ရှမ်းပြည်နယ်တွင် ဇူလိုင်လ၏ လ၀က်အတွင်း တိုက်ပွဲများကြောင့် လူဦးရေ ၆၀၀ ကျော် ယာယီတိမ်းရှောင်ခဲ့ရ

ရှမ်းပြည်နယ်တွင် ဇူလိုင်လ၏ လ၀က်အတွင်း တိုက်ပွဲများကြောင့် လူဦးရေ ၆၀၀ ကျော် ယာယီတိမ်းရှောင်ခဲ့ရ
ဇူလိုငျ 16, 2018
By Tachileik News Agency

အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးတို့၏ အချက်အလက်များကို ကိုးကား၍ ထုတ်ပြန်ချက်များအရ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာ(၁၀)ရွာမှ လူဦးရေ (၅၀၀)ကျော်မှာ တပ်မတော်နှင့် RCSS/SSA တို့အကြား တိုက်ပွဲများကြောင့် တိမ်းရှောင်ခဲ့ကြရပြီး နမ္မတူမြို့နယ်တွင် လည်း RCSS/SSA နှင့် TNLA တို့အကြား တိုက်ပွဲများကြောင့် လူဦးရေ (၁၂ဝ) နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း ဇူလိုင်လ(၁၆)ရက်နေ့တွင် ထုတ်ပြန်ထားသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့မှစတင်ပြီး လူဦးရေ (၆၂ဝ)ကျော် အသစ်ထပ်မံ နေရပ်စွန့်ခွာ ယာယီ တိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ ကူညီရေး ညှိနှိုင်းရေးမှုးရုံး UNOCHA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိှနှိုင်းရေးရုံးတို့၏ အချက်အလက်များကို ကိုးကား၍ ထုတ်ပြန်ချက်များအရ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာ(၁၀)ရွာမှ လူဦးရေ (၅၀၀)ကျော်မှာ တပ်မတော်နှင့် RCSS/SSA တို့အကြား တိုက်ပွဲများကြောင့် တိမ်းရှောင်ခဲ့ကြရပြီး နမ္မတူမြို့နယ်တွင် လည်း RCSS/SSA နှင့် TNLA တို့အကြား တိုက်ပွဲများကြောင့် လူဦးရေ (၁၂ဝ) နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း  ဇူလိုင်လ(၁၆)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ နေရပ်စွန့်ခွာ သူများသည် လက်ရှိတွင် နေရပ်ပြန်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပြီး ၂ဝ၁၈ခုနှစ် ဇန်နဝါရီလမှ စတင်၍ ရှမ်းပြည်နယ်တွင် လူဦးရေ (၆,၅ဝဝ) ကျော် ယာယီ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~