မယ္ဆုိင္ဂူအတြင္း က်န္ခဲ့သည့္ ကေလး ၅ ဦးကိုေခၚထုတ္ေရး တတိယအႀကိမ္ကယ္ဆယ္ေရးအတြက္ ျပင္ဆင္ေန

မယ္ဆုိင္ဂူအတြင္း က်န္ခဲ့သည့္ ကေလး ၅ ဦးကိုေခၚထုတ္ေရး တတိယအႀကိမ္ကယ္ဆယ္ေရးအတြက္ ျပင္ဆင္ေန
ဇူလိုင် 9, 2018
By 🌸
မယ္ဆုိင္ဂူအတြင္းမွ စုစုေပါင္း ကေလး(၈)ေယာက္ကို ေခၚထုတ္ထားၿပီး က်န္ရိွသည့္ (၅)ေယာက္အား ေခၚထုတ္ရန္ တတိယအႀကိမ္ကယ္ဆယ္ေရးအစီအစဥ္အတြက္ လိုအပ္သည့္ျပင္ဆင္မႈမ်ား ျပန္လည္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ ေနာက္ထပ္ေလးေယာက္ ေခၚထုတ္ႏုိင္တဲ့အတြက္ ဝမ္းသာရပါတယ္”ဟု ကယ္ဆယ္ေရးကို ဦးေဆာင္ႀကီးၾကပ္ေနသည့္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးေဟာင္း နာရြန္ဆတ္အိုဆတာနာကြန္းက ဇူလုိင္လ(၉)ရက္ေန႔ ဒုတိယအႀကိမ္ ဂူအတြင္းမွ ေခၚထုတ္ေရးအစီအစဥ္အၿပီး သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ကေလးမ်ားအား ေခၚထုတ္သည့္ ဒုတိယေျမာက္ေန႔ သတင္းစာရွင္းလင္းပြဲကို ဇူလိုင္လ (၉)ရက္ေန႔ ညပိုင္းက မီဒီယာစင္တာတြင္ ရွင္းလင္းခဲ့ျခင္းျဖစ္သည္။

ပထမအႀကိမ္ကယ္ဆယ္ေရးအၿပီးတြင္ ေအာက္ဆီဂ်င္ျပန္ျဖည့္တင္းျခင္းအပါအဝင္ ကယ္ဆယ္ေရးအစီအစဥ္အတြက္ လုိအပ္သည္မ်ားျပင္ဆင္ျခင္းကို အနည္းဆံုး အခ်ိန္ (၁၀)နာရီႏွင့္အထက္ ယူခဲ့ၿပီး တတိယအႀကိမ္အတြက္လည္း အလားတူျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ကေလးမ်ားေခၚထုတ္လာရန္ ဂူအျပင္မွ ရက္ေပါင္းမ်ားစြာေစာင့္ဆုိင္းေနသည့္ ကေလးမိဘမ်ားအေနျဖင့္ စိတ္ထိခိုက္မႈမျဖစ္ေစရန္ ဦးစြာေခၚထုတ္လာၿပီးသည့္ကေလးမ်ားအား မိဘမ်ားႏွင့္ေတြ႔ဆံုခြင့္ေပးထားျခင္းမရိွေသးသည့္အျပင္ ကေလးမ်ား၏အမည္ကိုလည္း ထုတ္ေဖၚေၾကညာျခင္းမရိွေသးေၾကာင္း သိရသည္။

ဂူအတြင္း ဆယ္ရက္ၾကာအစာေရစာျပတ္လပ္ခဲ့သည့္အတြက္ ကေလးမ်ားအား ခ်င္းရိုင္းေဆးရံုရိွ အထူးၾကပ္မတ္ကုသေဆာင္တြင္ ကုသမႈေပးေနၿပီး ေဆးစစ္မႈမ်ားကိုလည္း လုပ္ေဆာင္ထားျခင္းျဖစ္သည္။

ကေလးမ်ားအား ကုသမႈေပးေနစဥ္အတြင္း ကေလးမိဘမ်ားအား မွန္အခန္းေနာက္ကြယ္မွ ေတြ႕ဆံုခြင့္ေပးရန္ကိုလည္း ဆရာဝန္မ်ားက စဥ္းစားေနေၾကာင္းသိရသည္။

ပထမအႀကိမ္ ကေလးမ်ားအား ေခၚထုတ္လာသည့္ ဇူလိုင္လ(၈)ရက္ေန႔မွစ၍ သတင္းမီဒီယာမ်ားအား ကယ္ဆယ္ေရးစခန္းအျပင္သို႔ ပို႔ထားရာ ကေလးမ်ားေခၚထုတ္လာသည့္သတင္း တင္ျပႏုိင္ရန္အတြက္ ထုိင္းႏွင့္ ႏုိင္ငံတကာသတင္းဌာနမ်ားက ႀကိဳးစားခဲ့ရာတြင္ ဒရုန္းအသံုးျပဳမႈႏွင့္ ပတ္သက္၍ ထုိင္းေလတပ္က အဆုိပါဒရုန္းအသံုးျပဳသည့္ ထုိင္းမီဒီယာအား စံုစမ္းစစ္ေဆးမႈျပဳလုပ္ေစခဲ့ၿပီး သတင္းဌာနအေနျဖင့္ တရားဝင္အသံုးျပဳခြင့္ရထားသည္ကို စစ္ေဆးေတြ႔ရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းမီဒီယာမ်ားအေနျဖင့္ ကေလးအမည္မ်ား ထုတ္ေဖၚျခင္း၊ ဓါတ္ပံုမ်ားေဖၚျပျခင္းတုိ႔ေၾကာင့္ ေတာင္းပန္မႈမ်ားလည္း လုပ္ေဆာင္ခဲ့ရၿပီး သတင္းရယူရာတြင္ က်င့္ဝတ္ေစာင့္ထိန္းလုိက္နာၾကရန္ႏွင့္ အထူးသျဖင့္ ကယ္ဆယ္လာသည့္ကေလးမ်ားသည္ အုပ္ထိန္းမႈေအာက္တြင္ရိွေနဆဲ အသက္အရြယ္မ်ားျဖစ္သျဖင့္ သတင္းေမးျမန္းရယူျခင္းမ်ား လုပ္ေဆာင္ျခင္းကို သတိထားၾကရန္ Thai Broadcast Journalists Association ႏွင့္ ထုိင္းအမ်ိဳးသားသတင္းေကာင္စီတို႔က အသိေပးထားေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု -Tachileik News Agency၊ #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်း ကျန်ခဲ့သည့် ကလေး ၅ ဦးကိုခေါ်ထုတ်ရေး တတိယအကြိမ်ကယ်ဆယ်ရေးအတွက် ပြင်ဆင်နေ
*************
မယ်ဆိုင်ဂူအတွင်းမှ စုစုပေါင်း ကလေး(၈)ယောက်ကို ခေါ်ထုတ်ထားပြီး ကျန်ရှိသည့် (၅)ယောက်အား ခေါ်ထုတ်ရန် တတိယအကြိမ်ကယ်ဆယ်ရေးအစီအစဉ်အတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြန်လည်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

“ဒီနေ့ နောက်ထပ်လေးယောက် ခေါ်ထုတ်နိုင်တဲ့အတွက် ဝမ်းသာရပါတယ်”ဟု ကယ်ဆယ်ရေးကို ဦးဆောင်ကြီးကြပ်နေသည့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးဟောင်း နာရွန်ဆတ်အိုဆတာနာကွန်းက ဇူလိုင်လ(၉)ရက်နေ့ ဒုတိယအကြိမ် ဂူအတွင်းမှ ခေါ်ထုတ်ရေးအစီအစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကလေးများအား ခေါ်ထုတ်သည့် ဒုတိယမြောက်နေ့ သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ (၉)ရက်နေ့ ညပိုင်းက မီဒီယာစင်တာတွင် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ်ကယ်ဆယ်ရေးအပြီးတွင် အောက်ဆီဂျင်ပြန်ဖြည့်တင်းခြင်းအပါအဝင် ကယ်ဆယ်ရေးအစီအစဉ်အတွက် လိုအပ်သည်များပြင်ဆင်ခြင်းကို အနည်းဆုံး အချိန် (၁၀)နာရီနှင့်အထက် ယူခဲ့ပြီး တတိယအကြိမ်အတွက်လည်း အလားတူပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

ကလေးများခေါ်ထုတ်လာရန် ဂူအပြင်မှ ရက်ပေါင်းများစွာစောင့်ဆိုင်းနေသည့် ကလေးမိဘများအနေဖြင့် စိတ်ထိခိုက်မှုမဖြစ်စေရန် ဦးစွာခေါ်ထုတ်လာပြီးသည့်ကလေးများအား မိဘများနှင့်တွေ့ဆုံခွင့်ပေးထားခြင်းမရှိသေးသည့်အပြင် ကလေးများ၏အမည်ကိုလည်း ထုတ်ဖေါ်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

ဂူအတွင်း ဆယ်ရက်ကြာအစာရေစာပြတ်လပ်ခဲ့သည့်အတွက် ကလေးများအား ချင်းရိုင်းဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုပေးနေပြီး ဆေးစစ်မှုများကိုလည်း လုပ်ဆောင်ထားခြင်းဖြစ်သည်။
ကလေးများအား ကုသမှုပေးနေစဉ်အတွင်း ကလေးမိဘများအား မှန်အခန်းနောက်ကွယ်မှ တွေ့ဆုံခွင့်ပေးရန်ကိုလည်း ဆရာဝန်များက စဉ်းစားနေကြောင်းသိရသည်။

ပထမအကြိမ် ကလေးများအား ခေါ်ထုတ်လာသည့် ဇူလိုင်လ(၈)ရက်နေ့မှစ၍ သတင်းမီဒီယာများအား ကယ်ဆယ်ရေးစခန်းအပြင်သို့ ပို့ထားရာ ကလေးများခေါ်ထုတ်လာသည့်သတင်း တင်ပြနိုင်ရန်အတွက် ထိုင်းနှင့် နိုင်ငံတကာသတင်းဌာနများက ကြိုးစားခဲ့ရာတွင် ဒရုန်းအသုံးပြုမှုနှင့် ပတ်သက်၍ ထိုင်းလေတပ်က အဆိုပါဒရုန်းအသုံးပြုသည့် ထိုင်းမီဒီယာအား စုံစမ်းစစ်ဆေးမှုပြုလုပ်စေခဲ့ပြီး သတင်းဌာနအနေဖြင့် တရားဝင်အသုံးပြုခွင့်ရထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းမီဒီယာများအနေဖြင့် ကလေးအမည်များ ထုတ်ဖေါ်ခြင်း၊ ဓါတ်ပုံများဖေါ်ပြခြင်းတို့ကြောင့် တောင်းပန်မှုများလည်း လုပ်ဆောင်ခဲ့ရပြီး သတင်းရယူရာတွင် ကျင့်ဝတ်စောင့်ထိန်းလိုက်နာကြရန်နှင့် အထူးသဖြင့် ကယ်ဆယ်လာသည့်ကလေးများသည် အုပ်ထိန်းမှုအောက်တွင်ရှိနေဆဲ အသက်အရွယ်များဖြစ်သဖြင့် သတင်းမေးမြန်းရယူခြင်းများ လုပ်ဆောင်ခြင်းကို သတိထားကြရန် Thai Broadcast Journalists Association နှင့် ထိုင်းအမျိုးသားသတင်းကောင်စီတို့က အသိပေးထားကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ @Tachileik News Agency၊ #ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~