထားသည်။

ကယ်ဆယ်ရေးတွင် ပါဝင်သူများ၏ စည်းလုံးညီညွတ်စွာ တပေါင်းတစည်းတည်း ဆောင်ရွက်နိုင်ခဲ့မှုကို ဖော်ညွန်းရန် United As One ဟု အဆိုပါ ပွဲအား ခေါင်းစဉ်တပ်ထားသည်ဟု ဝန်ကြီးကဆိုသည်။

အဆိုပါပွဲကို ထိုင်းဘုရင်၏ ခွင့်ပြုချက်ခြင့် ဒူးဆစ်နန်းတော်တွင် ညနေ (၆)နာရီမှ (၉)နာရီထိ ကျင်းပမည်ဖြစ်ပြီး အခမ်းအနား အတွက် စားသောက်ဖွယ်ရာကိုလည်း ဘုရင်က ပံ့ပိုးပေးထားကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဧည့်သည်ပေါင်း တစ်သောင်းဝန်းကျင် တက်ရောက်မည်ဟု မျှော်မှန်းထားပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာနှင့် ဝန်ကြီးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကယ်ဆယ်ရေးတွင် ပါဝင်လှူဒါန်းကြသည့် ပုဂ္ဂလိကအေဂျင်စီများလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနား တက်ရောက်ရန် အတွက် ထိုင်းနိုင်ငံမှ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကယ်ဆယ်ရေးတွင် ပါဝင် ဆောင်ရွက်ခဲ့သူများ၊ ကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်သည့် နိုင်ငံတကာမှ ကူညီသူများ၊ ကူညီထောက်ပံ့ခဲ့သည့် နိုင်ငံများမှ သံအမတ်များ၊ စစ်သံမှူးများ၊ ကယ်ဆယ်ရေးတွင် သတင်းရယူခဲ့သည့် ထိုင်းနှင့် နိုင်ငံတကာမှ သတင်းမီဒီယာများ၊ အနီးဝန်းကျင်မှ လယ်မြေများရေနစ်မြုပ်ပျက်စီးသွားရသည့် လယ်သမားများ၊ ကယ်ဆယ်ရေး သမားများအား အခမဲ့ အဝတ်လျှော်ပေးခဲ့သူများ၊ အနှိပ်ပညာရှင်များ အပါအဝင် ကယ်ဆယ်ရေးအား နည်းလမ်းမျိုးစုံဖြင့် ကူညီခဲ့ကြသူများကိုလည်း ဖိတ်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိတ်ကြားခံရသူများ ပွဲလာတက်ရန် လိုအပ်သည့် ခရီးစရိတ်နှင့် နေထိုင် စားသောက် စရိတ် တို့ကိုလည်း ကျခံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; ThaiPBS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~