မွန်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူ (၁၀,၁၃၆)ဦးကို ကယ်ဆယ်ရေးစခန်းပေါင်း (၃၆)ခုတွင် ကယ်ဆယ်ထားရ

မွန်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူ (၁၀,၁၃၆)ဦးကို ကယ်ဆယ်ရေးစခန်းပေါင်း (၃၆)ခုတွင် ကယ်ဆယ်ထားရ
ဇူလိုငျ 28, 2018
By Tachileik News Agency

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးသဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့အထိ လူဦးရေ စုစုပေါင်း (၁၀,၁၃၆)ဦးကို ကယ်ဆယ်ရေးစခန်းပေါင်း (၃၆)ခုတွင် ကယ်ဆယ်ထားရကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် ဇွန်လ(၂၆)ရက်နေ့မှစ၍ ရေကြီး နစ်မြုပ်နေသည့် အတွက် မော်လမြိုင် အဝေးပြေးလမ်းကိုလည်း ယာယီ ပိတ်ထားရဆဲဖြစ်ပြီး အဆိုပါ လမ်းပိုင်းကြားတွင် ရေကြီး နစ်မြုပ်မှုကြောင့် ပိတ်မိနေသည့် ခရီးသွားများကို ကယ်ထုတ်ပေးနေကြောင်း သိရသည်။


ရေဘေးသင့်များ ကယ်ဆယ်ရေးကို ဇူလိုင်လ (၂၆)ရက်နေ့ကတည်းက စတင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပြီး ကယ်ဆယ်ရေးအတွက် လိုအပ်သည့် အသက်ကယ်လှေ၊ အသက်ကယ်အကျီ င်္များကို အစိုးရအဖွဲ့၊ တပ်မတော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့က ပံ့ပိုးပေးထားကြောင်း သိရသည်။

ရေကြီးနစ်မြုပ်သည့် နေရာများတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ဘီးလင်းမြို့နယ်တွင် ဇူလိုင်လ(၂၈)ရက်နေ့၌ ရေနစ်မြုပ်နိုင်သည့်နေရာများမှ အိမ်ထောင်စုများကိုပါ ရွှေ့ပြောင်းပေးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။


ဖာပွန်နဲ့ နယ်စပ်တောင်များမှ အစပြုလာသည့် ဘီးလင်းချောင်းတွင် တောင်ကျရေကြောင့် ဇူလိုင်လ (၂၆)ရက်နေ့မှစ၍ ရေကြီးနစ်မြုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ တနသာင်္ရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေခြင်းဖြစ်ရာ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် အဆင့်ဆင့် ဖွဲ့စည်း ထားသည့်  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများအပြင် အရပ်ဖက် အဖွဲ့များလည်း ပါဝင်ကူညီနေကြခြင်းဖြစ်သည်။

အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်နှင့် ဒေါက်တာအောင်သူ၊ ဒုတိယ၀န်ကြီးများဖြစ်ကြသည့် ဦးမင်းသူ၊ ဗိုလ်ချုပ် အောင်သူ၊ ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းတွင်းဝန် ဦးတင်မြင့်၊ ဦးတင်မောင်ဦး နှင့် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးနှင့် ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများကလည်း ဇူလိုင်လ(၂၈)ရက်နေ့တွင် နေပြည်တော်တွင် အစည်းအဝေးပြုလုပ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရကြေီးသဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့အထိ လူဦးရေ စုစုပေါင်း (၁၀,၁၃၆)ဦးကို ကယ်ဆယ်ရေးစခန်းပေါင်း (၃၆)ခုတွင် ကယ်ဆယ်ထားရကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“လက်ရှိ ကျိုက်ထိုမြို့နယ်က ရပ်ကွက်/ကျေးရွာ (၅)ခုအတွက် ရေဘေးကယ်ဆယ်ရေးစခန်းအနေနဲ့ (၄)ခု ဖွင့်ထားတယ်။ အိမ်ထောင်စု (၅၅၂)စုက လူဦးရေစုစုပေါင်း(၂,၄၈၄)ဦး ရေဘေးသင့် ကယ်ဆယ်ရေး စခန်းတွေမှာ ဖြန့်ခွဲပြီး ပို့ထားတယ်။ နောက်ဘီးလင်းမြို့နယ်မှာ ရပ်ကွက်၊ကျေးရွာစုစုပေါင်း (၁၃)ခု၊ ကယ်ဆယ်ရေးစခန်း အနေနဲ့ကတော့ ဒီနေ့အထိ စုစုပေါင်း (၃၂)ခုဖွင့်ထားတယ်။ အိမ်ထောင်စု (၁,၈၁၅)စု လူဦးရေ (၇,၆၅၂)ဦးကို ကယ်ဆယ်ရေးစခန်း (၃၂)ခုမှာ ဖြန့်ခွဲပြီး ပို့ထားပါတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် ဇွန်လ(၂၆)ရက်နေ့မှစ၍ ရကြေီး နစ်မြုပ်နေသည့် အတွက် မော်လမြိုင် အဝေးပြေးလမ်းကိုလည်း ယာယီ ပိတ်ထားရဆဲဖြစ်ပြီး အဆိုပါ လမ်းပိုင်းကြားတွင် ရကြေီး နစ်မြုပ်မှုကြောင့် ပိတ်မိနေသည့် ခရီးသွားများကို ကယ်ထုတ်ပေးနေကြောင်း သိရသည်။

“လက်ရှိမှာ မော်လမြိုင်အဝေးပြေးလမ်းကို ယာယီပိတ်ထားတယ်။ လက်ရှိအချိန်ထိ လမ်းမှာ ရေက (၂)ပေလောက် ကျန်နေသေးတယ်။ (၂)ပေလောက်ဆိုပေမဲ့ အဓိကက ရေစီးသန်တာပေါ့။ ရေစီးသန်တော့ ကားတွေလည်း အန္တရာယ်ရှိတယ်။ လူတွေလည်းဖြတ်ရင် အန္တရာယ်ရှိတာကြောင့် ပိတ်ထားတယ်။ ကျန်တဲ့ ကြားထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုတော့ တပ်မတော်ရယ်၊ အစိုးရအဖွဲ့ရယ်၊ လူမှုကယ်ဆယ်ရေး အဖွဲ့တွေရယ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရယ် အားလုံးကွင်းဆင်းပြီးတော့မှ စက်လှေတွေနဲ့ ကယ်ပြီးတော့ ကဲ့ထုတ်ပေးနေတာပေါ့။ မော်လမြိုင်ဘက် သထုံဘက်က ရေစပိတ်တဲ့နေရာကနေ ဘတ်စ်ကားကြီးတွေနဲ့ နောက်ပြန်ခေါက်လာလို့ရအောင် အစိုးရအဖွဲ့ကနေ ကားကြီးတွေနဲ့ စီစဉ်ပေးထားပါတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ရေဘေးသင့်များ ကယ်ဆယ်ရေးကို ဇူလိုင်လ (၂၆)ရက်နေ့ကတည်းက စတင် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရပြီး ကယ်ဆယ်ရေးအတွက် လိုအပ်သည့် အသက်ကယ်လှေ၊ အသက်ကယ်အင်္ကျီ များကို အစိုးရအဖွဲ့၊ တပ်မတော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့က ပံ့ပိုးပေးထားကြောင်း သိရသည်။

ရကြေီးနစ်မြုပ်သည့် နေရာများတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးများကို လုပ်ဆောင်နခြေင်းဖြစ်ပြီး ဘီးလင်းမြို့နယ်တွင် ဇူလိုင်လ(၂၈)ရက်နေ့၌ ရေနစ်မြုပ်နိုင်သည့်နေရာများမှ အိမ်ထောင်စုများကိုပါ ရွှေ့ပြောင်းပေးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

“ခေါ်ထုတ်ရမယ့် လူတွေတော့ ကုန်သလောက်ရှိနေပါပြီ။ စားစရာကိုတော့ ရေမနစ်တဲ့မြို့နယ်တွေ၊ ရပ်ကွက်ကျေးရွာတွေကနေ ထမင်းထုပ် တစ်ရက်၊ တစ်ရက်ကို (၁၀၀၀၀)ကျော်လောက် လာလှူကြတာကလည်း အတော် လုံလောက်တယ်။ ကျွန်တော်တို့က ကွပ်ကဲရေးရုံးကို ဖြစ်တာနဲ့ တန်းဖွင့်လိုက်ပြီး ဆန်အိတ်၊ရေသန့် အလုံအလောက် ပို့နိုင်ခဲ့တယ်။ သေဆုံး၊ပျောက်ဆုံးတော့ မရှိပါဘူး။ ကယ်ဆယ်ရေးအဖွဲ့က မျောပါသွားတဲ့ တပ်မတော်သား (၃)ယောက်တော့ ရှိတယ်”ဟု ဘီးလင်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖာပွန်နဲ့ နယ်စပ်တောင်များမှ အစပြုလာသည့် ဘီးလင်းချောင်းတွင် တောင်ကျရေကြောင့် ဇူလိုင်လ (၂၆)ရက်နေ့မှစ၍ ရကြေီးနစ်မြုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ တနသာငြီ်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရကြေီးရေလျှံမှုများ ဖြစ်နခြေင်းဖြစ်ရာ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် အဆင့်ဆင့် ဖွဲ့စည်း ထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများအပြင် အရပ်ဖက် အဖွဲ့များလည်း ပါဝင်ကူညီနကြခြေင်းဖြစ်သည်။

အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖမြေင့်နှင့် ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသူ၊ ဗိုလ်ချုပ် အောင်သူ၊ ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းတွင်းဝန် ဦးတင်မြင့်၊ ဦးတင်မောင်ဦး နှင့် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးနှင့် ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများကလည်း ဇူလိုင်လ(၂၈)ရက်နေ့တွင် နပြေည်တော်တွင် အစည်းအဝေးပြုလုပ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ပြည်နယ်အစိုးရ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~