မယ်ဆိုင်ဂူထဲမှ လူငယ်များကို ခေါ်ထုတ်နိုင်ဖို့ ခက်ခဲနေ၍ ဂူထွက်ပေါက်ရှိနိုင်မည်ဟု ယူဆသည့် တာချီလိတ်မြို့နယ် အာဒီးရွာဘက်တွင် မြန်မာနိုင်ငံဘက်က ပူးပေါင်းအဖွဲ့ဖြင့် ဂူပေါက် သွားရောက် ရှာဖွေပေးနေ

မယ်ဆိုင်ဂူထဲမှ လူငယ်များကို ခေါ်ထုတ်နိုင်ဖို့ ခက်ခဲနေ၍ ဂူထွက်ပေါက်ရှိနိုင်မည်ဟု ယူဆသည့် တာချီလိတ်မြို့နယ် အာဒီးရွာဘက်တွင် မြန်မာနိုင်ငံဘက်က ပူးပေါင်းအဖွဲ့ဖြင့် ဂူပေါက် သွားရောက် ရှာဖွေပေးနေ
ဇူလိုငျ 7, 2018
By Tachileik News Agency

သွားရောက်ရှာဖွေမှုအဖြစ် ၂၀၁၈ခုနှစ် ဇူလိုင်လ(၇)ရက်နေ့ နံနက်(၇း၄၅)နာရီအချိန်တွင် လွယ်တော်ခမ်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တဆင့် စတင်ထွက်ခွာရာ၊ နယ်မြေခံတပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ အလင်ရောင်ပရဟိတအသင်း နှင့် လွယ်တော်ခမ်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ အပါအ၀င် နယ်မြေကျွမ်းကျင်သည့် ရွာခံများဖြင့်  စုပေါင်းကာ သွားရောက် ရှာဖွေနေကြောင်း သိရသည်။


အဆိုပါ ရွာအနီးတွင် ဂူပေါက်ရှိသည်ဟု ရွာခံများနှင့် ဒေသခံများ၏ အပြောအရ ကြားသိရသည့်အတွက် ထိုင်းဘက်က အကူအညီတောင်းခံလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်ကလည်း မယ်ဆိုင်ဂူအတွင်း လူငယ်(၁၃)ဦး ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်းရှိ ဂူများတွင် ဂူလမ်းကြောင်း (၃)ကြိမ် ရှာဖွေပေးခဲ့ပြီးနောက် ယခု (၄)ကြိမ်မြောက်အဖြစ် ဂူပေါက်အား သွားရောက်ရှာဖွေပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက တောဝက်ဘောလုံးအသင်းမှ ဘောလုံးသမား လူငယ်(၁၂)ဦး နှင့် နည်းပြ(၁)ဦး စုစုပေါင်း (၁၃)ဦး တို့ ၀င်ရောက်သွားရာမှ ထိုင်းနိုင်ငံက နိုင်ငံတော်အဆင့်အဖြစ် သတ်မှတ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း (၁၁)နိုင်ငံက လာရောက်ကူညီပေးနေပြီး ရှာဖွေကယ်ဆယ်ရေး၏(၁၀)ရက်မြောက်နေ့တွင် ဂူထဲ ပိတ်မိပျောက်နေသည့် လူငယ်(၁၃)ဦးကို ရှာဖွေတွေ့ရှိရပြီးနောက် ဂူထဲမှ ၎င်းတို့အား ပြန်လည် ခေါ်ထုတ်နိုင်ရန် အတွက် ခက်ခဲနေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ သို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ညွှန်ကြားလိုက်ပြီးနောက် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်တာဝန်ရှိသူများက မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်ခြားကော်မတီချင်း ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်ဂူ၏ ထွက်ပေါက် တစ်နေရာသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ အုပ်စုအတွင်း အာဒီးရွာဘက် တောင်ကြောရှိ ဂူတစ်ဂူနှင့် ဆက်စပ်နိုင်ခြေရှိသည့် အတွက် ထိုင်းနိုင်ငံဘက်မှ အကူအညီ တောင်းခံလာရာ မြန်မာနိုင်ငံ တာချီလိတ်မှ ပူးပေါင်းအဖွဲ့များက ဇူလိုင်လ(၇)ရက်နေ့ နံနက်ပိုင်းကစ၍ သွားရောက် ရှာဖွေပေးနေကြောင်း သိရသည်။

သွားရောက်ရှာဖွေမှုအဖြစ် ၂၀၁၈ခုနှစ် ဇူလိုင်လ(၇)ရက်နေ့ နံနက်(ရး၄၅)နာရီအချိန်တွင် လွယ်တော်ခမ်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တဆင့် စတင်ထွက်ခွာရာ၊ နယ်မြေခံတပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ အလင်ရောင်ပရဟိတအသင်း နှင့် လွယ်တော်ခမ်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ အပါအဝင် နယ်မြေကျွမ်းကျင်သည့် ရွာခံများဖြင့် စုပေါင်းကာ သွားရောက် ရှာဖွေနေကြောင်း သိရသည်။

လက်ရှိတွင် မယ်ဆိုင်ဂူအတွင်းမှ လူငယ်(၁၃)ဦးအား ရှာဖွေကယ်ဆယ်ရေး၏ (၁၀)ရက်မြောက်နေ့ ဖြစ်သည့် ၂၀၁၈ခုနှစ် ဇူလိုင်လ(၂)ရက်နေ့တွင် ရှာဖွေတွေ့ရှိထားသော်လည်း ဇူလိုင်လ(၇)ရက်နေ့အထိ ဂူအတွင်းမှ ရေနှင့်ဂူလမ်းကြောင်း အခြေအနေနှင့်အတူ ကလေးများ၏ အားအင်ချိနဲ နေမှုများကြောင့် ခေါ်ထုတ်ရန် ခက်ခဲနေသည့် အတွက် မယ်ဆိုင်ဂူ၏ အခြားထွက်ပေါက်များက တဆင့် ထွက်နိုင်ရန် အတွက်လည်း နည်းလမ်းများ ရှာဖွေနေလျက်ရှိရာ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုအတွင်း အာဒီးရွာဘက်ရှိ ဂူအတွင်းမှလည်း အဆင်ပြေပါက ခေါ်ထုတ်နိုင်ရေးအတွက် ဂူပေါက်နှင့်လမ်းကြောင်းရှာဖွေပေးနိုင်ပါရန် အကူအညီတောင်းခံလာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွာအနီးတွင် ဂူပေါက်ရှိသည်ဟု ရွာခံများနှင့် ဒေသခံများ၏ အပြောအရ ကြားသိရသည့်အတွက် ထိုင်းဘက်က အကူအညီတောင်းခံလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်ကလည်း မယ်ဆိုင်ဂူအတွင်း လူငယ်(၁၃)ဦး ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်းရှိ ဂူများတွင် ဂူလမ်းကြောင်း (၃)ကြိမ် ရှာဖွေပေးခဲ့ပြီးနောက် ယခု (၄)ကြိမ်မြောက်အဖြစ် ဂူပေါက်အား သွားရောက်ရှာဖွေပေးနခြေင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက တောဝက်ဘောလုံးအသင်းမှ ဘောလုံးသမား လူငယ်(၁၂)ဦး နှင့် နည်းပြ(၁)ဦး စုစုပေါင်း (၁၃)ဦး တို့ ဝင်ရောက်သွားရာမှ ထိုင်းနိုင်ငံက နိုင်ငံတော်အဆင့်အဖြစ် သတ်မှတ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၁)နိုင်ငံက လာရောက်ကူညီပေးနပြေီး ရှာဖွေကယ်ဆယ်ရေး၏(၁၀)ရက်မြောက်နေ့တွင် ဂူထဲ ပိတ်မိပျောက်နေသည့် လူငယ်(၁၃)ဦးကို ရှာဖွေတွေ့ရှိရပြီးနောက် ဂူထဲမှ၎င်းတို့အား ပြန်လည် ခေါ်ထုတ်နိုင်ရန် အတွက် ခက်ခဲနခြေင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနဖြေင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ သို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ညွှန်ကြားလိုက်ပြီးနောက် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်တာဝန်ရှိသူများက မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်ခြားကော်မတီချင်း ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ဂူထဲရှိ အဆိုပါ လူငယ်များမှာ ဂူထဲတွင် (၁၀)ရက်နေလာရသည့်အတွက် အားအင်ကုန်ခမ်းမှုများ၊ အချို့ လူငယ်များမှာ နေမကောင်းမှုများဖြစ်နေသည့်အတွက် ဂူလမ်းတစ်လျှောက် ရေငုပ်ပြီး ပြန်ထွက်လာရာမှုများတွင် မထင်မှတ်ထားသည်များ မဖြစ်စေရေးအတွက် ရေများကျသည်ထက် ကျနိုင်ရန် စုပ်ထုတ်နေလျှက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဦးထွန်း(မယ်ဆိုင်)၊ ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~