မိုင္းေယာင္းၿမိဳ႕တြင္ ေရႊ႕ေျပာင္းေနထုိင္သူမ်ားအား အိမ္ေထာင္စုလူဦးေရစာရင္းႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ား ျပဳလုပ္ေပး

မိုင္းေယာင္းၿမိဳ႕တြင္ ေရႊ႕ေျပာင္းေနထုိင္သူမ်ားအား အိမ္ေထာင္စုလူဦးေရစာရင္းႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ား ျပဳလုပ္ေပး
ဇူလိုင် 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္အတြင္း ေရႊ႕ေျပာင္းေနထိုင္သူမ်ားအား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ၿမိဳ႕နယ္ဦးစီးမွဴးရံုးက စိစစ္ၿပီး အိမ္ေထာင္စု လူဦးေရစာရင္းႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ားကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၃၀) ရက္ေန႔က ေပးအပ္ေၾကာင္း သိရသည္။

မုိင္းေယာင္းၿမိဳ႕နယ္၊ မုန္းလုိက္ေက်းရြာအုပ္စုအတြင္းရွိ ေရွခင္ေက်းရြာမွ အိမ္ေထာင္စု (၄)စုႏွင့္ နမ့္ဆီလင္းေက်းရြာမွ အိမ္ေထာင္စု (၆)စုတို႔အား အိမ္ေထာင္စု လူဦးေရစာရင္းႏွင့္ မိသားစုဝင္မ်ားအား ႏိုင္ငံသား စိစစ္ေရးကတ္ျပား (၃၄)ျပားကို ထုတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေရႊ႕ေျပာင္းေနထုိင္သူမ်ား အတြက္ အိမ္ေထာင္စုစာရင္းႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္မ်ားကို အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနရံုး၌ ေပးအပ္ၿပီး ေက်ာင္းသားေက်ာင္းသူ (၇၀)ဦးအတြက္ အသက္(၁၀)ႏွစ္ျပည့္ ႏုိင္ငံသားစိစစ္ေရးကတ္ျပားမ်ားကို အေျခခံပညာအထက္တန္းေက်ာင္း အစည္းအေဝးခန္းမ၌ ေပးအပ္ေၾကာင္း သိရသည္။

အဆိုပါ အိမ္ေထာင္စုစာရင္းႏွင့္ ႏုိင္ငံသားစိစစ္ေရးကတ္မ်ား ေပးအပ္ပြဲသို႔ မိုင္းေယာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးညီညီဝင္း၊ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးအုိက္ခမ္းလႈိင္၊ ဒုတိယျပည္နယ္ ဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးရဲရင့္ထြန္းႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - အားခ်ာ(မိုင္းေယာင္း)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ရွှေ့ပြောင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက စိစစ်ပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့က ပေးအပ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စုအတွင်းရှိ ရှေခင်ကျေးရွာမှ အိမ်ထောင်စု (၄)စုနှင့် နမ့်ဆီလင်းကျေးရွာမှ အိမ်ထောင်စု (၆)စုတို့အား အိမ်ထောင်စု လူဦးရေစာရင်းနှင့် မိသားစုဝင်များအား နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၄)ပြားကို ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းနေထိုင်သူများ အတွက် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပေးအပ်ပြီး ကျောင်းသားကျောင်းသူ (၇၀)ဦးအတွက် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပေးအပ်ကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ပွဲသို့ မိုင်းယောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ ဒုတိယပြည်နယ် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~