ျပည္သူ႔လႊတ္ေတာ္ နဝမ ပံုမွန္အစည္းအေဝးမ်ားတြင္ ၾကယ္ပြင့္ျပ ေမးခြန္းေပါင္း (၁၅၆)ခု ေမးျမန္းမည္

ျပည္သူ႔လႊတ္ေတာ္ နဝမ ပံုမွန္အစည္းအေဝးမ်ားတြင္ ၾကယ္ပြင့္ျပ ေမးခြန္းေပါင္း (၁၅၆)ခု ေမးျမန္းမည္
ဇူလိုင် 23, 2018
By Tachileik News Agency

ျပည္သူ႔လႊတ္ေတာ္၏ န၀မပုံမွန္အစည္းအေဝးမ်ားကို ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၂၃)ရက္ေန႔က စတင္လုိက္ၿပီး အစည္းအေဝးကာလမ်ား အတြင္း ဥပေဒၾကမ္း (၂၃) ခုကို ေဆြးေႏြးၾကမည္ျဖစ္ၿပီး အဆို (၇)ခုႏွင့္ ၾကယ္ပြင့္ျပေမးခြန္း (၁၅၆)ခုရိွေၾကာင္း သိရသည္။

နဝမပံုမွန္ အစည္းအေဝးမ်ားတြင္ ေဆြးေႏြးမည့္ အဆို (၇)ခုတြင္ အ႒မပုံမွန္ အစည္းအေဝးကာလက ေဆြးေႏြးရန္ က်န္ခဲ့သည့္ အဆို (၄) ခုလည္း ပါဝင္ၿပီး ေမးခြန္း (၁၅၆)ခုတြင္ အ႒မပုံမွန္အစည္းအေဝးမွ ေျပာင္းေ႐ႊ႕ေမးျမန္းထားသည့္ ၾကယ္ပြင့္ျပေမးခြန္း (၁၃၇) ခုလည္း ပါဝင္ေၾကာင္း သိရသည္။

“ျပည္သူ႔အသံကို ထင္ဟပ္ေစတဲ့ လႊတ္ေတာ္ဟာ ျပည္သူေတြ အားကိုးထိုက္တဲ့ ဥပေဒျပဳေရး မ႑ိဳင္ႀကီးျဖစ္ဖို႔ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားရဲ႕ အခန္းက႑နဲ႔ ဥပေဒျပဳေရး တာဝန္ေတြကို ကၽြမ္းက်င္ ပိုင္ႏိုင္စြာ ထမ္းေဆာင္ႏိုင္ၾကဖို႔ လိုအပ္ပါတယ္။ မိမိတို႔ လႊတ္ေတာ္က အတည္ျပဳျပ႒ာန္းလိုက္တဲ့ ဥပေဒေတြဟာ ျပည္သူေတြရဲ႕ ကိုယ္လုံၿခဳံမႈ၊ စိတ္လုံၿခဳံမႈကို ကာကြယ္ ျမႇင့္တင္ေပးႏိုင္တဲ့ ဥပေဒေတြ ျဖစ္ရပါမယ္။ လႊတ္ေတာ္မွာ တင္သြင္းတဲ့ အဆိုေတြဟာ ျပည္သူ႔အသံကို ထင္ဟပ္ေနတဲ့ အဆိုေတြ ျဖစ္ရပါမယ္။ ေမးျမန္းတဲ့ ေမးခြန္းေတြဟာလည္း ျပည္သူ႔ သေဘာထားေတြ ေဖာ္ျပတဲ့ ေမးခြန္းေတြ ျဖစ္ရပါမယ္။ ထို႔အတူ လႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္ေတြ ေဆာင္႐ြက္တဲ့အခါ လႊတ္ေတာ္က ျပ႒ာန္းထားတဲ့ ဥပေဒ၊ နည္းဥပေဒမ်ားအတိုင္း လႊတ္ေတာ္ကိုယ္စား လွယ္မ်ားရဲ႕ က်င့္ဝတ္ စည္းကမ္းမ်ားနဲ႔အညီ လိုက္နာ ေဆာင္႐ြက္ၾကရမွာ ျဖစ္ပါတယ္”ဟု ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးတီခြန္ျမတ္က လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား ႀကိဳဆိုႏႈတ္ခြန္းဆက္အမွာစကားတြင္ ထည့္သြင္းေျပာၾကားသြားသည္။

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ပထမပံုမွန္အစည္းအေဝးမွ အဌမပံုမွန္အစည္းအေဝးထိ စုစုေပါင္း အစည္းအေဝး ရက္ေပါင္း (၂၄၉)ရက္ က်င္းပခဲ့ၿပီး ၾကယ္ပြင့္ျပ ေမးခြန္းေပါင္း (၁၅၁၈)ခု၊ ၾကယ္ပြင့္မျပ ေမးခြန္းေပါင္း (၄၄၈၇)ခု စုစုေပါင္းေမးခြန္းေမးျမန္းမႈအား ေျဖဆိုမႈ (၆၀၀၅)ခုရိွေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~


ပြည်သူ့လွှတ်တော်၏ နဝမပုံမှန်အစည်းအဝေးများကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့က စတင်လိုက်ပြီး အစည်းအဝေးကာလများ အတွင်း ဥပဒကြေမ်း (၂၃) ခုကို ဆွေးနွေးကြမည်ဖြစ်ပြီး အဆို (၇)ခုနှင့် ကြယ်ပွင့်ပြမေးခွန်း (၁၅၆)ခုရှိကြောင်း သိရသည်။

နဝမပုံမှန် အစည်းအဝေးများတွင် ဆွေးနွေးမည့် အဆို (၇)ခုတွင် အဋ္ဌမပုံမှန် အစည်းအဝေးကာလက ဆွေးနွေးရန် ကျန်ခဲ့သည့် အဆို (၄) ခုလည်း ပါဝင်ပြီး မေးခွန်း (၁၅၆)ခုတွင် အဋ္ဌမပုံမှန်အစည်းအဝေးမှ ပြောင်းရွှေ့မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်း (၁၃၇) ခုလည်း ပါဝင်ကြောင်း သိရသည်။

“ပြည်သူ့အသံကို ထင်ဟပ်စေတဲ့ လွှတ်တော်ဟာ ပြည်သူတွေ အားကိုးထိုက်တဲ့ ဥပဒပြေုရေး မဏ္ဍိုင်ကြီးဖြစ်ဖို့ လွှတ်တော်ကိုယ်စား လှယ်များရဲ့ အခန်းကဏ္ဍနဲ့ ဥပဒပြေုရေး တာဝန်တွေကို ကျွမ်းကျင် ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ကြဖို့ လိုအပ်ပါတယ်။ မိမိတို့ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ပြည်သူတွေရဲ့ ကိုယ်လုံခြုံမှု၊ စိတ်လုံခြုံမှုကို ကာကွယ် မြှင့်တင်ပေးနိုင်တဲ့ ဥပဒေတွေ ဖြစ်ရပါမယ်။ လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတွေဟာ ပြည်သူ့အသံကို ထင်ဟပ်နေတဲ့ အဆိုတွေ ဖြစ်ရပါမယ်။ မေးမြန်းတဲ့ မေးခွန်းတွေဟာလည်း ပြည်သူ့ သဘောထားတွေ ဖော်ပြတဲ့ မေးခွန်းတွေ ဖြစ်ရပါမယ်။ ထို့အတူ လွှတ်တော်ကိုယ်စားလှယ် တာဝန်တွေ ဆောင်ရွက်တဲ့အခါ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေများအတိုင်း လွှတ်တော်ကိုယ်စား လှယ်များရဲ့ ကျင့်ဝတ် စည်းကမ်းများနဲ့အညီ လိုက်နာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က လွှတ်တော်ကိုယ်စားလှယ်များအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ အဌမပုံမှန်အစည်းအဝေးထိ စုစုပေါင်း အစည်းအဝေး ရက်ပေါင်း (၂၄၉)ရက် ကျင်းပခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်းပေါင်း (၁၅၁၈)ခု၊ ကြယ်ပွင့်မပြ မေးခွန်းပေါင်း (၄၄၈၇)ခု စုစုပေါင်းမေးခွန်းမေးမြန်းမှုအား ဖြေဆိုမှု (၆၀၀၅)ခုရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~