မိုင်းဆတ် - မိုင်းခုတ်လမ်း (၃)နေရာတွင် မြေပြို၍ လူ(၃)ဦး သေဆုံးခဲ့သည့် လမ်းအခြေနေ ဇူလိုင်လ (၂၈)ရက်နေ့ နံနက်ပိုင်းမှစ၍ ပုံမှန်အတိုင်း ယာဉ်များ သွားလာနိုင်

မိုင်းဆတ် - မိုင်းခုတ်လမ်း (၃)နေရာတွင် မြေပြို၍ လူ(၃)ဦး သေဆုံးခဲ့သည့် လမ်းအခြေနေ ဇူလိုင်လ (၂၈)ရက်နေ့ နံနက်ပိုင်းမှစ၍ ပုံမှန်အတိုင်း ယာဉ်များ သွားလာနိုင်
ဇူလိုင် 28, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းဆတ်-မိုင်းခုတ်လမ်း (၃)နေရာတွင် မြေပြိုပြီး ကားလမ်းပိတ်ဆို့ခဲ့သဖြင့် လမ်းဦးစီးဌာနက ဘက်ဟိုးယာဉ်(၂)စီး၊ Loader ယာဉ် တစ်စီးတို့ဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဇူလိုင်လ (၂၈) ရက်နေ့ နံနက် (၁၁) နာရီခွဲမှစ၍ ယာဉ်များ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင်လ (၂၇) ရက် နံနက်ပိုင်းက မိုင်းဆတ် - မိုင်းခုတ်လမ်း ရှုခင်းသာ (၂) ကျေးရွာအနီးနှင့် လွယ်ဆောင်ကျေးရွာအနီးတို့တွင် မြေပြိုလမ်းပိတ်ခဲ့ပြီး သဲတောင်(၃၈) ကီလိုမီတာတွင်လည်း လမ်းအလုပ်သမားများ နေထိုင်သည့် ရွက်ဖျင်တဲပေါ်သို့ မြေသားများပြိုကျ၍ လမ်းလုပ်သား(၃)ဦး မြေပိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။



 Tachileik News Agency



~~~~~~~~⊰

❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းဆတ်-မိုင်းခုတ်လမ်း (၃)နေရာတွင် မြပြေိုပြီး ကားလမ်းပိတ်ဆို့ခဲ့သဖြင့် လမ်းဦးစီးဌာနက ဘက်ဟိုးယာဉ်(၂)စီး၊ Loader ယာဉ် တစ်စီးတို့ဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဇူလိုင်လ (၂၈) ရက်နေ့ နံနက် (၁၁) နာရီခွဲမှစ၍ ယာဉ်များ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင်လ (၂၇) ရက် နံနက်ပိုင်းက မိုင်းဆတ် - မိုင်းခုတ်လမ်း ရှုခင်းသာ (၂) ကျေးရွာအနီးနှင့် လွယ်ဆောင်ကျေးရွာအနီးတို့တွင် မြပြေိုလမ်းပိတ်ခဲ့ပြီး သဲတောင်(၃၈) ကီလိုမီတာတွင်လည်း လမ်းအလုပ်သမားများ နေထိုင်သည့် ရွက်ဖျင်တဲပေါ်သို့ မြေသားများပြိုကျ၍ လမ်းလုပ်သား(၃)ဦး မြေပိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

မြေပိ၍ ပျောက်ဆုံးနေသူ လမ်းလုပ်သား အမျိုးသား (၃)ဦး၏ အလောင်းများအား ရှာဖွေတွေ့ရှိထားပြီး အဆိုပါ သေဆုံးမှုကို မိုင်းခုတ်မြို့ရဲစခန်း၌ ဥပဒေအရ သေမှုသေခင်းအမှတ်(၂/၂၀၁၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး
 Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~