ေညာင္ေလးပင္ၿမိဳ႕နယ္အတြက္ ေရေဘးအႏၲရာယ္သတိေပးခ်က္ ထုတ္ျပန္

ေညာင္ေလးပင္ၿမိဳ႕နယ္အတြက္ ေရေဘးအႏၲရာယ္သတိေပးခ်က္ ထုတ္ျပန္
ဇူလိုင် 29, 2018
By Tachileik News Agency

ပဲခူးတုိင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္ရိွ မုကၡမူတာက်ိဳးေပါက္မႈ ျဖစ္ေပၚေနပါသျဖင့္ ပတ္၀န္းက်င္မွ ေက်းရြာမ်ား ျဖစ္သည့္ ငါးက်ီးအိုင္၊ ဗေမာ္ေတာ၊ ဧက(၅၀၀)၊ ေခ်ာင္းက်ိဳး၊ စည္ပင္ႏွင့္ ေလးအိမ္စုရြာမ်ား ေဘးလြတ္ရာသို႔ ေရႊ႕ေျပာင္းၾကရန္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ(၂၉)ရက္ေန႔ ည(၁၀)နာရီေက်ာ္တြင္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ေရေဘးႏွင့္ ပတ္သက္၍ အေရးေပၚ အကူအညီမ်ား လိုအပ္ပါက ဖုန္ 0673404666 ႏွင့္  0673404777 သို႔ ဆက္သြယ္ရန္ႏွင့္ ျပည္သူလူထုအေနျဖင့္လည္း အခ်ိန္ႏွင့္တေျပးညီ သတင္းေပးပို႔ႏုိင္ရန္ တုိက္တြန္းႏႈိးေဆာ္ထားၿပီး ေရေဘးအႏၲရာယ္အေရးေပၚတံု႔ျပန္ေရးအတြက္ အစိုးရအေနျဖင့္ သက္ဆိုင္ရာဌာနမ်ား၊ လူမႈအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ မုကၡမူတာသည္ ေခ်ာင္းက်ိဳးရြာအနီး တာက်ိဳးေနသည့္ ဗီဒီယိုဖိုင္ကို ဇူလုိင္လ (၂၉)ရက္ေန႔ နံနက္ (၁၁)နာရီ (၄၀)မိနစ္အခ်ိန္က လူမႈကြန္ယက္စာမ်က္ႏွာတြင္ တင္ထားသည္ကိုလည္း ေတြ႔ရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ မုက္ခမူတာကျိုးပေါက်မှု ဖြစ်ပေါ်နေပါသဖြင့် ပတ်ဝန်းကျင်မှ ကျေးရွာများ ဖြစ်သည့် ငါးကျီးအိုင်၊ ဗမော်တော၊ ဧက(၅၀၀)၊ ချောင်းကျိုး၊ စည်ပင်နှင့် လေးအိမ်စုရွာများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်နေ့ ည(၁၀)နာရီကျော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရေဘေးနှင့် ပတ်သက်၍ အရေးပေါ် အကူအညီများ လိုအပ်ပါက ဖုန်း  0673404666 နှင့် 0673404777 သို့ ဆက်သွယ်ရန်နှင့် ပြည်သူလူထုအနဖြေင့်လည်း အချိန်နှင့်တပြေးညီ သတင်းပေးပို့နိုင်ရန် တိုက်တွန်းနှိုးဆော်ထားပြီး ရေဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေးအတွက် အစိုးရအနဖြေင့် သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မုက္ခမူတာသည် ချောင်းကျိုးရွာအနီး တာကျိုးနေသည့် ဗီဒီယိုဖိုင်ကို ဇူလိုင်လ (၂၉)ရက်နေ့ နံနက် (၁၁)နာရီ (၄၀)မိနစ်အချိန်က လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားသည်ကိုလည်း တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~