မွန်ပြည်နယ်တွင်း ရေကျော်၍ ပိတ်ထားသည့် ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ကော့သောင်း အဝေးပြေးလမ်း ဖွင့်ပြီ

မွန်ပြည်နယ်တွင်း ရေကျော်၍ ပိတ်ထားသည့် ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ကော့သောင်း အဝေးပြေးလမ်း ဖွင့်ပြီ
ဇူလိုငျ 30, 2018
By Tachileik News Agency


ဇူလိုင်လ(၃၀)ရက်နေ့တွင် ရေပြန်လည် ကျဆင်းနေပြီဖြစ်သည့် အတွက် ရေကျော်မှု ဖြစ်ပွားသည့် နေရာများအား လမ်း၊ တံတားပညာရှင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက လမ်း၊ တံတားများအား ကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဖြစ်သဖြင့် ပြန်လည်ဖွင့်ပေးခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များအတွင်း အချို့နေရာများတွင် လမ်းရေကျော်မှုများ ဖြစ်ပွားနေခြင်းကြောင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့မှ စတင်၍ ဘုရားကြီး - မော်လမြို င်- ထားဝယ် - ကော့သောင်း အဝေးပြေးလမ်းမကြီးအား ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းရှိ ဘီးလင်းလမ်းပိုင်းတွင်လည်း လမ်းပိုင်းကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်နေပြီး လမ်းပျက်စီးမှုအနည်းငယ်ရှိနေသဖြင့် ဖြတ်သန်းနိုင်ခြေရှိမရှိ စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -  Lwin Koko Latt


~~~~~~~~⊰❂ unicode ~~~~~~~~

မွန်ပြည်နယ်အတွင်း လမ်းရေကျော်နေ၍ ပိတ်ထားသည့် ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ကော့သောင်း အဝေးပြေးလမ်းမကြီးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ ညနေ (၂)နာရီခွဲမှစ၍ သထုံမြို့နယ် ဘက်မှ လည်းကောင်း၊ ညနေ (၄) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်ဘက်မှ လည်းကောင်း ပြန်လည် ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၃၀)ရက်နေ့တွင် ရပြေန်လည် ကျဆင်းနပြေီဖြစ်သည့် အတွက် ရေကျော်မှု ဖြစ်ပွားသည့် နေရာများအား လမ်း၊ တံတားပညာရှင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက လမ်း၊ တံတားများအား ကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဖြစ်သဖြင့် ပြန်လည်ဖွင့်ပေးခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များအတွင်း အချို့နေရာများတွင် လမ်းရေကျော်မှုများ ဖြစ်ပွားနခြေင်းကြောင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့မှ စတင်၍ ဘုရားကြီး - မော်လမြို င်- ထားဝယ် - ကော့သောင်း အဝေးပြေးလမ်းမကြီးအား ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းရှိ ဘီးလင်းလမ်းပိုင်းတွင်လည်း လမ်းပိုင်းကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်နပြေီး လမ်းပျက်စီးမှုအနည်းငယ်ရှိနေသဖြင့် ဖြတ်သန်းနိုင်ခြေရှိမရှိ စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Lwin Koko Latt

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~