အိပ္ေပ်ာ္ေနသည့္ အမ်ဳိးသမီးႀကီးအား လူမႈေရးျပႆနာရိွဖူးသည့္ အမ်ဳိးသမီးမွ ေနအိမ္အတြင္း ၀င္ေရာက္ကာ တုတ္ျဖင့္ရိုက္၍ ေသဆံုးသြား

အိပ္ေပ်ာ္ေနသည့္ အမ်ဳိးသမီးႀကီးအား လူမႈေရးျပႆနာရိွဖူးသည့္ အမ်ဳိးသမီးမွ ေနအိမ္အတြင္း ၀င္ေရာက္ကာ တုတ္ျဖင့္ရိုက္၍ ေသဆံုးသြား
ဇူလိုင် 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ မိုင္းဇင္းေက်းရြာအုပ္စု၊ ဝမ္ေကာင္းေက်းရြာရွိ ေနအိမ္တြင္ အိပ္ေပ်ာ္ေနသည့္ အသက္ (၄၆)ႏွစ္အရြယ္ အမ်ိဳးသမီးအား လူမႈေရးျပႆနာရိွဖူးသည့္ အမ်ိဳးသမီးတစ္ဦးက ဦးေခါင္းကို တုတ္ျဖင့္ ဝင္ရိုက္သျဖင့္ ေသဆံုးသြားေၾကာင္း သိရသည္။

မုိင္းဇင္းေက်းရြာအုပ္စု၊ ေနာင္ႏြန္း(လားဟူ)ရြာရိွ ဦးအားေလာ္ထံ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၉)ရက္ေန႔  ေန႔လယ္(၂)နာရီ အခ်ိန္ဝန္းက်င္တြင္ ဝမ္ေကာင္းရြာ၌ ေနထုိင္သည့္ တူမျဖစ္သူ မအားေမြးရင္ ေရာက္လာၿပီး မိခင္ျဖစ္သူ ေဒၚအားယိုမွာ အိပ္ယာထဲ၌ ဦးေခါင္းဒဏ္ရာျဖင့္ ေသဆံုးေနေၾကာင္း လာေရာက္ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မအားေမြးရင္က ေနအိမ္မွ နံနက္ (၁၁)နာရီခြဲဝန္းက်င္တြင္ ေနာင္ႏြန္းရြာသို႔ အလည္သြားစဥ္က မိခင္ျဖစ္သူမွာ ေနအိမ္တြင္ တစ္ဦးတည္း က်န္ခဲ့ျခင္းျဖစ္ၿပီး ေန႔လယ္ (၁)နာရီခြဲဝန္းက်င္တြင္ ေနအိမ္သို႔ ျပန္ေရာက္ခ်ိန္၌ မိခင္မွာ အိပ္ယာတြင္ ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသျဖင့္ ဦးအားေလာ္က က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ လာေရာက္ အမႈဖြင့္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေဒၚအားယိုႏွင့္  ျပႆနာရိွဖူးသည့္ ေနာင္ဝိုးေကာင္ရြာေန အသက္(၃၂)ႏွစ္အရြယ္ မအားရွဲန္(ခ) မနန္းမုန္႔က ေဒၚအားယိုေနအိမ္တြင္ တစ္ဦးတည္းရိွေနစဥ္ သစ္သားတုတ္ျဖင့္ ဝင္ရိုက္ျခင္းျဖစ္ေၾကာင္း စံုစမ္းသိရသျဖင့္ ရဲတပ္ဖြဲ႕က မအားရွဲန္ (ခ) မနန္းမုန္႔အား ဖမ္းဆီးၿပီး က်ိဳင္းတံုၿမိဳ႕မ ရဲစခန္းတြင္ (ပ)၂၅၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာရှိ နေအိမ်တွင် အိပ်ပျော်နေသည့် အသက် (၄၆)နှစ်အရွယ် အမျိုးသမီးအား လူမှုရေးပြဿနာရှိဖူးသည့် အမျိုးသမီးတစ်ဦးက ဦးခေါင်းကို တုတ်ဖြင့် ဝင်ရိုက်သဖြင့် သေဆုံးသွားကြောင်း သိရသည်။

မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်း(လားဟူ)ရွာရှိ ဦးအားလော်ထံ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့ နေ့လယ်(၂)နာရီ အချိန်ဝန်းကျင်တွင် ဝမ်ကောင်းရွာ၌ နေထိုင်သည့် တူမဖြစ်သူ မအားမွေးရင် ရောက်လာပြီး မိခင်ဖြစ်သူ ဒေါ်အားယိုမှာ အိပ်ယာထဲ၌ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေကြောင်း လာရောက် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မအားမွေးရင်က နေအိမ်မှ နံနက် (၁၁)နာရီခွဲဝန်းကျင်တွင် နောင်နွန်းရွာသို့ အလည်သွားစဉ်က မိခင်ဖြစ်သူမှာ နေအိမ်တွင် တစ်ဦးတည်း ကျန်ခဲ့ခြင်းဖြစ်ပြီး နေ့လယ် (၁)နာရီခွဲဝန်းကျင်တွင် နေအိမ်သို့ ပြန်ရောက်ချိန်၌ မိခင်မှာ အိပ်ယာတွင် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသဖြင့် ဦးအားလော်က ကျိုင်းတုံမြို့မရဲစခန်းတွင် လာရောက် အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်အားယိုနှင့် ပြဿနာရှိဖူးသည့် နောင်ဝိုးကောင်ရွာနေ အသက်(၃၂)နှစ်အရွယ် မအားရှဲန်(ခ) မနန်းမုန့်က ဒေါ်အားယိုနေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် သစ်သားတုတ်ဖြင့် ဝင်ရိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရသဖြင့် ရဲတပ်ဖွဲ့က မအားရှဲန် (ခ) မနန်းမုန့်အား ဖမ်းဆီးပြီး ကျိုင်းတုံမြို့မ ရဲစခန်းတွင် (ပ)၂၅၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~