တာခ်ီလိတ္တြင္ ေရႀကီးေရလွ်ံျဖစ္လာပါက အကူအညီမ်ား ေပးႏုိင္ရန္ လူမႈေရးအသင္းအဖြဲ႔မ်ား ပါ၀င္သည့္ ကယ္ဆယ္ေရးအဖြဲ႔က အဆင္သင့္ျဖစ္ေန

တာခ်ီလိတ္တြင္ ေရႀကီးေရလွ်ံျဖစ္လာပါက အကူအညီမ်ား ေပးႏုိင္ရန္ လူမႈေရးအသင္းအဖြဲ႔မ်ား ပါ၀င္သည့္ ကယ္ဆယ္ေရးအဖြဲ႔က အဆင္သင့္ျဖစ္ေန
ဇူလိုင် 27, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေတာင္က်ေရမ်ားေၾကာင့္ မယ္ဆိုင္ေခ်ာင္းေရ ျမင့္တက္လာခဲ့ၿပီး ေခ်ာင္းႏွင့္ နီးသည့္ အနိမ့္ပိုင္း ရပ္ကြက္မ်ားသို႔ ေရမ်ား သိသိသာသာ ၀င္ေရာက္ေနသည့္ အျပင္ နမ့္ယြန္းေခ်ာင္း အတြင္းသို႔လည္း ၀င္ေရာက္ေနသည့္ အတြက္ အကူအညီမ်ား လိုအပ္လာပါက ေဆာင္ရြက္ေပးႏိုင္ရန္အတြက္ လူမႈေရးအသင္းအဖြဲ႔မ်ား ပါ၀င္သည့္ ကယ္ဆယ္ေရး အဖြဲ႔မ်ားက အဆင္သင့္ျဖစ္ေနေၾကာင္း သိရသည္။

ေရမ်ားမွာ ညေနပိုင္းက သိသိသာသာ မယ္ဆိုင္ေခ်ာင္းအတြင္းက တက္လာသည့္အတြက္ ညေန(၄)နာရီ၀န္းက်င္ အခ်ိန္က တာခ်ီလိတ္တပ္နယ္မွ တပ္မေတာ္သားမ်ား၊ မီးသတ္တပ္ဖြဲ႔၊ ၾကက္ေျခနီ ႏွင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းတို႔မွ စုေပါင္း၍ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားအနီး ေရႊနန္းေတာ္ကုန္တိုက္တြင္ ရပ္တန္႔ထားသည့္ ကားမ်ားအား ေရြႊ႕ေပးခဲ့ရေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္းက အဖြဲ႔ေတြကေတာ့ မနက္ကလည္း အကုန္ပတ္ၾကည့္ေနတယ္၊ ဒီေန႔ ညေနပိုင္းမွာလည္း ကားေတြ မေရြႊ႕ၿပီး သဲအိတ္ေတြ ခံေပးခဲ့ရတယ္။ အခုညပိုင္းမွာလည္း ေစာင့္ၾကည့္ရဦးမွာပါ"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေျပာသည္။

ေတာင္က်ေရေၾကာင့္ မယ္ဆိုင္ေခ်ာင္းေရ လွ်ံလာသည့္အတြက္ ယင္းကဲ့သို႔ ျဖစ္ပြားခဲ့ေသာ္လည္း ည(၇)နာရီ၀န္းက်င္တြင္ ေရအနည္းငယ္ ျပန္က်သြားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း ၊ ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် တောင်ကျရေများကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာခဲ့ပြီး ချောင်းနှင့် နီးသည့် အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေများ သိသိသာသာ ဝင်ရောက်နေသည့် အပြင် နမ့်ယွန်းချောင်း အတွင်းသို့လည်း ဝင်ရောက်နေသည့် အတွက် အကူအညီများ လိုအပ်လာပါက ဆောင်ရွက်ပေးနိုင်ရန်အတွက် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ကယ်ဆယ်ရေး အဖွဲ့များက အဆင်သင့်ဖြစ်နေကြောင်း သိရသည်။

ရေများမှာ ညနေပိုင်းက သိသိသာသာ မယ်ဆိုင်ချောင်းအတွင်းက တက်လာသည့်အတွက် ညနေ(၄)နာရီဝန်းကျင် အချိန်က တာချီလိတ်တပ်နယ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ နှင့် တာချီလိတ်နာရေးကူညီမှုအသင်းတို့မှ စုပေါင်း၍ ချစ်ကြည်ရေး အမှတ်(၁)တံတားအနီး ရွှေနန်းတော်ကုန်တိုက်တွင် ရပ်တန့်ထားသည့် ကားများအား ရွှေ့ပေးခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ တာချီလိတ်နာရေးကူညီမှုအသင်းက အဖွဲ့တွေကတော့ မနက်ကလည်း အကုန်ပတ်ကြည့်နေတယ်၊ ဒီနေ့ ညနေပိုင်းမှာလည်း ကားတွေ မရွှေ့ပြီး သဲအိတ်တွေ ခံပေးခဲ့ရတယ်။ အခုညပိုင်းမှာလည်း စောင့်ကြည့်ရဦးမှာပါ"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။

တောင်ကျရေကြောင့် မယ်ဆိုင်ချောင်းရေ လျှံလာသည့်အတွက် ယင်းကဲ့သို့ ဖြစ်ပွားခဲ့သော်လည်း ည(၇)နာရီဝန်းကျင်တွင် ရေအနည်းငယ် ပြန်ကျသွားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း၊ အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~