ပထမဆံုး မေကြးဂုဏ္ရည္ဆုအျဖစ္ ယာဥ္ထိန္းႏွစ္ဦးအား မေကြးပရဟိတအသင္းက အာဇာနည္ေန႔တြင္ ခ်ီးျမႇင့္မည္

ပထမဆံုး မေကြးဂုဏ္ရည္ဆုအျဖစ္ ယာဥ္ထိန္းႏွစ္ဦးအား မေကြးပရဟိတအသင္းက အာဇာနည္ေန႔တြင္ ခ်ီးျမႇင့္မည္
ဇူလိုင် 12, 2018
By Tachileik News Agency

မေကြးၿမိဳ႕ရိွ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္  (၆)ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ မေကြးဂုဏ္ရည္ဆုကို စတင္ခ်ီးျမႇင့္ရန္ မေကြးၿမိဳ႕မွ ယာဥ္ထိန္းအမ်ိဳးသား (၁)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတုိ႔ကို ေရြးခ်ယ္လုိက္ေၾကာင္း သိရသည္။

"ဝန္ထမ္းမွ အရပ္သားမွ မဟုတ္ဘဲ မိမိကိုယ္က်ိဳးကိုမငဲ့ အမ်ားျပည္သူရဲ႕ အက်ိဳးကိုစြမ္းစြမ္းတမံ ေဆာင္ရြက္ေပးေနသူေတြကို ေရြးထုတ္ၿပီး ႏွစ္စဥ္ အာဇာနည္ေန႔ေရာက္တိုင္း အခုလို မေကြးဂုဏ္ရည္ဆု ခ်ီးျမႇင့္ေပးသြားမွာပါ။ ဆုေၾကးကို ဘယ္ေရြ႔ဘယ္မွ် ထုတ္ေဖာ္ေျပာႏိုင္ျခင္း မရိွေသးေပမဲ့ ထိုက္ထိုက္တန္ တန္ေတာ့ ျဖစ္မွာပါ"ဟု မေကြးပရဟိတအသင္း ဦးေဆာင္သူ ကိုမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ မေကြးဂုဏ္ရည္ ပထမဆင့္အတြက္ ယာဥ္ထိန္းတပ္ၾကပ္ႀကီး ခင္ေမာင္စိုးႏွင့္ မေကြးဂုဏ္ရည္ ဒုတိယဆင့္ကို ယာဥ္ထိန္းတပ္သား ပပဝင္းတုိ႔အား ၂၀၁၈ခုႏွစ္ ဇူလႈိင္လ(၁၉)ရက္ေန႔ အာဇာနည္ေန႔တြင္ ခ်ီးျမႇင့္သြားမည္ျဖစ္ၿပီး အဆိုပါဆုမ်ားခ်ီးျမႇင့္ျခင္းအတြက္ ေရႊဧရာမိသားစုက အဓိကပံ့ပိုးထားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့ရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် (၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မကွေးဂုဏ်ရည်ဆုကို စတင်ချီးမြှင့်ရန် မကွေးမြို့မှ ယာဉ်ထိန်းအမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

"ဝန်ထမ်းမှ အရပ်သားမှ မဟုတ်ဘဲ မိမိကိုယ်ကျိုးကိုမငဲ့ အများပြည်သူရဲ့ အကျိုးကိုစွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေသူတွေကို ရွေးထုတ်ပြီး နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း အခုလို မကွေးဂုဏ်ရည်ဆု ချီးမြှင့်ပေးသွားမှာပါ။ ဆုကြေးကို ဘယ်ရွေ့ဘယ်မျှ ထုတ်ဖော်ပြောနိုင်ခြင်း မရှိသေးပေမဲ့ ထိုက်ထိုက်တန် တန်တော့ ဖြစ်မှာပါ"ဟု မကွေးပရဟိတအသင်း ဦးဆောင်သူ ကိုမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မကွေးဂုဏ်ရည် ပထမဆင့်အတွက် ယာဉ်ထိန်းတပ်ကြပ်ကြီး ခင်မောင်စိုးနှင့် မကွေးဂုဏ်ရည် ဒုတိယဆင့်ကို ယာဉ်ထိန်းတပ်သား ပပဝင်းတို့အား ၂၀၁၈ခုနှစ် ဇူလှိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့တွင် ချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါဆုများချီးမြှင့်ခြင်းအတွက် ရွှေဧရာမိသားစုက အဓိကပံ့ပိုးထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~