တာချီလိတ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လူထုလှုပ်ရှားမှု ဇူလိုင်လ (၂၈)ရက်မှစတင်၍ အပတ်စဉ်ဆောင်ရွက်မည်

တာချီလိတ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လူထုလှုပ်ရှားမှု ဇူလိုင်လ (၂၈)ရက်မှစတင်၍ အပတ်စဉ်ဆောင်ရွက်မည်
ဇူလိုငျ 26, 2018
By Tachileik News Agency


သွေးလွန်တုပ်ကွေးရောဂါမှာ ရောဂါပိုးသယ်ဆောင်သည့်ခြင်အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ရာ ခြင်ပေါက်ပွားမှုလျော့နည်းစေရန် ပိုးလောက်လန်းမပေါက်ပွားစေရေးအတွက် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းစဉ်ကို လူထုအနေဖြင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - ဝေယံလင်း
ဓါတ်ပုံ - ယာဆေး



~~~~~~~~⊰❂ unicode ~~~~~~~~

သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုများနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့မှစ၍ ရက်သတ္တပတ်(၅)ပတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် ခြင်ဆေးဖျန်းခြင်းကို ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ ပါဝင်သည့် လူထု လှုပ်ရှားမှုဖြင့် တာချီလိတ်မြို့ပေါ်(၁၀) ရပ်ကွက်၌ တစ်ပြိုင်တည်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဖုံး၊သွန်၊လဲ၊စစ် လူထုလှုပ်ရှားမှုလုပ်ငန်းများကို ဇူလိုင်လ(၂၈)ရက်နေ့၊ သြဂုတ်လ(၅)ရက်နေ့၊ သြဂုတ်လ(၁၂)ရက်နေ့၊ သြဂုတ်လ(၁၉)ရက်နေ့နှင့် သြဂုတ်လ(၁၆)ရက်နေ့များတွင် လုပ်ဆောင်ကြမည်ဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါမှာ ရောဂါပိုးသယ်ဆောင်သည့်ခြင်အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ရာ ခြင်ပေါက်ပွားမှုလျော့နည်းစေရန် ပိုးလောက်လန်းမပေါက်ပွားစေရေးအတွက် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းစဉ်ကို လူထုအနဖြေင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအေဝးခန်းမတွင် ကျင်းပရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~