မဲခေါင်မြစ်ရေ အခြေအနေ ဇူလိုင်လ(၃၀)ရက်နေ့တွင် ပုံမှန်အထက် (၁၂)ပေသို့ ရောက်ရှိနေ

မဲခေါင်မြစ်ရေ အခြေအနေ ဇူလိုင်လ(၃၀)ရက်နေ့တွင် ပုံမှန်အထက် (၁၂)ပေသို့ ရောက်ရှိနေ
ဇူလိုင် 30, 2018
By Tachileik News Agency

ရွှေတြိဂံဒေသ မဲခေါင်မြစ်ရေ၏ ၂၀၁၈ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ နေ့လည်ပိုင်း အချိန်အထိ ရေတက်လာမှုမှာ စိုးရိမ် ရေမှတ် အထက် (၄)ပေ အလိုသို့ ရောက်ရှိနေကြောင်း နှင့် (၃)ရက်အတွင်း မြစ်ရေတက်လာမှုမှာ (၇)ပေ ၀န်းကျင်ရှိကြောင်း သိရသည်။

မဲခေါင်မြစ်ရေ၏ အခြေအနေမှာ ယနေ့ ၂၀၁၈ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ နေ့လည်(၁)နာရီအချိန် တိုင်းထွာချက် အရ ပုံမှန်အထက် (၁၂)ပေသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်မှာ (၁၆)ပေ သတ်မှတ်ထားသည့် အတွက် (၄)ပေအလိုသို့ ရောက်ရှိနေခြင်း ဖြစ်သည်။


တာချီလိတ်တွင် ရေကြီးရေလျှံမှု အဓိက ဖြစ်ပေါ်တတ်သည့် မယ်ဟုတ်ချောင်း နှင့် မယ်ဆိုင် ချောင်းရေတို့မှာ မဲခေါင်မြစ်အတွင်းသို့ ဆက်လက်၍ ပုံမှန်အတိုင်း စီးဆင်းနေသည့် အတွက် စိုးရိမ်ဖွယ် မရှိသေးသော်လည်း မဲခေါင်မြစ်ရေ ဆက်လက် တက်လာခြင်း နှင့်အတူ အဆိုပါ ချောင်းနှစ်ချောင်း အတွင်း တောင်ကျရေ များလာပါက တာချီလိတ်မြို့တွင်း ချောင်းအနီးတို့တွင် ရေ၀င်ရောက်မှုဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ရွှတြေိဂံဒေသ မဲခေါင်မြစ်ရေ၏ ၂၀၁၈ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ နေ့လည်ပိုင်း အချိန်အထိ ရေတက်လာမှုမှာ စိုးရိမ် ရေမှတ် အထက် (၄)ပေ အလိုသို့ ရောက်ရှိနေကြောင်း နှင့် (၃)ရက်အတွင်း မြစ်ရေတက်လာမှုမှာ (၇)ပေ ဝန်းကျင်ရှိကြောင်း သိရသည်။

မဲခေါင်မြစ်ရေ၏ အခြေအနေမှာ ယနေ့ ၂၀၁၈ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ နေ့လည်(၁)နာရီအချိန် တိုင်းထွာချက် အရ ပုံမှန်အထက် (၁၂)ပေသို့ ရောက်ရှိနပြေီး စိုးရိမ်ရေမှတ်မှာ (၁၆)ပေ သတ်မှတ်ထားသည့် အတွက် (၄)ပေအလိုသို့ ရောက်ရှိနခြေင်း ဖြစ်သည်။

မြစ်ရေ တိုင်းထွာချက်အရ ဇူလိုင်လ(၂၈)ရက်နေ့က ပုံမှန်အထက် (၈.၅)ပေ နှင့် ဇူလိုင်လ(၂၉)ရက်နေ့ ညနေပိုင်းက (၁၁)ပေရှိခဲ့ပြီး ယနေ့ ဇူလိုင်လ(၃၀)ရက်နေ့တွင် ပုံမှန်အထက် (၁၂)ပေရှိနေသည်။

တာချီလိတ်တွင် ရကြေီးရေလျှံမှု အဓိက ဖြစ်ပေါ်တတ်သည့် မယ်ဟုတ်ချောင်း နှင့် မယ်ဆိုင် ချောင်းရေတို့မှာ မဲခေါင်မြစ်အတွင်းသို့ ဆက်လက်၍ ပုံမှန်အတိုင်း စီးဆင်းနေသည့် အတွက် စိုးရိမ်ဖွယ် မရှိသေးသော်လည်း မဲခေါင်မြစ်ရေ ဆက်လက် တက်လာခြင်း နှင့်အတူ အဆိုပါ ချောင်းနှစ်ချောင်း အတွင်း တောင်ကျရေ များလာပါက တာချီလိတ်မြို့တွင်း ချောင်းအနီးတို့တွင် ရေဝင်ရောက်မှုဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~