တာခ်ီလိတ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါ အမ်ားဆံုး ျဖစ္ပြားေနမႈေၾကာင့္ ကာကြယ္ေရးအတြက္ လူထုလႈပ္ရွားမႈအသြင္ျဖင့္ လုပ္ေဆာင္မည္

တာခ်ီလိတ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါ အမ်ားဆံုး ျဖစ္ပြားေနမႈေၾကာင့္ ကာကြယ္ေရးအတြက္ လူထုလႈပ္ရွားမႈအသြင္ျဖင့္ လုပ္ေဆာင္မည္
ဇူလိုင် 27, 2018
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လကုန္ခါနီး အထိ ေသြးလြန္တုပ္ေကြး ေရာဂါ ျဖစ္ပြားသူဦးေရ (၅၀၀)ေယာက္ရိွသည့္ အနက္ (၁)ဦးေသဆံုးသြားကာ ေရာဂါျဖစ္ပြားမႈ မ်ားေနသျဖင့္ ေရာဂါကာကြယ္ေရး လူထုလႈပ္ရွားမႈအသြင္ျဖင့္  ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၂၈)ရက္ေန႔မွစ၍ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“ အခုက တာခ်ီလိတ္မွာ ဆန္ဆုိင္း(က)၊(ခ)ႏွစ္ပိုင္းခြဲလုိက္ရင္ (၁၁)ရပ္ကြက္မွာ (၁)ရပ္ကြက္ကို (၅၄)ဦးႏႈန္းနဲ႔ ေရာဂါကာကြယ္ေရး အသိပညာေပးလုပ္ၾကမွာပါ။ ဖံုးသြန္လဲစစ္အသိပညာေပးဖို႔အတြက္ တစ္ဖြဲ႕ကို (၃)ေယာက္စီခြဲလုိက္မွာပါ။ (၃)ေယာက္တစ္အိမ္ဆီဝင္သြားတဲ့အခါ အိုးခြက္ေတြရွာတာ၊ ပိုးေလာက္လန္း ေတြ႔ရိွမႈ စာရင္းမွတ္တာ၊ ေရစည္ေတြ ေရကန္ေတြမွာ ေလာက္လန္းစားငါးထည့္ဖို႔၊ သြန္သင့္တာသြန္၊ လဲသင့္တာလဲဖို႔၊ အဘိတ္ေဆးခပ္ဖို႔ လိုအပ္ရင္ တြက္ခ်က္ၿပီး ခပ္နည္းတုိ႔ပါ တစ္ခါတည္း လုပ္မွာပါ။ သြားမယ့္အဖြဲ႕ေတြကို တစ္ခါတည္း အသိပညာေပးလုပ္ထားပါတယ္”ဟု ခရုိင္က်န္းမာေရးဦးစီးဌာန၊ ခရုိင္ျပည္သူ႔ေဆးရံု၊ ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊ၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသြးလြန္တုပ္ေကြး အသိပညာေပးလုပ္မည့္ အဖြဲ႕မ်ားတြင္ က်န္းမာေရး၊ ၾကက္ေျခနီ၊ မီးသတ္၊ ရပ္ကြက္၊ ေက်ာင္းသူေက်ာင္းသားမ်ား၊ ဆရာဆရာမမ်ား၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ားပါဝင္မည္ျဖစ္ၿပီး ရက္သတၱပတ္(၅)ပတ္ ဆက္တုိက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“တစ္ခ်ိဳ႕ လူမရိွတဲ့ ေနရာေတြကိုလည္း ရွင္းလင္းေရး ဝင္လုပ္ႏုိင္ဖို႔ ႀကိဳးစားရမွာပါ။ ကၽြန္ေတာ္တုိ႔က ဒီေရာဂါ ျဖစ္တာကိုလည္း သိတယ္။ ျခင္ကိုက္လို႔ ျဖစ္တာကိုလည္း သိပါလ်က္နဲ႔ မႏွိမ္နင္းႏုိင္ဘဲ မ်ားေနတာကိုး။ ဒီေရာဂါက လူတုိင္းမွာ အႏၱရာယ္ရိွႏုိင္တာပဲ။ ေသြးလြန္တုပ္ေကြးသယ္တဲ့ျခင္ကိုက္ရင္ လူတုိင္းျဖစ္ႏုိ္င္တယ္။ ဒီေတာ့လူတုိင္းမွာလည္း တာဝန္ရိွတယ္။ လူတုိင္းပါဝင္ေအာင္ လူထု လႈပ္ရွားမႈ အသြင္နဲ႔ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဦးေဆာင္ၿပီး အစည္းအေဝးေခၚၿပီး စီစဥ္လုိက္တာပါ”ဟု ခရုိင္က်န္းမာေရး ဦးစီးဌာန၊ ခရုိင္ျပည္သူ႔ေဆးရံု၊ ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊ၀င္းက ေျပာသည္။

ဖုံုး၊သြန္၊လဲ၊စစ္ လူထုလႈပ္ရွားမႈလုပ္ငန္းမ်ားကို ဇူလိုင္လ(၂၈)ရက္ေန႔၊  ၾသဂုတ္လ(၅)ရက္ေန႔၊ ၾသဂုတ္လ(၁၂)ရက္ေန႔၊ ၾသဂုတ္လ(၁၉)ရက္ေန႔ႏွင့္ ၾသဂုတ္လ(၂၆)ရက္ေန႔မ်ားတြင္ လုပ္ေဆာင္ၾကမည္ျဖစ္သည္။

ေသြးလြန္တုပ္ေကြးေရာဂါမွာ ေရာဂါပိုးသယ္ေဆာင္သည့္ ျခင္အကိုက္ခံရျခင္းေၾကာင့္ ျဖစ္ပြားျခင္းျဖစ္ရာ ျခင္ေပါက္ပြားမႈေလ်ာ့နည္းေစရန္ ပိုးေလာက္လန္းမေပါက္ပြားေစေရးအတြက္ ဖံုး၊သြန္၊လဲ၊စစ္ လုပ္ငန္းစဥ္ကို လူထုအေနျဖင့္ လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း သိရသည္။

Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကုန်ခါနီး အထိ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူဦးရေ (၅၀၀)ယောက်ရှိသည့် အနက် (၁)ဦးသေဆုံးသွားကာ ရောဂါဖြစ်ပွားမှု များနေသဖြင့် ရောဂါကာကွယ်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့မှစ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ အခုက တာချီလိတ်မှာ ဆန်ဆိုင်း(က)၊(ခ)နှစ်ပိုင်းခွဲလိုက်ရင် (၁၁)ရပ်ကွက်မှာ (၁)ရပ်ကွက်ကို (၅၄)ဦးနှုန်းနဲ့ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ကြမှာပါ။ ဖုံးသွန်လဲစစ်အသိပညာပေးဖို့အတွက် တစ်ဖွဲ့ကို (၃)ယောက်စီခွဲလိုက်မှာပါ။ (၃)ယောက်တစ်အိမ်ဆီဝင်သွားတဲ့အခါ အိုးခွက်တွေရှာတာ၊ ပိုးလောက်လန်း တွေ့ရှိမှု စာရင်းမှတ်တာ၊ ရေစည်တွေ ရေကန်တွေမှာ လောက်လန်းစားငါးထည့်ဖို့၊ သွန်သင့်တာသွန်၊ လဲသင့်တာလဲဖို့၊ အဘိတ်ဆေးခပ်ဖို့ လိုအပ်ရင် တွက်ချက်ပြီး ခပ်နည်းတို့ပါ တစ်ခါတည်း လုပ်မှာပါ။ သွားမယ့်အဖွဲ့တွေကို တစ်ခါတည်း အသိပညာပေးလုပ်ထားပါတယ်”ဟု ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သွေးလွန်တုပ်ကွေး အသိပညာပေးလုပ်မည့် အဖွဲ့များတွင် ကျန်းမာရေး၊ ကြက်ခြေနီ၊ မီးသတ်၊ ရပ်ကွက်၊ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများပါဝင်မည်ဖြစ်ပြီး ရက်သတ္တပတ်(၅)ပတ် ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“တစ်ချို့ လူမရှိတဲ့ နေရာတွေကိုလည်း ရှင်းလင်းရေး ဝင်လုပ်နိုင်ဖို့ ကြိုးစားရမှာပါ။ ကျွန်တော်တို့က ဒီရောဂါ ဖြစ်တာကိုလည်း သိတယ်။ ခြင်ကိုက်လို့ ဖြစ်တာကိုလည်း သိပါလျက်နဲ့ မနှိမ်နင်းနိုင်ဘဲ များနေတာကိုး။ ဒီရောဂါက လူတိုင်းမှာ အန္တရာယ်ရှိနိုင်တာပဲ။ သွေးလွန်တုပ်ကွေးသယ်တဲ့ခြင်ကိုက်ရင် လူတိုင်းဖြစ်နို်င်တယ်။ ဒီတော့လူတိုင်းမှာလည်း တာဝန်ရှိတယ်။ လူတိုင်းပါဝင်အောင် လူထု လှုပ်ရှားမှု အသွင်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး အစည်းအဝေးခေါ်ပြီး စီစဉ်လိုက်တာပါ”ဟု ခရိုင်ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

ဖုံး၊သွန်၊လဲ၊စစ် လူထုလှုပ်ရှားမှုလုပ်ငန်းများကို ဇူလိုင်လ(၂၈)ရက်နေ့၊ သြဂုတ်လ(၅)ရက်နေ့၊ သြဂုတ်လ(၁၂)ရက်နေ့၊ သြဂုတ်လ(၁၉)ရက်နေ့နှင့် သြဂုတ်လ(၂၆)ရက်နေ့များတွင် လုပ်ဆောင်ကြမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါမှာ ရောဂါပိုးသယ်ဆောင်သည့် ခြင်အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ရာ ခြင်ပေါက်ပွားမှုလျော့နည်းစေရန် ပိုးလောက်လန်းမပေါက်ပွားစေရေးအတွက် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းစဉ်ကို လူထုအနဖြေင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~