မယ္ဆုိင္ဂူအတြင္း က်န္ရိွသည့္ ၉ ဦးကို ထပ္မံကယ္ထုတ္ရန္ နံနက္ ၁၁ နာရီတြင္ ကယ္ဆယ္ေရးစတင္

မယ္ဆုိင္ဂူအတြင္း က်န္ရိွသည့္ ၉ ဦးကို ထပ္မံကယ္ထုတ္ရန္ နံနက္ ၁၁ နာရီတြင္ ကယ္ဆယ္ေရးစတင္
ဇူလိုင် 9, 2018
By 🌸
�Update: 2:35 AM ၊ 9/7/2018�
:::::::::::::::::::::::::::::::::::::::::::
မယ္ဆိုင္ဂူအတြင္း ပိတ္မိေနသည့္ ကေလး(၁၃)ဦးအနက္ ဇူလုိင္လ(၈)ရက္ေန႔က (၄)ဦး ကယ္ထုတ္လာၿပီးေနာက္ က်န္ရိွသူမ်ားအား ထပ္မံကယ္ထုတ္ရန္ ေရငုပ္သမားမ်ား ဇူလုိင္လ(၉)ရက္ေန႔ နံနက္(၁၁)နာရီတြင္ ဂူအတြင္းစတင္ဝင္ေရာက္သြားၿပီျဖစ္ေၾကာင္း ေန႔လယ္ပိုင္း သတင္းစာရွင္းလင္းပြဲတြင္ တာဝန္ရိွသူမ်ားက အတည္ျပဳလုိက္သည္။

“အေျခအေနအားလံုးကေတာ့ မေန႔ကလိုပဲ ေကာင္းေနပါတယ္။ ကယ္ဆယ္ေရးအဖြဲ႕ကလည္း တစ္ခ်ိဳ႕နည္းနည္း ထပ္ျဖည့္တာကလြဲရင္ အားလံုးမေန႔က အဖြဲ႔ပါပဲ”ဟု ကယ္ဆယ္ေရးကို ဦးေဆာင္ႀကီးၾကပ္ေနသည့္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴး နရြတ္ဆတ္အိုဆတာနာကြန္းက ေျပာၾကားလုိက္သည္။

ကယ္ဆယ္ေရးလုပ္ငန္းအေျခအေနႏွင့္ပတ္သက္၍ တာဝန္ရိွသူမ်ားက ဇူလုိင္လ(၉)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ သတင္းစာရွင္းလင္းပြဲ က်င္းပသည္။

ဇူလုိင္လ(၈)ရက္ေန႔က ဂူအတြင္းပိုင္းေနရာအေတာ္မ်ားမ်ားတြင္ ေရထုထည္က်သြားရာ လမ္းေလွ်ာက္ထြက္ႏုိင္သည့္ခရီးမုိင္ပိုမ်ားသျဖင့္ ခန္႔မွန္းသည္ထက္ ကယ္ဆယ္ေရးျပဳလုပ္ခ်ိန္ တုိေတာင္းခဲ့ၿပီး ယမန္ေန႔က မိုးရြာသြန္းမႈရိွခဲ့ေသာ္လည္း ဂူအတြင္းေရထပ္တုိးျခင္းမရိွေၾကာင္း အတည္ျပဳေျပာၾကားသြားသည္။

သတင္း -Tachileik News Agency
ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်း ကျန်ရှိသည့် ၉ ဦးကို ထပ်မံကယ်ထုတ်ရန် နံနက် ၁၁ နာရီတွင် ကယ်ဆယ်ရေးစတင်
�Update: 2:35 AM ၊ 9/7/2018�
:::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် ကလေး(၁၃)ဦးအနက် ဇူလိုင်လ(၈)ရက်နေ့က (၄)ဦး ကယ်ထုတ်လာပြီးနောက် ကျန်ရှိသူများအား ထပ်မံကယ်ထုတ်ရန် ရေငုပ်သမားများ ဇူလိုင်လ(၉)ရက်နေ့ နံနက်(၁၁)နာရီတွင် ဂူအတွင်းစတင်ဝင်ရောက်သွားပြီဖြစ်ကြောင်း နေ့လယ်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက အတည်ပြုလိုက်သည်။

“အခြေအနေအားလုံးကတော့ မနေ့ကလိုပဲ ကောင်းနေပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ကလည်း တစ်ချို့နည်းနည်း ထပ်ဖြည့်တာကလွဲရင် အားလုံးမနေ့က အဖွဲ့ပါပဲ”ဟု ကယ်ဆယ်ရေးကို ဦးဆောင်ကြီးကြပ်နေသည့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နရွတ်ဆတ်အိုဆတာနာကွန်းက ပြောကြားလိုက်သည်။

ကယ်ဆယ်ရေးလုပ်ငန်းအခြေအနေနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဇူလိုင်လ(၉)ရက်နေ့ နေ့လယ်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပသည်။

ဇူလိုင်လ(၈)ရက်နေ့က ဂူအတွင်းပိုင်းနေရာအတော်များများတွင် ရေထုထည်ကျသွားရာ လမ်းလျှောက်ထွက်နိုင်သည့်ခရီးမိုင်ပိုများသဖြင့် ခန့်မှန်းသည်ထက် ကယ်ဆယ်ရေးပြုလုပ်ချိန် တိုတောင်းခဲ့ပြီး ယမန်နေ့က မိုးရွာသွန်းမှုရှိခဲ့သော်လည်း ဂူအတွင်းရေထပ်တိုးခြင်းမရှိကြောင်း အတည်ပြုပြောကြားသွားသည်။

သတင်း -Tachileik News Agency
ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~